မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၃)

September 14, 2011 at 2:18 pm 2 comments

“စာရေးဆရာရဲ့ ရည်ရွယ်ချက်ဟာ မူလလမ်းကြောင်း အစကနေ နည်းနည်းချော်သွားတယ်လို့ ထင်တယ်။ ”

“ရှင်ဘာကို ဆိုလိုတာလဲ။”

“ဒေါ်မမလေးရဲ့ ရည်ရွယ်ချက်က ဂျပန်-မြန်မာ ချစ်ကြည်ရေး။ ဒါပေမယ့် ဂျပန်-မြန်မာ ချစ်ကြည်ရေးထက် ဂျပန်ချစ်ကြည်ရေးက များသွားတယ်ထင်တယ်။ ”

ဂျာနယ်ကျော်မမလေးသည် မျက်မှောင်တွန့် ၍ စဉ်းစားနေသည်။

“ဘာဖြစ်လို့ လဲ။ ”

“ဒီလိုလေ။ ဂျပန်မလေး ယုမိစံက ကြင်နာသလောက် သဘောထားကြီးသလောက် သိမ်မွေ့သလောက် မြန်မာလူငယ်လေးဖြစ်တဲ့ မောင်မောင်ဟာ နာကျည်းခါးသီးလွန်းနေတယ်။ ရိုင်းစိုင်းခက်ထန်လွန်းနေတယ်။ အမှတ်သည်းခြေ ကြီးလွန်းနေတယ်။ တကယ့်ဘ၀မှာ မောင်မောင်လို လူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလောက် ခါးသီးနာကျည်းတာမျိုးဟာ ခြွင်းချက်သာဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်လေ။ တကယ်တော့ ကျွန်တော်တို့ လူမျိုးဟာ ဒီလောက်အမှတ်သည်းခြေကြီးတဲ့လူမျိုး မဟုတ်ပါဖူး။ အပြစ်မရှိတဲ့ မိန်းမတစ်ယောက်၊ သူဘယ်သူဘယ်ဝါမှန်း မသိတဲ့ ဂျပန်မလေး တယောက် အပေါ်မှာ ဒီလောက်ရိုင်းစိုင်းတတ်တဲ့သူမျိုး မဟုတ်ပါဖူး။ ကျွန်တော်တို့ လူမျိုးဟာ ခွင့်လွှတ်တတ်တဲ့လူမျိုး၊အားနာတတ်တဲ့လူမျိုး၊ တခါတလေမှာ စိတ်တိုစရာကောင်းလောက်အောင် မေ့လွယ်ပျောက်လွယ် ဖြစ်တတ်တဲ့လူမျိုး။ ဒါကြောင့် မောင်မောင်ရဲ့ စရိုက်အဖွဲ့ ဟာ မြန်မာမပီသဖူး လို့ ကျွန်တော်ထင်တယ်။ ”

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ကို ကြည့်၍ ခေါင်းရမ်းနေသည်။

တစ်ဆယ့်ခြောက်

၁၉၇၃ လောက်တွင်လားမသိ။ ဂျာနယ်ကျော်မမလေးသည် နောက်ထပ်အိမ်ပြောင်းပြန်သည်။ သူနှင့်ကျွန်တော် စတင်သိကျွမ်းပြီးနောက် ရှစ်ကြိမ်မြောက် အိမ်ပြောင်းချင်းဖြစ်သည်။ ဘောက်ထော်က သူ့အိမ်လေးမှာ သုံးထပ်သားတွေ ကာထားသဖြင့် သူတို့ မရှိစဉ် အိမ်မှာနေ၍ မရအောင် ခြစားသွားခဲ့သည်။ ထို့ ကြောင့် တံတားဖြူ ကန်လမ်းတွင် ပြောင်းနေသည်။

ယခုတဖန် ဘောက်ထော် ပြည်သာယာလမ်းထဲက သူ့အိမ်အနီးတ၀ိုက်တွင် အိမ်တစ်လုံးငှားပြီး နေပြန်သည်။ သူငှားနေသည့် အိမ်မှာ ပထစ၀န်ကြိးဟောင်း သခင်ကျော်ဒွန်း၏ အိမ်ဖြစ်သည်။ သခင်ကျော်ဒွန်းအိမ်မှာ အိမ်ရှင်တွေ မနေကြသေး။ ပြင်ဆင်မွမ်းမံပြီးခါစ နှစ်ထပ်တိုက်ကြီးဖြစ်သည်။ ခြံဝင်းလည်း ကျယ်သည်။ နောက်တွင်အလုပ်သမားတန်းလျားလေးရှိသည်။

ဂျာနယ်ကျော်မမလေးသည် အိမ်ကြီးအိမ်ကောင်းနှင့် နေချင်သူဖြစ်သည်။

တခါက ဆယ်ပေ ပေလေးဆယ်ခန့် ရှိသည့် ကျွန်းတောလမ်းက ကျွန်တော့် အခန်းကျဉ်းလေးသို့ သူရောက်လာသည်။ အောက်ထပ်က ကြံ၇ည်ဆိုင်။ တစ်ဘက်အလန်းက တစဦး။ ကျွန်တော် ကတစ်ဦး။ အောက်ထပ်တွင် နှစ်ဦး။ အိမ်ကလေးသေးသေးတွင် အထက်အောက် အိမ်ထောင်လေးခု နေကြရသည်။

ကျွန်တော့်အခန်းမှာ အိပ်တော့လည်း အိမ်ရှေ့ခန်းမှာအိပ်သည်။ နေ့ လည်ကျ ဧည့်ခန်းဖြစ်လာသည်။ ကျွန်တော် စာရေးစားပွဲကလည်း သည်ဧည့်ခန်းမှာပင်ရှိသည် ။ စာအုပ်စင် နှင့် စာအုပ်ဗီရိုကလည်း သည်အခန်းမှာပင်ရှိသည်။ စာအုပ်ပုံတွေကလည်း အခန်းထဲမှာပြည့်နေသဖြင့် မနည်းရှောင်တိမ်းသွားလာနေရသည်။

ကျွန်တော်တို့ အိမ်ထောင်ကျခါစက ၀ယ်ထားသည့် ခပ်ညံ့ညံ့ ဆက်တီကလည်း ဟောင်းနွမ်းကာ အရောင်အဆင်းမရှိတော့။ အိမ်သွပ်မိုးအောက်ကလည်း ဘာမျက်နှာကြက်မှမရှိ။ နေ့တွင် ပူလွန်းသဖြင့် ကျွန်တော်က ၀ါးလုံးတွေထိုးကာ ကျုထ၇ံလေး ငါးချပ်ကိုတင်ထားသည့် မျက်နှာကြက်သာရှိသည်။

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်အခန်းလေးထဲတွင် စိတ်မသက်မသာဖြင့်ထိုင်ရင်း အိမ်ခန်းကိုလှမ်းကြည့်သည်။ သူ့မျက်နှာလည်း ညိုးသွားသည်။

“ရှင်ဒီလိုပဲနေတော့မှာလား” ဟု ကျွန်တော့်ကိုမေးသည်။ “ကျွန်မကတော့ မနေနိုင်ဖူးရှင့်။ အခု ကျွန်မ ဘောက်ထော်မှာအိမ်ပြောင်းမလို့။ ကျွန်မအိမ်ကိုပြန်မဆောက်ခင် မှာ ငှားနေရတာ။ အိမ်က သခင်ကျော်ဒွန်းရဲ့ အိမ်။ သူတို့ မပြောင်းခင် ကျွန်မခဏ နေပါရစေဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ငှားထားရတာ။ သူတို့ မိသားစုမပြောင်းခင် ခဏ နေပါဆိုလို့ နောက်ဘေးမှာ တန်းလျားလေးလဲရှိတယ်။ သပ်သပ်ရပ်ရပ်ပါ။ ရှင် နေချင်တယ်ဆို လာနေပါ။ ပြီးတော့ ကျွန်မ အိမ်ဆောက်ပြီးရင်လဲ ၀င်းထဲမှာ ကျွန်မတို့ နေခဲ့တဲ့ သစ်သားနှစ်ထပ်အိမ်လေးရှိတယ်။အဲဒီမှာ လာနေပါလား။ ဒီထက်တော့ ကျယ်တာပေါ့။ ”

“ရပါတယ်။ ကျွန်တော် ဒီလိုပဲနေလာတာပဲ။ ”

“ရှင်ကနေနိုင်ပေမယ့် ကလေးတွေနဲ့ ဘေဘီ့ကို ငှဲ့ ရဦးမယ်ရှင့် ။ ”

“ကျွန်တော့်ကလေးတွေနဲ့ ကျွန်တော့် ဇနီးက အသားကျနေပါပြီ။ ဒါအခု နည်းနည်းတိုးတက်လာတာ။ ကျွန်တော် မရှိတုန်းကဆိုရင် ရန်ကုန်မြို့ စွန်မှာ တဲကလေးတလုံးငှားပြီးနေခဲ့ရတာ။ ”

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ကို ဘာမှ မပြောတော့ပဲ သက်ပြင်းတချက်ကိုချနေသည်။

“ရှင်ဟာတော်တော်မာနကြီးတဲ့သူ။ တော်တော်ခေါင်းမာတဲ့လူ။ ”

၁၉၅၃ ခုနှစ် ဂန္တ၀င်ဂျာနယ်ထုတ်စဉ်ကလည်း ကျွန်တော့်ကို လခစားအယ်ဒီတာအဖြစ် ၀င်လုပ်ရန် ပြောခဲ့ဖူးသည်။ ထိုစဉ်ကလည်း ကျွန်တော်သည် လခစားမဟုတ်ပဲ စေတနာ့ဝန်ထမ်း ၀င်လုပ်ပေးခဲ့ဖူးသည်။ ထိုစဉ်ကလည်း
ဂျာနယ်ကျော်မမလေးသည် ထိုစကားကိုပြောဖူးသည်။

ကျွန်တော်သည် ဂျာနယ်ကျော်မမလေး၏ စကားကိုမကြားသလိုလုပ်ပြီး တခြားစကားတွေကိုလျှောက်ပြောနေလိုက်သည်။

အမှန်ကတော့ မာနကြီးတာ ခေါင်းမာတာရယ်လို့ မဟုတ်ပါ။ လွတ်လပ်စွာ ၊အမှီအခိုကင်းစွာနေလိုခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ဘ၀တွင် ကျွန်တော် တတ်နိုင်သမျှ ထိုသို့ လွတ်လပ်စွာအမှီအခိုကင်းစွာနေခဲ့သည်ချည်းဖြစ်သည်။ ထိုသို့ အမှီအခိုကင်းလွတ်လပ်စွာနေရသည့်အတွက် ချို့ တဲ့ခြင်းဆိုသည့် တန်ဖိုးတော့ ပေးရသည်။ မည်သည့်အရာမှ အလကားမရပါ။ တန်ရာတန်ဖိုးကိုတော့ပေးရသည်ချည်းဖြစ်သည်။

Entry filed under: Uncategorized. Tags: .

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၂) ခမည်းကြိုး ၊ဆူးပန်းခွေ နဲ့ ခင်ခင်ထူး

2 Comments Add your own

  • 1. ya thu  |  December 26, 2011 at 5:52 pm

    hi

    Reply
  • 2. တမ်းတ  |  September 15, 2011 at 12:39 pm

    စောင့်မျှော်ဖတ်ရှုလျက်ပါဗျာ။ ကျေးဇူးပါ။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: