မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၈

December 22, 2010 at 5:04 pm Leave a comment

“ကိုသိန်းဖေကလည်း ရှင့်လိုပဲ။ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ၀ိုင်းတဲ့ကိစ္စဟာ ဦးချစ်မောင် တစ်ယောက်ထည်းက ပေးတဲ့အကြံဥာဏ် မဟုတ်ဖူးလို့ ရေးထားတယ်။”

“ဒီအတိုင်းမှန်ရင်တော့ သူနဲ့ ကျွန်တော် သဘောတူတယ်လို့ ဆိုရမှာပေါ့”

ဂျာနယ်ကျော်မမမလေးနှင့် ကျွန်တော်သည် အတန်ကြာမျှ ငြင်းခုံနေကြသည်။ သူနှင့် ကျွန်တော် ငြင်းခုံနေကြသည့် အကြောင်းသည် ကျောင်းသားဆန္ဒပြပွဲသည် ဦးချစ်မောင်၏ အကြံကြောင့် ပေါ်ပေါက်လာခြင်း ဟုတ် မဟုတ် အပေါ်ယံအားဖြင့် ထင်ရသော်လည်း အမှန်မှာ ထို့ထက်လေးနက်ပါသည်။ သမိုင်းဖြစ်ရပ်တစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်၏ အခန်းကဏ္ဏသည် ဘယ်မျှ အရေးပါမပါဆိုသည့် အယူအဆဆိုင်ရာ ကိစ္စဖြစ်ပါသည်။

တစ်ဆယ့်လေး

၁၉၆၀ ခုနှစ်တွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ်ကို တည်ထောင်ခဲ့ကြသည်။ သဘာပတိအဖွဲ့ နှင့် အတွင်းရေးမှုးအဖွဲ့ ရှိပြီး သဘာပတိအဖွဲ့ တွင် ဇော်ဂျီ၊မင်းသုဝဏ်၊နွယ်စိုး(ပါမောက္ခဦးမျိုးမင်း)တို့ ပါကြသည်။ အတွင်းရေးမှုးအဖွဲ့ကိုခေါင်းဆောင်သည့် အတွင်းရေးမှုးချုပ်မှာ ဂျာနယ်ကျော်မမမလေးဖြစ်သည်။

အတွင်းရေးမှုးအဖွဲ့သည် သဘာပတိအဖွဲ့ ၏ လမ်းညွန်ချက်အရ စာပေဟောပြောပွဲများ၊ပို့ချချက်များ၊ စာပေသင်တန်း များကိုလုပ်ခဲ့သည်။ စာဆိုတော်နေ့ တွင် နယ် မှဖိတ်ကြားချက်အရ နယ်များသို့ ဆင်း၍ စာဆိုတော် ဟောပြောပွဲများကျင်းပ ခြင်းဖြစ်သည်။

ကျွန်တော်တို့ သည် ၁၉၅၆ လောက်မှစ၍ စာဆိုတော်ဟောပြောပွဲများကို နှစ်စဉ်ကျင်းပခဲ့ကြသည်။ ပို့ချချက်များမှာ စာပေပညာရှင်များကို ဖိတ်ခေါ်ကျင်းပသည့်စာပေနှင့်ပတ်သက်သော ပို့ချချက်များ၊ဆွေးနွေးပွဲများဖြစ်သည်။

အမေရိကန်၊အင်္ဂလိပ်၊ရုရှ နှင့် တရုတ်သံရုံးများမှ ယဉ်ကျေးမှုအရာရှိများကိုဖိတ်ကြားကာ သူတို့ စာပေနှင့်ပတ်သက်သည့် ဟောပြောပို့ချချက်များကို လုပ်ခဲ့ကြသည်။ အမေရိကန်သံရုံးယဉ်ကျေးမှုအရာရှိကာ မတ်တွန်း၏ ဘ၀နှင့်စာပေ၊ အင်္ဂလိပ်သံရုံးယဉ်ကျေးမှုအရာရှိက ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား အင်္ဂလိပ်ဝတ္တု၏ ဖြစ်ပေါ်တိုးတက်မှု ရေစီးကြောင်း၊ရုရှားသံရုံးယဉ်ကျေးမှုအရာရှိက အောက်တိုဘာတော်လှန်ရေးနှင့် ဆိုရှယ်လစ်သရုပ်ဖော်စာပေ ၊နှင့် တရုတ်သံရုံးယဉ်ကျေးမှုအရာရှိက လူရွှန်း၏ စာပေ အကြောင်းတို့ကို ဟောပြောကြသည်။

ဟောပြောပို့ချပွဲများကို စာပေဗိမာန်အခန်းမဆောင်တွင် ကျင်းပရာ စာရေးဆရာများ၊စာပေ၀ါသနာရှင်များ ခန်းလုံးပြည့် တက်ရောက်နားထောင်ကြသည်။

ထိုဟောပြောပွဲများတွင် ဂျာနယ်ကျော်မမမလေးသည် အောင်ခြေသိမ်းက စ၍ လုပ်သွားသည်။ သံရုံးများသို့ သွား၍ ဟောပြောပို့ ချပေးရန် ဆွေးနွေးသည်မှာလည်း သူ၊ သဘာပတိအဖွဲ့ ၀င်များသို့ သွားပြီး သတင်းပို့ ရသည်မှာလည်း သူ၊စာပေဗိမာန်အခန်းကိုငှားရသည်မှာလည်းသူ၊ ငှားရမ်းခမရှိ၍ အိတ်ထဲမှ ပိုက်ဆံစိုက်ရသည်မှာလည်းသူ၊ ဟောပြောပို့ ချသူများကို တည်ခင်းဧည့်ခံ၇သည်မှာလည်း သူ။

ဂျာနယ်ကျော်မမမလေးသည် ထိုသို့ လုပ်ရသည်ကို ပျော်နေသည်။ ဂျာနယ်ကျော်မမမလေးသည် စင်မြင့်အောက်တွင် မနားမနေ အလုပ်လုပ်သလို စင်မြင့်ပေါ်က မီးစက်ဝန်းထဲတွင် နေရသည်ကိုလည်း နှစ်ခြိုက်သူဖြစ်ပါသည်။

ဝီရိယကောင်း၍ စေ့စပ်သေချာရုံမျှ မက အလုပ်လုပ်နိုင်သူဖြစ်သည့်အတွင် ကျွန်တော်တို့ကလည်း စင်မြင့်ပေါ်က မီးရောင် အောက်သို့ တက်စရာရှိလျှင် သူ့ကိုသာ အတက်ခိုင်းကြသည်။ သူသည် စင်မြင့်သို့ တက်ရန် အရည်အချင်း ရှိသည့်အလျှောက် သူ့နေရာသည် စင်မြင့်မှာသာ ရှိသင့်ပါသည်။

ထို့နောက်တွင် စာရေးဆရာ စာပေကလပ်မှ ကြီးမှုးပြီး စာပေသင်တန်းကိုဖွင့်ပြန်သည်။ ဂျာနယ်ကျော်မမမလေးကား သင်တန်းကိုကြီးကြပ်သူဖြစ်ပြန်လေသည်။ သင်တန်းဆရာများမှာ ဇော်ဂျီ၊မင်းသုဝဏ်၊မောင်ထင်၊ခင်မျိုးချစ် စသူတို့ ဖြစ်ပြီး သင်တန်းများကို လှည်းတန်းရှိ ဆရာဦးခင်မောင်လတ် ကျောင်းမှာဖွင့်သည်။ သင်တန်းတွင် ၀တ္တုတိုသဘောတရား၊ ကဗျာသဘောတရာ၊ရသပညာသဘောတရား၊ ဘာသာပြန်ဗေဒ သဘောတရားစသည်တို့ ကို သင်ကြားပို့ချသည်။

ဝါသနာရှင်တွေလည်းတက်သည်။ ကျွန်တော်တို့ စာရေးဆရာတွေလည်း တက်ကြသည်။ စာပေသဘောတရား များနှင့်ပတ်သက်သော အခြေခံသဘောတရာများကို သင်ကြားပေးလိုက်သည့် သင်တန်းများပင်ဖြစ်လေသည်။

ိုထိုသင်တန်းများတွင် အလုပ်အများဆုံးမှာ ဂျာနယ်ကျော်မမမလေးဖြစ်သည်။ လက်ပွေ့ အိတ်တစ်လုံး၊မော်တော်ကား တစ်စီးဖြင့် သွားလာလှုပ်ရှားနေသူ ဂျာနယ်ကျော်မမမလေးကို ကျွန်တော် ယခုတိုင်မြင်ယောင်နေသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ပျို့ လက်ရုံး ဖတ်ဖြစ်တဲ့စာအုပ်တွေ..တွေးမိတဲ့အတွေးတွေ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: