ရခိုင်ငရုတ်သီးချက်စပ်စပ်လေး …

May 5, 2010 at 8:30 pm 7 comments

အစပ်ကြိုက်သူများအတွက် ချက်ရလွယ်တဲ့ ဟင်းတစ်ခွက်ကို မျှဝေချင်ပါတယ်။ ချက်ရတာကအရမ်းလွယ်ပြီး စားလို့ အရမ်းကောင်းတဲ့ ရခိုင်ငရုတ်သီးချက်လေးပါ (ရေးနေရင်းတောင် ချက်ချင်းစားချင်လာပြီ)။

ဒီငရုတ်သီးချက်ကို ရန်ကုန်မှာ မရွှေမိအမ ၀မ်းကွဲကချက်ကျွေးလို့ စားဖူးတာပါ။ အဲလိုစားပြီးတည်းက ခံတွင်းပျက်နေရင်ဖြစ်ဖြစ် ၊ တခြားဟင်းတွေမစားချင်ရင်ဖြစ်ဖြစ် ဒီဟင်းကိုပဲ ချက်ကျွေးဖို့ အမြဲပူဆာရတယ်။ သူကလည်း ပါးတယ်။ ဟင်းဂျီးများတတ်တဲ့ မရွှေမိတစ်ယောက် ဒီငရုတ်သီးချက်တစ်ခွက်ပါတယ်ဆို အသံတိတ်ပြီး ထမင်းစားမြိန်တတ်တာသိတော့ မကြာခဏချက်ရှာတယ်။ ဒါပေမယ့် အိမ်ကလူကြီးတွေက အပူအစပ်ကို အမြဲတမ်းစားတာမကြိုက်တဲ့အတွက် တစ်လမှ ၂ ခါလောက်ပဲချက်ရပါတယ်။

အခုတော့ ဟင်းချက်ပျင်းတဲ့အခါ တစ်ခွက်ကြီးချက်ပီး ရေခဲသေတ္တာထဲထည့်ထားလိုက်ရင် စားချင်တဲ့အခါ ငရုတ်သီးချက်ကိုထမင်း ပေါ်ပုံပြီးနယ်စားလိုက် ကောင်းမှကောင်းပဲ။ မြန်မာပြည်ကိုလွမ်းတိုင်းချက်စားဖြစ်တဲ့ဟင်းလေးပါ (ဘာမှလဲမဆိုင်သလိုပဲ :D)

ချက်နည်းကတော့ ငရုတ်သီးအတောင့်တွေနဲ့ ကြက်သွန်ဖြူကိုရောကြိတ်လိုက် ၊ပြီးမှငါးပိနဲနဲ၊ပုဇွန်ခြောက်၊ ဆနွင်းနည်းနည်း ကိုအကုန်ရော၊ ရေထည့်၊ဆီစိမ်းထည့်ပီး မီးဖိုပေါ်တင်ထားလိုက်။ ရေခန်းသွားရင်ကျက်ပါပြီ။ အရည်နည်းနည်းချန်ပီး မီးဖိုပေါ်ကချလည်းရပါတယ်။ အရေလေးနဲ့ နယ်စားတော့လည်းကောင်းတာပေါ့။ သူနဲ့လိုက်ဖက်တာက အာလူးပြုတ်၊ ကြက်ဥပြုတ်ကို ဆီဆမ်းပြီး စား။ ဘာအသားဟင်းမှကိုမလိုတာ။ ကန်စွန်းရွက်ချဉ်ရေ ဟင်းလေး ပါပါလိုက်ရင်တော့ အတိုင်းထက်အလွန်ပေါ့နော်။ တကယ်ကိုလိုက်တာ။ ဒီအောက်ကပုံမှာတော့ အစပ်သိပ်မစားတဲ့အိမ်ဦးနတ်ကျေနပ်အောင် ၀က်သားလုံးပြုတ်ကြော်လေးပါအားဖြည့်ထားရတယ်။

အစပ်ကြိုက်တတ်တဲ့သူတွေ စမ်းချက်စားကြည့်ကြပါ။ ရှုးရှုးရှဲရှဲနဲ့ ခံတွင်းမြိန်တဲ့ ငရုတ်သီးချက်လေးပါ။ စားပြီးပူစပ်နေရင်တော့ မရွှေမိကိုအပြစ်မတင်ကြနဲ့နော်။😛

Entry filed under: အစားအသောက်. Tags: .

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၇) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၈)

7 Comments Add your own

  • […] မရွှေမိ ရဲ့ ရခိုင်ငရုတ်သီးချက်စပ်စပ်လေး  […]

    Reply
  • 2. yuki  |  October 5, 2010 at 10:38 pm

ှုငြိမ်း ရုံးကို ချက်ယူလာတဲ့ ငပိချက်လား။ အရမ်းကောင်းတယ်နော်.

    Reply
  • 3. waddy  |  June 19, 2010 at 10:27 am

    ဟုတ်ပါ့ မေ၇ွှမိ၊ လူပျိုကြီးပြောသလို ကြောက်ပါ့။

    Reply
  • 4. NNA  |  May 7, 2010 at 5:57 pm

    အဟွန်း၊ အဟွန်း။ တကယ် မစားရတဲ့အတူတူ ရှိစေတော့။ မရွှေမိရဲ့ မြသန်းတင့် စာတွေက မန့်လို့လည်း မရပါလား။

    Reply
    • 5. mashwemi  |  May 7, 2010 at 6:34 pm

      သိတော့ဘူး မကြီး ..သာမီးလဲ မပြောတတ်တော့ဘူးဗျ:P မရရင် ရတဲ့နေရာကနေမန့် ဗျာ …ရှုပ်တယ်😛

      Reply
  • 6. MrDBA  |  May 5, 2010 at 11:21 pm

    စားဖူးတယ် .. ထမင်းမာမာလေးနဲ့ စားရရင် တယ်ကောင်း။

    Reply
  • 7. လူပျိုကြီး  |  May 5, 2010 at 9:07 pm

    ဖတ်ကြည့်တာနဲ့ကို တော်တော်စပ်နေပါပြီ အဲဒီ့ဟင်းတော့ ချက်မစားရဲ့ဘူး😛

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: