Archive for December, 2010

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၈

“ကိုသိန်းဖေကလည်း ရှင့်လိုပဲ။ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ၀ိုင်းတဲ့ကိစ္စဟာ ဦးချစ်မောင် တစ်ယောက်ထည်းက ပေးတဲ့အကြံဥာဏ် မဟုတ်ဖူးလို့ ရေးထားတယ်။”

“ဒီအတိုင်းမှန်ရင်တော့ သူနဲ့ ကျွန်တော် သဘောတူတယ်လို့ ဆိုရမှာပေါ့”

ဂျာနယ်ကျော်မမမလေးနှင့် ကျွန်တော်သည် အတန်ကြာမျှ ငြင်းခုံနေကြသည်။ သူနှင့် ကျွန်တော် ငြင်းခုံနေကြသည့် အကြောင်းသည် ကျောင်းသားဆန္ဒပြပွဲသည် ဦးချစ်မောင်၏ အကြံကြောင့် ပေါ်ပေါက်လာခြင်း ဟုတ် မဟုတ် အပေါ်ယံအားဖြင့် ထင်ရသော်လည်း အမှန်မှာ ထို့ထက်လေးနက်ပါသည်။ သမိုင်းဖြစ်ရပ်တစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်၏ အခန်းကဏ္ဏသည် ဘယ်မျှ အရေးပါမပါဆိုသည့် အယူအဆဆိုင်ရာ ကိစ္စဖြစ်ပါသည်။ (more…)

December 22, 2010 at 5:04 pm Leave a comment

ပျို့ လက်ရုံး

နိုဝင်ဘာလတစ်လလုံးနီးပါး အကြိမ်ကြိမ်အခါခါ ကြက်သီးမွေးညှင်းထလောက်အောင်ကို သဘောတကျနားထောင်ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။
(more…)

December 19, 2010 at 2:54 pm 7 comments

ရောသမမွှေထားတဲ့ မိုးကုတ်မြီးရှည်

လွယ်လွယ်ကူကူလည်းလုပ်စားလို့ရ၊ ဆီလည်းသိပ်မပါတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မြီးရှည်လုပ်နည်း
ကို စိတ်ဝင်စားရင်လုပ်စားလို့ ရအောင် မျှဝေလိုက်ပါတယ်။ မီးဖိုထဲမှာ အချိန်ကြာကြာပြင်ဆင် လုပ်ကိုင်နေရတာ မကြိုက်တဲ့သူတွေအတွက် အလွယ်လုပ်စားလို့ရတဲ့ မြီးရှည်ပေါ့။
(more…)

December 18, 2010 at 10:46 pm Leave a comment

လမ်းသူရဲမုန့် …မင်းလမ်းမုန့် တီ..နဲ့ Chinese Food

အစားအသောက် အကြောင်းတွေ သိပ်မရေးချင်ပါဘူး။ ပုံတွေလဲ မတင်ချင်ဘူး။ စာလာဖတ်တဲ့သူတွေကို တကယ်မကျွေးနိုင်တာအားနာလို့ ဆိုပါတော့။

ဒါပေမယ့် ကိုယ်တိုင်က ဗမာပြည်က အစားအသောက်တွေကို ခုတလော အရမ်း သတိရနေမိတာမို့ အလွမ်းပြေ တင်လိုက်မိတယ်။ ဖတ်မိသူများ မစားရပေမယ့် ၀သွားကြပါစေနော်။ 😉
(more…)

December 16, 2010 at 1:02 pm 1 comment

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၇)

ကျွန်တော်ကမူ ဂျာနယ်ကျော်မမလေးကို စာတွေရေးစေချင်သည်။ စီးပွားရေးအလုပ်တွေလျှော့စေချင်သည်။ သူ့မှာ ပုံနှိပ်လုပ်ငန်းကို ကိုအောင်ဇေယျနှင့် လွှဲထားနိုင်သော်လည်း ဆေးချက်သည့် လုပ်ငန်းနှင့် ဆေးကုသသည့် လုပ်ငန်းက အချိန်ပိုယူလာသည်။ နေ့တိုင်း သူ့အလုပ်တိုက်ကို ရောဂါလာပြသည့် လူနာတွေကမနည်း။ ထိုကာလတစ်ဝိုက်တွင် ဂျာနယ်ကျော်မမလေးသည် ရသစာပေတွေသိပ်မရေးတော့ပဲ ဆေးဆောင်းပါးတွေကိုသာ အရေးများသည်။ လူထုလှုပ်ရှားမှုများတွင်ကား ကျွန်တော်တို့ နှင့်အတူ တောက်လျှောက် ပါလာခဲ့ပါသည်။

“မမလေးဆိုတဲ့ မိန်းမဟာ အတော် capable ဖြစ်တဲ့မိန်းမကွာ “ဟု တစ်ခါတွင် ကိုသိန်းဖေ(သိန်းဖေမြင့်) က ကျွန်တော့ကို တစ်အံ့တစ်သြ ပြောဖူးသည်။
(more…)

December 13, 2010 at 12:49 am 1 comment

Happy Birthday …Daw Kyi Aye

အနုပညာကျွန်း

ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော လှေအမျောမှာ
တယောလဲ့လဲ့ တီးတိုးနွဲ့ ရင်း
ဆိုဖွဲ့ သီချင်း ဖြည်းညှင်းသီဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။

အဲသည်မှာလေ
စာပေကိုဖတ် ကဗျာစပ်လိုက်
ဆောက်အပ်တွေစု ရုပ်တုထုလိုက်
နုရင့်ရောင်တွဲ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။

နေရစ်တော့နော်
ကြော့ကြော့ကလေး လအေးအေးအောက်
ငှက်တေးသံညှင်း မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ သစ်နွယ်ငြိချိန်
စိတ်၏အစာ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ် ။ ။

တာရာမဂ္ဂဇင်း အတွဲ ၄ အမှတ် ၂၇

(ဒေါ်)ကြည်အေး ရဲ့ ဒီဇင်ဘာ ၁၃ မှာ ကျရောက်တဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အမှတ်တရ အဖြစ် အကြိုက်ဆုံး ကြည်အေး ကဗျာတွေထဲက တစ်ပုဒ်ကို တင်လိုက်ပါတယ်။

သူရေးခဲ့ တဲ့ ဒီကဗျာလိုပဲ စာပေကိုဖတ် ကဗျာစပ်လိုက် ၊ နုရင့်ရောင်တွဲ ပန်းချီဆွဲလိုက်နဲ့ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်း နေမယ်လို့ ယုံကြည်မိပါတယ်။ ရှေ့ ဆက်ပြီးလည်း အနုပညာတွေကိုခံစားဖန်တီးရင်း ငြိမ်းချမ်းတဲ့ဘ၀နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(photo: အင်တာနက်ပေါ်ကရှာလိုက်တဲ့ပုံ)

အသက်အရွယ်အရ စာတွေအများကြီးထပ်ရေးဖို့ စိတ်မပါလှတော့ဖူးဆိုရင်တောင် သူဖန်တီးခဲ့တဲ့ အနုပညာတွေက ခေတ်အဆက်ဆက်ရှင်သန်လှပနေဦးမယ်ဆိုတာကလည်း အသေအချာပါပဲ။

“ကျွန်မ၏စာသည် ဘယ်သစ်တစ်ပင်အတွက်ဖြစ်စေ နှင်းရည်တစ်ပေါက်အနေဖြင့် အေးမြစေသည် ဆိုလျှင် လိုတာထက်ပို၍ ရခြင်းလို့ ထင်ပါသည်။”လို့ ဆိုခဲ့တဲ့ (ဒေါ်)ကြည်အေးရဲ့ စာတွေ၊ကဗျာတွေဟာ စာချစ်သူတွေရဲ့ နှလုံးအိမ်ထဲမှာ အေးအေးမြမြစိုစွတ်နေမယ့် နှင်းရည်ပေါက်လေးတွေပါပဲ။

December 12, 2010 at 3:45 pm Leave a comment


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,624 hits