ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၂)

January 16, 2011 at 11:48 pm 2 comments

ကျွန်တော်ဖတ်နေသော အင်္ဂလိပ်ဝတ္တုတစ်ပုဒ်ထဲမှ စန္ဒယားဆရာကြီး ရှိုပန်၏ ပုံကိုယူကာ ဆရာဦးဘညွန့်အား ရေးခြယ်ထားလိုက်သည်။ ထိုအခါက ဗစ်ဗာလီနစ်ကို၏ Evan Song ၀တ္တုကိုဖတ်နေရာ ၀တ္တုထဲမှ အဆိုတော် ကြီးနေရာမှာ ဒိုရာသန်းအေးကိုထားချင်သည်။ ၀တ္တုထဲမှာမူ အဆိုတော်ကြီးအိုမင်းလာသည့် ဘ၀အဖြစ်အပျက်ပါသည်။ သို့ သော်ကျွန်တော်စိတ်ကူးထားသော ဇာတ်လမ်းထဲတွင်မူ ဤသို့မဟုတ်။ တပည့်မ အဆိုတော် ပေါက်စနှင့် စန္ဒယားဆရာ ဇာတ်လမ်းဖြစ်သည်။ သို့ သော် လက်မထပ်ဖြစ်။ ကျွန်တော် အပေါင်းအသင်းများအား ဇာတ်လမ်းပြောပြသောအခါ သူတို့က မင်းသမီးနှင့် မင်းသားမရသည့်အတွက် မကြိုက်ကြ။ ကျွန်တော်လည်း ဇာတ်လမ်းကို ပြင်ဆင်ရေး၇န် စဉ်းစားနေသည်။ (စစ်ပြီး ၁၉၅၀ ကျော်ခန့်တွင် ဇာတ်လမ်းကို အနည်းငယ် ပြုပြင်ကာ တိမ်ခိုးမျှင် အကွက်ဆင် ဟူသော ခေါင်းစဉ်ဖြင့် ၀တ္တုတို ရေးဖွဲ့ ခဲ့ဖူသည်။)

တကယ်က ဘာမျှ အကောင်အထည်မဖြစ်ပါ။ ထိုအခါက အခြေအနေများကြောင့် ရုပ်ရှင်ရိုက်ကူးရေးအစီအစဉ်လည်း ပျက်သွားရသည်။ စစ်ကလည်း နီးနေသည်မဟုတ်ပါလား။ ကျွန်တော့်မိတ်ဆွေများမှာ နိုင်ငံရေးကိစ္စများအလုပ်ရှုပ်နေ၍ ရုပ်ရှင်ရိုက်ရန် ထည့်သွင်း၍ မစဉ်းစားနိုင်တော့။

*******

့ကျွန်တော့်မှာ ဆရာဦးဘညွန့်နှင့်တွေ့ တိုင်း သူ၏ အမူအယာ၊ဟန်ပန်တို့ကို မှတ်သားနေမိခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သွား၍ ဆရာဦးဘညွန့်ကို သိပ်မတွေ့။ သို့သော် ဂျပန်ခေတ်က ဖျတ်ကနဲ ခဏ တွေ့လိုက်ရသည်။ အင်းလျားကန်အနီး ဗိုလ်လင်းယုန်မင်္ဂလာဆောင်တွင် တွေ့လိုက်ရသည်။ ညစာစားပွဲတွင် ကျွန်တော်က စန္ဒယားတီးရသည်။ ထိုအခါ ဆရာဦးဘညွန့်က သီချင်းဆိုပေးသည်။ သည့် နောက် ဆရာနှင့် သိပ်မတွေ့ ဖြစ်တော့ပဲ စစ်ပြီးသောအခါမှ တစ်ခါလား နှစ်ခါလားပဲ တွေ့ရသည်။ ကျွန်တော်လည်း မတီးဖြစ်။

ဒိုရာသန်းအေး နှင့်လည်း မတွေ့ ဖြစ်။ တွေ့ စရာအကြောင်းလည်း မရှိ။ ရုပ်ရှင်ရိုက်၇န်အစီအစဉ် ပျက်သွားသောကြောင့် တွေ့စရာအကြောင်းလည်း မရှိ။ ဒိုရာသန်းအေး သည် နိုင်ငံခြားသို့ ရောက်သွားသံကို ကြားလိုက်ရသည်။ ကျွန်တော်တို့ နှင့် အဆက်အသွယ်မရှိ။ သို့သော် တစ်နှစ်ခန့် ကြာသောအခါ ၁၉၅၆ ခုနှစ် နယူးဒေလီတွင် ကျင်းပသော အာရှ စာရေးဆရာများ ညီလာခံကို တက်ရင်းသွားဆုံမိသည်။ ဒိုရာသန်းအေးသည် ကုလသမဂ္ဂတွင် အလုပ်လုပ် လျက်ရှိနေသည်။ သူမက ကျွန်တော်တို့ အာရှစာရေးဆရာညီလာခံသို့ တက်သော စာရေးဆရာများကို ဖိတ်ကာ မွန်းတိမ်းလက်ဖက်ရည် ဧည့်ခံပွဲဖြင့် စကားပြောသည်။ ကျွန်တော် အံ့သြသွားသည်။

ကျွန်တော် စစ်မဖြစ်မီက တွေ့ ခဲ့ရသော နုပျိုလန်းဆန်းသော ဒိုရာသန်းအေး မဟုတ်တော့ ဟု ခံစားနေမိသည်။ အရွယ်က ကြီးလာကြပေပြီ။ ထိုအခါက ကျွန်တော်ပင် ၃၀ ကျော် ၄၀ နီးပါးရှိနေပြီ။ ဆရာမ ဒိုရာသန်းအေးသည် ၅၀ ကျော်ခန့် ရှိနေပေပြီ။ အသားအရေမှာလည်း နီကြန်ကြန်ဖြစ်နေသည်။ ကျွန်တော် ပထမတွေ့ ရစဉ်က မြန်မာအ၀တ်အစား နှင့်ဖြစ်သော်လည်း နယူးဒေလီတွင် တွေ့ ရသော သူမမှာ စကပ် နက်ပြာရောင် ၀တ်ထားသည် ကိုတွေ့ ရသောအခါ မြန်မာအမျိုးသမီးအဖြစ် မမြင်ရပဲ နိုင်ငံခြားသူအသွင်ဖြစ်နေသည်။

ခင်ပွန်းမှာ သြစတေးလျသား မုတ်ဆိတ်နှင့်။ သူမထက်ငယ်သူဖြစ်သည်။ ကျွန်တော် တို့ နှင့်အတူ ဦးသိန်းဖေမြင့်၊ ဦးဥာဏ၊ ဂျာနယ်ကျော်မမလေး တို့ ပါသည်။ သူမက ဂျာနယ်ကျော်မမလေး ထံ လျက်ဆားတောင်း၍ ကျွန်တော် ပြုံးမိသည်။

စစ်ဖြစ်စလောက်က စ၍ နိုင်ငံခြားသို့ရောက်နေသော ဒိုရာသန်းအေးမှာ အမျိုးသားခံစားမှုမပျက်ဟု ထင်မိသည်။ ကျွန်တော် က သူမနှင့် စကားရဲရဲ မပြောဝံ့။ ကျွန်တော်၏ စာအုပ်တစ်အုပ်ထဲတွင် မေ၀တ္တု အကြောင်းနှင့် ပတ်သက်၍ အမှတ်တရဖော်ပြရာတွင် ဆရာဖြစ်သင် ကောလိပ်မှပြန်လာသောအခါ မေ၀တ္တုကို စတင်ဖွဲ့ မိသည် ဟုရေးလိုက်သည်။ ဤအရေးအသားကို သူမလည်း ဖတ်ဖူးပေလိမ့်မည်။ အမေရိကန်တွင် ပညာသင်ကြားနေသော ကျောင်းသားတယောက်က ဒိုရာသန်းအေးက ကျွန်တော့်ကိုမေးကြောင်းပြန်ပြော၍ သိရသည်။

ယခု သူမဘယ်ရောက်နေသည်မသိ။ အသက်ပင် ၈၀ ကျော်ရော့မည်။ ဆရာဦးဘညွန့်လည်း ၈၀ ကျော်ပြီ။ ကျွန်တော် နှင့်မတွေ့ ရတာကြာပြီ။ ကျွန်တော် ကျောင်းသားဘ၀က စိတ်ကူးယဉ်ကာမျှော်မှန်းခဲ့သော မင်းသား၊မင်းသမီးများကား ဖြစ်မလာကြ။ ဆရာဦးဘညွန့် မှာ သမိုင်းပါမောက္ခဖြစ်နေသည်။ ကျွန်တော် က ကျွန်တော် ၏ စိတ်ကူးထဲတွင် ရိုက်ကူးခဲ့ သော ရုပ်ရှင်မှ မင်းသား၊မင်းသမီးအဖြစ်ပင် ခံစားမှု မပျက်ရှိနေပေသည်။

ရေဒီယို သီချင်းသံကြားတိုင်း သူတို့ကို သတိရမိသည်။ ဆရာဦးဘညွန့်သည် သီချင်းကြီးများကို ငယ်စဉ်ကလို လှပစွာ သီဆိုလျက် ရှိသည်။ ဒိုရာသန်းအေး၏ သီချင်းသံများကတော့ ခေတ်ဟောင်းသီချင်းအလှည့်တွင် ကြားရသည်။

**********

နောက်ရက်မှာ Perfect Hostage (Justin Wintle) စာအုပ်ထဲမှာ တပိုင်းတစပါတဲ့ ဘိလပ်ပြန်သန်းရဲ့ ပုံရိပ်ကိုလည်း စာရိုက်တင်ဦးမှာဖြစ်ပါတယ်။ ဘာရယ် မဟုတ် ကိုယ်သဘောအကျဆုံး ရှေးအဆိုတော်ကြီး တယောက်ဖြစ်တဲ့အတွက် အခြားသော အကြိုက်တူသူများရှိရင်လည်း စုံစုံလင်လင်သိရအောင် ဘလော့မှာ မှတ်ထားလိုက်တဲ့သဘောပါရှင့်။

Entry filed under: ဘိလပ်ပြန်သန်း, Sharing. Tags: .

ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၁) ပိုစွဲလမ်းရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ

2 Comments Add your own

  • 1. khineshwewa  |  April 17, 2011 at 1:44 am

    Ma Shwe Mi…..appriciate your great effort by posting all those articles which I have big interest in. Even though I have read a lot of them, It has been a great leasure reading them again and again.
    I also agree with you on Ju’s latest novel.

    Reply
    • 2. Ma Shwe Mi  |  April 17, 2011 at 1:22 pm

      Glad that we seem to have some same interests. I will try to post more. Thanks 🙂

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: