လမ်းသူရဲမုန့် …မင်းလမ်းမုန့် တီ..နဲ့ Chinese Food

December 16, 2010 at 1:02 pm 1 comment

အစားအသောက် အကြောင်းတွေ သိပ်မရေးချင်ပါဘူး။ ပုံတွေလဲ မတင်ချင်ဘူး။ စာလာဖတ်တဲ့သူတွေကို တကယ်မကျွေးနိုင်တာအားနာလို့ ဆိုပါတော့။

ဒါပေမယ့် ကိုယ်တိုင်က ဗမာပြည်က အစားအသောက်တွေကို ခုတလော အရမ်း သတိရနေမိတာမို့ အလွမ်းပြေ တင်လိုက်မိတယ်။ ဖတ်မိသူများ မစားရပေမယ့် ၀သွားကြပါစေနော်။😉

ဒါကတော့ လမ်းသူရဲမုန့် ခေါ် ကီးမား(အဲဒါက ရောင်းတဲ့ဆိုင်ကခေါ်တယ်)ခေါ် မုန့်ပျစ်သလက် ..ဘယ်လိုခေါ်ခေါ်ပါ။ စားလို့ကောင်းဖို့ လိုတယ်လေ။ တကယ်စားကောင်းပါတယ်။ မဆလာနံ့သင်းသင်း၊ငရုတ်သီးစပ်စပ်လေးနဲ့ စားရတာ အရမ်းကြိုက်တယ်။ တခါတလေဆို တပွဲ မ၀လို့ ၂ ပွဲတောင်ဆက်စားမိသေးတယ်။ ရန်ကုန်မှာနေတုန်းက သူငယ်ချင်းတွေနဲ့ အလုပ်ပြီးတဲ့အချိန်ညနေဘက်တွေ အမြဲနီးနီးသွားစားဖြစ်တဲ့ဆိုင်ပါ။ ဆိုင်လေးက တော့ ဆီဒိုးနားဟိုတယ်နောက်က စက်မှု၁ လမ်းလို့ခေါ်မလား ပထမဆုံးချိုးရတဲ့လမ်းပဲ။ဆက်သွားရင် ရန်ကင်းတိုက်ခန်းတွေဘက်ရောက်သွားမယ်။ ဆိုင်လေးက လဲ တကယ့်လမ်းဘေးဆိုင်ပါ။ ခုံပုလေးတွေနဲ့။ ဒါပေမယ့် လာစားကြတဲ့သူတွေမှ အများကြီး။ ညနေဘက်ဆို ဆိုင်ရှေ့ မှာကားတွေကို စီလို့ ။ ဈေးကလည်း မသေးဘူးပြောရမှာပေါ့။ နောက်ဆုံးစားခဲ့တော့ တပွဲ ၅၀၀ လားမသိဘူးဖြစ်သွားပြီ။ သူ့ဆိုင်မှာ ရေခဲသုပ်၊သီးစုံ၊ကြာဇံချက်၊ လက်ဖက်သုတ်၊ကျောက်ပွင့်သုတ်တွေလည်းရတယ်။ အသုတ်တွေကလည်း လက်ရာကောင်းတယ်။ တခါတလေဆို အဲဒီဆိုင်မှာပဲ ရှိတာ မှာစားပြီး ထမင်းလွတ်သွားတဲ့နေ့တွေလဲရှိတယ်။ အဲဒီဆိုင်ကနေ ဆယ်မိနစ်လောက်ဆက်သွားလိုက်ရင် သဘာဝ ဆိုတဲ့ ထိုင်းဆိုင်မှာလည်း ဟင်းတွေကောင်းပြီး စားရတာ တော်တော်တန်ပါတယ်။ ဒီတခေါက်ကတော့ ပါဆယ်ပဲဝယ်စားခဲ့လို့ ဓာတ်ပုံမရိုက်ထားမိဘူး။

ရေမုန့် (ကီးမား)(လမ်းသရဲမုန့်) ခေါ်ချင်သလိုခေါ်ပါ။ စားကောင်းဖို့ အရေးကြီးတယ်

ဒါလေးကတော့ ဟောင်ကောင်ကလာတဲ့ အသိတစ်ယောက်ညွန်းတဲ့ဆိုင်ပါ။ ပုဇွန်ကြိုက်တတ်တော့ ဒီပုဇွန်နှမ်းကပ်ကြော်လေးက တော်တော်စားကောင်းတယ်။ နှမ်းလေး ထုတ်ထုတ် ထုတ်ထုန်နဲ့ ပုဇွန်ကို အချဉ်ရေစိမ် ပီးစား ကောင်းမှကောင်းပဲ။ အလယ်က အစိမ်းရောင်က ကိုက်လန်ကို ကြွတ်ကြွတ်ကြော်ထားတာလို့ ပြောတယ်။ အဲဒါလည်း စားကောင်းတာပဲ။

ပုဇွန်နှမ်းကပ်ကြော်


ခုနေသာ ဒီထမင်းဝိုင်းနဲ့ စားလိုက်ရရင် ဘယ်လောက်ကောင်းမလဲ….။

နှစ်ပတ်ကျော်နေခဲ့တဲ့အချိန်လေးမှာ ဆယ်ခေါက်နီးပါးရောက်ခဲ့တဲ့ဆိုင်ကတော့ ပြည်ထောင်စုရိပ်သာလမ်းကFeel ပါ။ မနက်စာ ဘယ်မှာစားမလဲဆိုလဲ ရွှေတိဂုံဘုရားကအဆင်းဆိုတော့ ဖီးလ် ပဲသွားတာပေါ့ဆိုပြီးရောက်။ နေ့လည် ဘက် လက်ဖက်ရည်လေး မုန့်လေး အဆာပြေစားချင်လဲ အိမ်နဲ့မဝေးလှဘူးဆိုပြီး ဖီးလ် ပဲေ၇ာက်။ ထမင်းစားချိန်ကြပြန်လည်း လွယ်လွယ်ကူကူဆိုပြီး ဖီးလ်ပဲသွားဖြစ်ပြန်ရောနဲ့ တော်တော်ကို အားပေးဖြစ်ခဲ့တဲ့ဆိုင်။ တကယ်တော့ ဗမာထမင်းဟင်းကို အဲဒီဆိုင်မှာ စားရတာ အီသွားပြီ။ ဒါပေမယ့် စားဖြစ်တာပါပဲ။ သွားရလာရ၊ကားရပ်ရတာအဆင်ပြေတာကိုး။ဒီတခေါက် သူတို့က အင်းလေးစာတွေလည်း ရောင်းတယ်။ ဒါကတော့ အင်းဝက်သားချဉ်တဲ့။ အင်းမုန့်တီ၊ ကင်ပေါင်းကြော်၊ အင်းထမင်းချဉ် ဆိုတာတွေလည်းရှိသေး။ မဆိုးပါဘူး။ အင်းလေးမှာသွားစားသလိုတော့ ကောင်းမှာမဟုတ်ဖူးပေါ့လေ။

အင်းလေးဝက်သားချဉ်


အစပ်အရမ်းကြိုက်တတ်တဲ့သူတွေအတွက်တော့ ရခိုင်စာတွေကို ကြိုက်ကြမယ်ထင်တယ်။ ဒီတော့ မင်းလမ်းရခိုင်မုန့်တီဆိုင် ကို နှစ်ခါသွားစားဖြစ်တယ်။ RC2 နားမှာဖွင့်ထားတာ ဆိုင်ကြီးအကြီးကြီးပဲ။ ပင်လယ်စာတွေလည်း အစုံ အကုန်ရတယ်။ ဒါပေမယ့် ၀င်စားဖြစ်တဲ့အချိန်တွေက လေဆိပ်ကအပြန်၊ပဲခူးကအပြန်ဆိုတာမျိုးမို့ ဘိုက်ကပြည့်နေပီ။ အရမ်းဟဲဗီးတွေမှာမစားပဲ ပေါ့ပေါ့ပါးပါး ရခိုင်မုန့်တီသုပ်လေး၊ဂုံးသုပ်၊ အရွက်စိမ်းကြော် ဆိုတာလေးတွေ မှာစားကြတယ်။စပ်လိုက်တာတော့ ရှယ်ပဲ။ ဒါပေမယ့် ထန်းလျက်ရည်လေးနဲ့ မုန့်လက်ဆောင်းလေး သောက်ရတော့အစပ်ပြေတာပေါ့။ အဲ ..ဒါပေမယ့် တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး။ အဲဒီမှာစားပြီးတိုင်း ၀မ်းပျက်တယ်ရှင်။ မပြန်ခင် ၃ ရက်လောက်ကသွားစားမိတာ ပြန်ရောက်တဲ့ထိကို ဗိုက်ပြန်မကောင်းဘူး။အဲဒီတုန်းကတော့ အသိတွေကိုပြောမိသေး နောက် ဘယ်တော့မှသွားမစားဘူး ဘာညာပေါ့။ ဒါပေမယ့် အခုလို ပုံလေးကိုပြန်မြင်ရတော့လည်း ဒီတခါ ပြန်လည်း သွားစားဦးမှာပဲ။ ၀မ်းပျက်တာ ဆေးသောက်လိုက်လို့ ရတယ်လေ။ ဒီလိုအစားအစာမျိုးက ကိုယ်ပြန်တုန်းလေးပဲစားရတာမဟုတ်လား။😀

ဂုံးသုပ်စပ်စပ်လေး


ဲပြန်တုန်းလေးပဲစားရတဲ့ ထဲမှာ Buffet လဲပါတယ်။ ဒီမှာတော့ ဘယ်ဆိုင်က ဘူဖေးကိုမှသွားမစားဖြစ်ပါဘူး။ ဆာကူရာဘူဖေးကိုလည်းမကြိုက်လှဘူး။ တခါသွားမိတဲ့ဆိုင်က ထိုင်ရတာကျဉ်းပြီးလူရှုပ်လို့ ။ ဟိုတယ်ကြီး တွေမှာစားရင် လည်း တစ်ယောက်ကို ဒေါ်လာ ၅၀ ကနေ ၈၀-၁၀၀လောက်ထိပေးရမှာလေ။ ဒီတော့ ဘာလို့ စားတော့မလဲ။ စာအုပ်ပဲဝယ်ဖတ်တော့မှာပေါ့။ ရန်ကုန်မှာတော့ စားရတာ တကယ်တန်ပါတယ်။ Traders က buffet ဆို တစ်ယောက် မှ ၁၈ ဒေါ်လာပဲ။ အမယ်လည်းအရမ်းစုံတယ်။ ပုဇွန်ထုပ်တွေ၊ဂဏန်းပျော့တွေ၊ဂုံးတွေ လတ်လတ်ဆတ်ဆတ် စားရတယ်။ တခြား ဟင်းတွေလည်း အစုံရှိ၊ အချိုပွဲကလည်း ကောင်း ဆိုတော့ စားရတာသိပ်တန်တာပေါ့နော်။ တခြားဟိုတယ်တွေက ဘူဖေးထက် Traders ကပိုစုံပြီး ပိုကောင်းတယ်ထင်လို့ အမြဲ အဲဒီမှာပဲစားဖြစ်တယ်။ စကားမစပ်- ဗမာပြည်ကလူတွေက သာ စီးပွားရေးမကောင်းဘူး ဘာညာ ညည်းကြတာ။ အဲဒီသွားစားတဲ့နေ့က များ လူတွေအပြည့်ပဲ။

Seafood Buffet @ Traders


တခါတလေမှာ ရိုးရိုးရှင်းရှင်း ၀က်အူခြောက်ကြော်ကြွပ်ကြွပ်လေးကို ခေါက်ဆွဲလေးနဲ့ စားရတာလည်း ကောင်းပြန်ပါတယ်။ ဒါကတော့ ရန်ကုန်ကဆိုင်မဟုတ်ဖူးနော်။ တစ်ပွဲနှစ်ထောင် ဆိုတော့ နယ်မြို့လေးအနေနဲ့ဆို ဈေးမြင့်တယ်ပြောရမယ်။ ဒါပေမယ့် ကောင်းလွန်းလို့ ၀ချင်ဝပစေ့..နှစ်ပွဲစားခဲ့ကြတယ်။

ဝက်အူခြောက်ကြော်

Entry filed under: အစားအသောက်. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၇) ရောသမမွှေထားတဲ့ မိုးကုတ်မြီးရှည်

1 Comment Add your own

  • 1. Myue Myue  |  December 16, 2010 at 5:27 pm

    ရက်စက်လိုက်တာနော်.. ဗိုက်ဆာနေတဲ့အချိန်မှ တိုက်တိုက်ဆိုင်ဆိုင် လာကြည့်မိတယ်.. သွားရည်ကျပြီးပြန်သွားပြီဗျိုး…😦

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: