ရောသမမွှေထားတဲ့ မိုးကုတ်မြီးရှည်

December 18, 2010 at 10:46 pm Leave a comment

လွယ်လွယ်ကူကူလည်းလုပ်စားလို့ရ၊ ဆီလည်းသိပ်မပါတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မြီးရှည်လုပ်နည်း
ကို စိတ်ဝင်စားရင်လုပ်စားလို့ ရအောင် မျှဝေလိုက်ပါတယ်။ မီးဖိုထဲမှာ အချိန်ကြာကြာပြင်ဆင် လုပ်ကိုင်နေရတာ မကြိုက်တဲ့သူတွေအတွက် အလွယ်လုပ်စားလို့ရတဲ့ မြီးရှည်ပေါ့။

မိုးကုတ်မြီးရှည်လို့ ခေါင်းစဉ်တပ်ထားပေမယ့် စားဖူးသမျှမြီးရှည်တွေထဲက ကြိုက်တာလေးတွေကို ယူပြီးရောသမမွှေ လုပ်ထားလို့ မိုးကုတ်မြီးရှည်စစ်စစ်တော့မဟုတ်ဘူး။

မြီးရှည်ဖတ်အတွက်ကတော့ ဒီမှာအလွယ်တကူဝယ်လို့ ရတဲ့ laksa noodle ဖတ်ကိုပဲသုံးပါတယ်။ တစ်ထုတ် တကျပ်ခွဲ ၀ယ်ထားလိုက်ရင် လူနှစ်ယောက် နှစ်ခါလောက်စားလောက်တယ်။

ကြက်သား(၀က်သားစားရင်ဝက်သား) ကို ပဲငံပြာရည်နဲ့ နူးနေအောင်ပြုတ်ထားလိုက်တယ်။ အရည်လေးလဲကျန်ပစေပေါ့။

နောက် ကော်ရည်မပျစ်မကျဲ အနေတော်ဖျော်ထားပါတယ်။

နံနံပင်နဲ့ ကြက်သွန်ဖြူကိုရောကြိတ်ပြီး ရှလကာရည်စိမ်ထားလိုက်တယ်။

ကြက်သွန်နီပါးပါးလှီးပီး ကြက်သွန်နီကြော်ဆီချက်ချက်ထားတယ်။ မချက်ချင်ရင် အလွယ်တကူရှိတဲ့ ကြက်သွန်နီကြော် မှာ ဆီပူပူဆမ်းပေးလိုက်ရင်လည်း ကြက်သွန်န်ီကြော်ဆီချက်ပဲပေါ့။ အလုပ်ရှုပ်သက်သာတယ်။ရန်ကုန်ကမှာလို့ ရမယ်ဆို ရွှေတံဆိပ် (Gold) ကြက်သွန်ဖြူ၊နီကြော် ကိုမှာစားကြည့်ပါ။ အရမ်းစားလို့ကောင်းပါတယ်။ကျမတော့အဲဒါပဲသုံးတယ်။ဒီက ရယ်ဒီမိတ်ကြက်သွန်ကြော်တွေနဲ့ တခြားစီပဲ။ကိုယ့်ဟာကို ကြော်နေရင် တူးတဲ့အခါတူး ပျော့တဲ့အခါပျော့နဲ့အဆင်မပြေဘူး။ အဲဒီအထုပ်ကတော့ အရမ်းအဆင်ပြေတယ်။

မစားခင်ပြင်ထားရမှာက ဒီလောက်ပါပဲ။ ဒီတော့ ကြက်သားပြုတ်တဲ့အချိန်မပါရင် အခြားအမယ်တွေပြင်ဆင်လိုက်ရတာ ၁၅ မိနစ်လောက်ပဲကြာမယ်။

စားတော့မှသာ မြီးရှည်ဖတ်လေးကို ပိုကောင်းသွားအောင် ကြက်ပြုတ်ရည်ထဲစိမ်ပြုတ်၊ ကြက်သား၊ ပဲငံပြာရည်၊ကြာညို့ နဲနဲ၊ ဆီချက်။ကော်ရည်၊ ကြက်သွန်ဖြူအချဉ်ရေလေးဆမ်းပြီး …စားဖို့ အသင့်ပေါ့။ တကယ်လို့ ဆီကို လုံးဝမထည့်ချင်ရင် ဆီချက်မထည့်လည်းပဲ မြီးရှည်အရသာကမပြောင်းလှပါဘူး။ အရေးကြီးတာက ကြက်သွန်နီကြော်ပါဖို့ပဲ။ဒါကတော့ ဆီများများထည့်ရတဲ့ အခြားမြီး၇ှည်ချက်နည်းတွေနဲ့ မတူတဲ့အချက်ပါပဲ။ ဆီကြောက်သူများအတွက်သင့်တော်တယ်ပေါ့လေ။

ချဉ်ငံစပ်မြီးရှည်နဲ့ ၀က်ခြေထောက်စွပ်ပြုတ်လေး


ပဲပင်ပေါက်(ပဲပင်ပေါက်ကို ရေနွေးဖြော)၊ပဲငါးပိအစပ်၊ဆီတို့ဟူးကို ရေဖျောထားတာ တွေကိုကြိုက်တတ်လို့ထည့် စားလိုက်ရင်တော့ ချဉ်ငံစပ်မြီးရှည်လေးက ပဲပင်ပေါက်ရဲ့ စိမ်းဆတ်ဆတ်အရသာလေးနဲ့ စားလို့ကောင်း တယ်။အဲဒါက ရောသမမွှေထားတဲ့ မြီးရှည်ပါ။ မိုးကုတ်မြီးရှည်မှာ ကတော့ ပဲငါးပိ၊ ပဲပင်ပေါက် တွေမထည့်ပဲ ကြက်သွန်နီကြော် ရဲ့ အရသာများများနဲ့ ချိုနေအောင်ပြင်စားကြတာများတယ်။ ဆန်ကြာဇံခြောက်ကြွပ်ကြွပ်ကြော် ထားတာ လဲထည့်သေး တယ်။ ဒီမြီးရှည်မှာ အဓိက ထည့်ရမှာက ကြက်သွန်နီကြော်လို့ ပြောရမှာပဲ။ ကြက်သွန်နီ ကြော်မပါ ရင်လုံးဝစားမကောင်း ပါဘူး။

မိုးကုတ်မှာတော့ မြီးရှည်ဆိုင်တွေမှာ ၀က်သားချဉ်၊၀က်ခေါက်ကြော်တွေနဲ့ တွဲပြီးစားကြတယ်။ အိမ်မှာလုပ် စားရင်တော့ ၀က်ခြေထောက်စွပ်ပြုတ်၊တို့ဟူးကြော် တွေနဲ့ တွဲစားလည်းစားကောင်းပါတယ် …ရှလွတ်😛

Entry filed under: အစားအသောက်. Tags: .

လမ်းသူရဲမုန့် …မင်းလမ်းမုန့် တီ..နဲ့ Chinese Food ပျို့ လက်ရုံး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: