မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၆)

October 12, 2010 at 4:10 pm 2 comments

ကျွန်တော်သည် လူထုက ချစ်ခင်လေးစားသော ကွယ်လွန်သူ နာမည်ကျော် ပုဂ္ဂိုလ်တို့၏ မုဆိုးမ ဇနီးသည်များအကြောင်း ကို တွေးနေမိပါသည်။ သမ္မတလင်ကွန်း၏ ဇနီး၊ဒေါက်တာဆွန်ယက်ဆင်၏ ဇနီး၊ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊လီနင်၏ ဇနီး။

“နည်းနည်းတော့ သတ္တိကောင်းရလိမ့်မယ်ထင်တယ်။”

အကင်းပါးသော ဂျာနယ်ကျော်မမလေးသည် ကျွန်တော်ဆိုလိုသည့် သဘောကို ချက်ချင်းနားလည်လိုက်ဟန် တူပါသည်။ ဖြစ်နိုင်လျှင် ဂျာနယ်ကျော်မမလေးကို နောက်အိမ်ထောင်မပြုစေချင်ပါ။

ကျွန်တော်က မယုတ်မလွန်ဖြေပါသည်။

သို့ ရာတွင် ကျွန်တော့်စကားထဲတွင် ဆန့်ကျင်ကန့် ကွက်သည့် သဘောပါနေကြောင်းကိုသူချက်ချင်းရိပ်မိလိုက်ဟန် တူပါ သည်။

“ဆုံးတော့မဆုံးဖြတ်ရသေးပါဘူးလေ။ တကယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ရှင့်ကိုပြောပါမယ်။ မောင်သိန်းတန်ကို သဘောပေါက်အောင် ပြောပေးပါ။”

ကျွန်တော်သည် သူရွေးချယ် နိုင်ဖွယ်ရှိသည့် အိမ်ထောင်ဘက်ကို စဉ်းစားကြည့်နေသည်။ ဖွင့်တော့မမေးပါ။ သူကလည်း ဖွင့်မပြောပါ။

ထို့နောက်မကြာမီ ကျွန်တော့်ကို အိမ်စောင့်အစိုးရက ထိန်းသိမ်းပြီး ကိုကိုးကျွန်းကို ပို့လိုက်သဖြင့် အဆက်အသွယ်မရတော့။

၁၉၆၀ ပြည့်ဦးနှစ်ပိုင်း ကျွန်တော်ကိုကိုးကျွန်းမှပြန်လာပြီး အင်းစိန်ထောင်ထဲရောက်နေစဉ် သူနှင့် ကိုအောင်ဇေယျ ကလောသို့ မင်္ဂလာဦးထွက်သည့် ဆောင်းပါးကို ရှုမ၀ တွင်ဖတ်လိုက်ရပါသည်။

ထိုဆောင်းပါးကိုဖတ်နေစဉ် ကျွန်တော်၏ စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားချက်တို့ သည် ရောထွေးနေကြလေသည်။

ဝမ်းသာခြင်းမှာ သူ့ ဘ၀တွင် လက်တွဲ ၍ လျှောက်ရမည့် ခရီးဖော်ရှိသွားသောကြောင့်ဖြစ်ပြီး ၀မ်းနည်းခြင်းမှာ သူ့ဘ၀တွင် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုချချိန်တွင် ကျွန်တော် ရှိခွင့်မကြုံလိုက်သေြာေ့ကာင့် ဖြစ်လေသည်။

အပိုင်း တစ်ဆယ့်သုံး

၁၉၆၀ ပြည့်နှစ် ဇွန်လထဲတွင် ကျွန်တော် ထိန်းသိမ်းခံနေရရာမှ လွတ် လာခဲ့သည်။ အိမ်စောင့်အစိုးရသည် အာဏာ လွဲပြောင်းမပေးမီ ပုဒ်မ ငါး အကျဉ်းသမားများအားလုံးကို လွှတ်ပစ်ခဲ့သည်။ သို့ရာတွင် မေ့သွား၍လား ဘာကြောင့်မှန်းမသိ၊ ကျွန်တော်နှင့် ဖျာပုံပြည်သူ့ လွှတ်တော် အမတ်ကိုလှသောင်း (ဆရာဇော်ဂျီ၏ညီ) တို့ ကျန်နေရစ်ခဲ့သည်။ တစ်နိုင်ငံ လုံးတွင် စွဲချက်တင်တရားစွဲဆိုထားသူများမှ အပ ထိန်းသိမ်းထားသူဆို၍ ကျွန်တော်တို့ နှစ်ယောက်သာ ကျန်တော့သည်။

ကျွန်တော်တို့ ဇနီးများက နောက်တက်လာသည့် ပထစအစိုးရပြည်ထဲရေးဝန်ကြီး ဒေါက်တာအေးမောင်ထံသွားတွေ့ြ့ပီး ပြောသည့် အခါတွင် ဒေါက်တာအေးမောင်က “ဟေ ဟုတ်လား၊ဒီကောင်နှစ်ကောင်ကျန်နေခဲ့သလား။ ငါလဲစာရင်းတွေ ဘာတွေဘာမှတောင်းမကြည့်ရသေးဘူး။ စာရင်းတောင်းကြည့်ပြီး ငါလွှတ်ပေးလိုက်မယ်လေ” ဟု ပြောပြီး မကြာမီ လွှတ်ပေးလိုက်သည်။ လွှတ်ပေးချင်တော့လည်း အလွယ်သား။

ကျွန်တော်လွှတ်သည့်နေ့ တွင် ကျွန်တော့်ဇနီးနှင့်အတူ ဂျာနယ်ကျော်မမလေးသည်ကားဖြင့် လာကြိုကာ ကျွန်တော့်ကို အိမ်တိုင်ရာရောက်လိုက်ပို့ ပေးသည်။ အထဲတွင်ရှိစဉ်ကလည်း ဂျာနယ်ကျော်မမလေးသည် ထောင်ဝင်စာလာတွေ့ကာ စားသောက်စရာတွေ၊အသုံးအဆောင်တွေ ပေးသွားသေးသည်။

“ဒေါ်မမလေးက တစ်လတစ်ခေါက်လောက်တော့ အိမ်အရောက်လာတယ်။ ကလေးတွေမုန့်ဖိုးဆိုပြီး လတိုင်းပိုက်ဆံ ပေးတယ်။ ကျွန်မက မယူဘူး။ ဒီတော့ မုန့်တွေဝယ်လာတတ်တယ် “ဟု ကျွန်တော့်ဇနီးက သူ့အကြောင်းကို ပြောပြသည်။ သူတို့ လက်ထပ်ပွဲအကြောင်းကိုလည်း ကျွန်တော့်ဇနီးကပြောပြသည်။

ကျွန်တော်လွတ်ပြီး တစ်ရက်နှစ်ရက် အကြာတွင် ဂျာနယ်ကျော်မမလေးသည်ကျွန်တော်တို့ ဇနီးမောင်နှံကို ဘောက်ထော်ရှိသူ့ အိမ်ကလေးတွင် ညစာဖတ်ကျွေးသည်။ သူ့ ထုံးစံအတိုင်း နေဓာတ်စာနှင့် လဓာတ်စာ နှစ်မျိုးလုံး ချက်ထားရာ ကျွန်တော်လည်း ကျွန်တော့ထုံးစံအတိုင်း နှစ်မျိုးစလုံးကို စားပါသည်။ ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ကို မျက်စောင်းတစ်ချက်သာ ထိုးသည်။ ဘာမျှမပြောတော့။

ဂျာနယ်ကျော်မမလေးသည် ယခုဘောက်ထော်အိမ်ကို နောက်တစ်ကြိမ်ပြင်ဆောက်ထားခြင်းဖြစ်သည်။ ပထမအိမ်မှာ ပျဉ်ထောင်၊ပျဉ်ခင်း သွပ်မိုးနှစ်ထပ် တစ်လိုင်းအိမ်ကလေးဖြစ်ပြီး ယခုအိမ်မှာ လျှာထိုးခင်းပြီး သုံးထပ်သား တွေကိုဆေး သုတ်ကာထားသည့် ပျဉ်ထောင်တစ်ထပ်ဆင်ဝင်အိမ်လေးဖြစ်သည်။ ရှေ့ မျက်နှာစာ ဧည့်ခန်းပတ်ပတ်လည်တွင် လူဘာမှန်တွေ တပ်ထားသည်။

ဂျာနယ်ကျော်မမလေးသည် တော်တော်အိမ်ပြောင်းနိုင်သူဖြစ်သည်။ တော်တော်အိမ်ကို သူစိတ်တိုင်းမကျ။ ကျွနတော်နှင့် သူ သိကျွမ်းခဲ့သည့် နှစ်ပေါင်းလေးဆယ်အတွင်းတွင် အိမ်ကိုးခါ ပြောင်းခဲ့သည် ဟု ကျွန်တော် အမှတ်ရနေသည်။

ဂျာနယ်ကျော်မမလေးသည် ရွှင်လန်းတက်ကြွနေလေသည်။

ကျွန်တော်တို့ ရောက်ပြီးမကြာခင် ကိုအောင်ဇေယျရောက်လာလေသည်။ ကိုအောင်ဇေယျ သည် ၄၈ လမ်းနှင့်အနော်ရထာလမ်းထောင့် အလုပ်တိုက်မှာ အလုပ်လုပ်ကျန်ရစ်ခဲ့ပြီးနောက်မှ လိုက်လာခြင်းဖြစ်သည်။

ိကိုအောင်ဇေယျနှင့် ကျွန်တော် ၁၉၄၈ တွင်နောက်ဆုံးတွေ့ လိုက်ခြင်းဖြစ်ပြီး ယခု ၁၉၆၀ ပြည့်နှစ်ကျမှ ပထမဆုံး အကြိမ်ပြန်တွေ့ ခြင်းဖြစ်သည်။ နဖူးနည်းနည်းကျယ်လာသည်မှလွဲ၍ ဘာမှ ပြောင်းလဲခြင်းမရှိ။ ငယ်ငယ် တုန်းကလို အသားဖြူဖြူ၊ပိန်ပိန်ပါးပါး၊စကားပြောလျှင် တိုးတိုးညှင်းညှင်း။

(Photo: အလင်းတန်းဂျာနယ်မှာပါတဲ့ သတင်းကို ကော်ပီကူးထားတာပါ။ )
ကျောင်းတုန်းက ဆူညံ၍ အုတ်အုတ်ကျက်ကျက်ဖြစ်နေသော ကျောင်းသားအစည်းအဝေးများတွင် စကားပြောလျှင်လည်း တိုးတိုးညှင်းညှင်း။ ယခုလည်း ခပ်တိုးတိုးပင်။ စနစ်ဇယားကို သဘောကျပြီး သူကိုယ်တိုင်လည်း စနစ်ဇယားကိုလိုက်နာ တတ်သည်။ ဂျာနယ်ကျော်မမလေးသည် လဓာတ်ဖြစ်ပြီး ကိုအောင်ဇေယျမှာ နေဓာတ်ဖြစ်သဖြင့် သူတို့ နှစ်ယောက်၏ ဟင်းခွက်မှာ အမြဲကွဲလွဲနေတတ်သည်။ ကိုအောင်ဇေယျကလည်း ဂျာနယ်ကျော်မမလေး၏ ဟင်းခွက်ကိုမနှိုက်။ ဂျာနယ်ကျော်မမလေးကလည်း ကိုအောင်ဇေယျ၏ ဟင်းခွက်ကိုမနှိုက်။

ကျွန်တော်သည် ဆူညံသောင်းကျန်းသော မောင်သိန်းတန်နှင့် အေးဆေးတည်ငြိမ်သော ကိုအောင်ဇေယျတို့ြ့ကားတွင် ပြေပြစ်သောဆက်ဆံရေးကိုတည်ဆောက်ပေးနိုင်သည့် ဂျာနယ်ကျော်မမလေးကို ကြည့်၍ အံ့သြနေသည်။

ရှေးဟောင်းနှောင်းဖြစ်အတွေ့ အကြုံတွေပြောကြပြီးနောက် ကျွန်တော်က

“မောင်သိန်းတန်တော့ ဘယ့်နှယ်နေသလဲ။ ငြိမ်ငြိမ်နေရဲ့လား။ ”

“ဗိသုကာ ကိုခင်မောင်ရင်နဲ့ တွဲပြီးရုပ်ရှင်တစ်ကားရိုက်တယ်လေ။ သူတို့ကားက သိပ်မဆိုးပါဘူး။ ဒါပေမယ့် စကားပြောခန်းနည်းပြီး အရုပ်ပြတာများနေတော့ မြန်မာပြည်မှာနည်းနည်းစောလွန်းနေသေးတယ်ထင်တယ်။ မအောင်မြင်ဘူး။ ”

မောင်သိန်းတန်သည် မိန်းမ နောက်တစ်ယောက် ရနေပြန်လေပြီ။

“ကိုအောင်ဇေယျအပေါ်မှာတော့ လေးလေးစားစားဆက်ဆံပါတယ်။ သူဖောက်လာရင်တော့ အလျင်တုန်းကလို တွေ့ တဲ့ပစ္စည်းယူသွားပြီး သုံးဖြုန်းပစ်တုန်းပေါ့လေ။ ဒါပေမယ့် မယ့် အလျင်တုန်းကလောက်တော့ မဟုတ်တော့ပါဘူး။ တခါတလေမှပါ။ ”

“စာတွေကောရေးဖြစ်သေးလား။ ”

“သိပ်မရေးဖြစ်တော့ဘူး။ အလုပ်ကများတော့ စာရေးကျဲသွားတယ် “ဟု ဂျာနယ်ကျော်မမလေးကပြောသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး.

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၅) တွေးမိတွေးရာ ဖတ်မိဖတ်ရာ..

2 Comments Add your own

  • 1. Anonymous  |  March 18, 2013 at 2:34 pm

    စာရေးတာတော့ ကြိုက်ပါတယ် နောက်ယောက်ကျားယူတာတော့ မကောင်းဘူး

    Reply
  • 2. Anonymous  |  November 5, 2010 at 11:02 pm

    I just happen to read your blog and I like this post. So I started to read from the very beginning and now I feel like hanging. Please.. Can u post more about မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး..!! Thank you very much! I know it must be tiring and you got your job to do…. but I just request to post! 🙂

    Reply

Leave a comment

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,624 hits