Archive for July, 2010
ဖုန်းသက်တိုင် (ပြုံးမျက်ရည်ဖြိုင်အေး)
ကြည်အေး page မှာဒီကဗျာကို share လုပ်ရင်းနဲ့ blog မှာပါလာသိမ်းထားလိုက်တယ်။ ဖုန်းသက်တိုင်ဝတ္ထုကို ပြန်ဖတ်ချင်နေတယ်။ ဒါပေမယ့် ရှုမ၀အဟောင်းတွေက ရန်ကုန်မှာကျန်ခဲ့တယ်။ ဒီတော့ စိတ်အာသာပြေအောင် ကဗျာပေါင်းချုပ်ထဲက ဖုန်းသက်တိုင် ၀တ္ထုမှာပါတဲ့ ကဗျာကိုပဲ ပြန်ဖတ်လိုက်တော့တယ်။
ခုတလော ကြည်အေးရဲ့ စာအုပ်တွေဘက်ကို အာရုံလုံးလုံးရောက်နေတယ်။ ကဗျာတွေကိုလည်း ပြန်ဖတ်ဖြစ်နေတယ်။ ကြိုက်တဲ့ကဗျာလေးတွေတွေ့ ရင် ဒီမှာထပ်ရိုက်တင်ပါဦးမယ်။ ကဗျာရိုက်ရတာတော့ လက်ညောင်းသက်သာတာပေါ့နော 😛
(more…)
လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ
မမရွှေစင်ဦးရဲ့ ဘလော့မှာ ဂျာနယ်ကျော်မမလေးရဲ့ နောက်ဆုံးအချိန်တွေကို ဦးမိုးဟိန်းရေးထားတာဖတ်ရတော့ ဖတ်နေရင်းနဲ့ တဖြည်းဖြည်း မျက်ရည်တွေဝဲ၀ဲလာရာကနေ ဆောင်းပါးလည်းဆုံးရော မျက်ရည်ပေါက်ပေါက်ကျလာရော။ မရွှေမိတို့ အသဲနုပုံကတော့အဲဒီလို။
မျက်ရည်ကျပြီးရင်ထဲဆို့နေတဲ့ကြားက နောက် နှစ်ခါထပ်ဖတ်လိုက်သေးတယ်။ဖတ်ပြီး မျက်ရည်ပြန်ဝဲပြီး စိတ်မကောင်း ဖြစ်မိရပြန်ရော။ကိုယ်သိပ်သဘောကျ၊စိတ်ဝင်တစားရှိတဲ့စာရေးဆရာမမို့ ပုဂ္ဂိုလ်စွဲကြောင့်ပဲ မျက်ရည်ကျ မိတယ်ဆိုနိုင်ပါ တယ်။တကယ်လို့သာ အဲဒီနေရာမှာတခြားစာရေးဆရာမတစ်ယောက် ရဲ့ နောက်ဆုံးအချိန်ကိုဖတ်ရတယ်ဆို မျက်ရည်ကျ မိမယ်မထင်ဘူး။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၀)
အပိုင်း တစ်ဆယ်
ကျွန်တော်သည် ဦးချစ်မောင်ကွယ်လွန်သော ဆယ်နှစ်ပတ်လည် အခမ်းအနားကို သတိရနေပါသည်။
တစ်ခြံလုံး ရောင်စုံလျှပ်စစ်မီးတွေ သွယ်တန်းထွန်းညှိထားပြီး အလယ်မြက်ခင်းပြင်တွင် ဖြူဖွေးနေသော စားပွဲခင်းများကို ခင်းထားသည့် စားပွဲဝိုင်းကြီးများချထားလေသည်။ အစားအသောက်မှာ စထရင်းဟိုတယ်မှ မှာသည့် ထမင်းဟင်းဖြစ်ပြီး စားပွဲထိုးများမှာလည်း စထရင်းဟိုတယ်မှ လာသည့် ယူနီဖောင်းဝတ်စားပွဲထိုးများဖြစ်သည်။
ဦးချစ်မောင်ဆယ်နှစ်မြောက် ကွယ်လွန်သည့် အထိမ်းအမှတ်ပွဲသည် ဥယျာဉ်ဧည့်ခံပွဲကြီးတစ်ခုနှင့် တူနေသည်။ ဂျာနယ်ကျော်မမလေးသည် မနက်ပိုင်းတွင်သံဃာတော်များကို ဆွမ်းကပ်ခဲ့သေးသည်။ နှစ်တိုင်းဆိုလျှင် ဦးချစ်မောင် ကွယ်လွန်သည့်အထိမ်းအမှတ်ပွဲကို ရွှေတိဂုံဘရား တောင်ဘက်စောင်းတန်းအဆင်းရှိ ဦးဘရီ ဇရပ်တွင် ကျင်းပတတ်သည်။
မနက်ပိုင်းဘုန်းတော်ကြီးများကို ဆွမ်းကပ်ရေစက်ချလှုပြီးနောက် ရင်းနှီးသည့်မိတ်ဆွေများကို မနက်စာဖြင့်ဧည့်ခံသည်။ ထိုနှစ်စဉ်ဆွမ်းကျွေးပွဲများသည်ပင် စရိတ်မနည်းလှ။ ရင်းနှီးသည့် မိတ်ဆွေများကလည်း များသည်။ ဦးချစ်မောင်ရှိစဉ်က ဦးချစ်မောင် နှင့်ရင်းနှီးသည့် မိတ်ဆွေများ၊သတင်းစာဆရာများ၊ဖဆပလခေါင်းဆောင်အဖြစ် အတူလုပ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များ လာကြသည်။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၉)
၁၉၅၈ တွင် ဂျာနယ်ကျော်မမလေးသည် ကျွန်တော်တို့နှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) တွင် ဗဟိုအမှုဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဥက္ကဌ၊ဒုတိယဥက္ကဌများမှာ ပါမောက္ခဦးအောင်လှ၊လူထုဦးလှ၊သခင်လွင်၊ ဒဂုန်တာရာ၊ကျွန်တော်က အထွေထွေအတွင်းရေးမှုး၊သူကငွေထိန်း။
(more…)
Favorite Kyi Aye’s words
…….. ကျွန်မ ၁၅ နှစ်က ရေးခဲ့သည်ကို ၃၅ နှစ်၌ အပြစ်ရှာရန်မလို ၊မသင့်ဟုထင်ပါသည်။ ကျွန်မ၏ မိတ်ဆွေတို့သည် အားလုံး ၃၅ နှစ်ချည်းရှိကြသည်မဟုတ်ပါ။ ၁၅ နှစ်အရွယ်လည်းရှိသည်ကို ၀မ်းမြောက်ဝမ်းသာတွေ့ ရပါသည်။ တကယ်တော့လည်း ကျွန်မတို့ အားလုံးသည် အသက်အရွယ်သတ်မှတ်ဖို့မလိုပဲ ၊ရလည်းမရဘဲ အချို့က အညှောက်ထွက်ဆဲ၊အချို့က အရွက်ဝေဆဲ၊အချို့က သီးပွင့်ဆဲ၊ဥယျာဉ်ထဲ၌ သစ်ပင်များပမာ ကြီးပြင်းရှင်သန်နေကြ သည်ကသာ အရင်းခံဖြစ်လေရာ (ကျွန်မကို အကောင်းဖက်သို့ မျှော်လင့်ခြင်းကြီးသူဟု ဆိုလျှင်ဆိုပါစေ) ကျွန်မ၏စာသည် ဘယ်သစ်တစ်ပင်အတွက်ဖြစ်စေ နှင်းရည်တစ်ပေါက်အနေဖြင့် အေးမြစေသည် ဆိုလျှင် လိုတာထက်ပို၍ ရခြင်းလို့ ထင်ပါသည်။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၈)
သည်တော့မှ ကိုစံလွင်ကို ကျွန်တော်သတိရတော့သည်။ အမှန်အားဖြင့် ကိုစံလွင်သည် ကျွန်တော့်ထက် တက္ကသိုလ်သို့ စောစောရောက်သူ။
ကျွန်တော် ရောက်သည့် နှစ်တွင် သူနှင့် ခေတ္တမျှ တွေ့လိုက်ပြီးနောက် သူတောထဲသို့ ရောက်သွားသည်။ သူက နေ့ကျောင်းသာ။ ကျွန်တော် က အဆောင်မှာနေသူဖြစ်၍ သိပ်မတွေ့ ဖြစ်ကြ။ အစည်းအဝေးတွေမှာသာ တစ်ခါတစ်ရံတွေ့ဖူးသည်။ အသားဖြူဖြူ စကားပြောလျှင် တိုးတိုးညှင်းညှင်း၊သူ့အမူအယာသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်ထက် ကျောင်းဆရာတစ်ယောက်နှင့်ပိုတူနေသည်။
‘သြော် ကိုစံလွင်လား”
ကျွန်တော်သည် ကိုစံလွင်၏ ရုပ်ပုံလွှာကို ပြန်၍ စဉ်းစားနေသည်။
“ဟုတ်တယ် ကြည့်မြင်တိုင်ဇာတိတဲ့။”
(more…)
ုမြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၇)
အပိုင်း ကိုး
“ပြည်ရွှေဘို မြို့တော်မြောက်ဆီက
ချောင်းရေတွေ ပေါက်ပါလို့ မကူးနိုင်
မမလေးတို့ နှင်းဆီခိုင်
တဆိတ်စာ မောင်ကိုင်ရရင်
ကူးနိုင်ရဲ့ လေး….။“
ဂျာနယ်ကျော်မမလေး အကြောင်းကိုရေးနေရင်း ကျွန်တော်သည် အထက်ပါကဗျာလေးကို သတိရနေမိလေသည်။
ဂျာနယ်ကျော်မမလေး သည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်သည့်  ဆယ်နှစ်မြောက် နှစ်ပတ်လည်တွင် “ဆယ်နှစ်“ ဆိုသည့် ဆောင်းပါးတိုလေး တစ်စောင်ကို ရှုမ၀မဂ္ဂဇင်း တွင်ရေးခဲ့လေသည်။ ထိုဆောင်းပါးတိုလေးသည် သူ့ဘ၀အတွက် ကြီးစွာသော အပြောင်းအလဲကြီးတစ်ခု ကြီးမားသောကွေ့ ကြီးတကွေ့ ဖြစ်ခဲ့လေသည်။
Recent Comments