Archive for August, 2010
အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၃)- ဂျူး
ကျွန်မမှာ တစ်ကိုယ်တည်း ဖြစ်တည်နေထိုင်မှု solitude လိုအပ်သောအချိန်တွေအများကြီးရှိသည်။ အဲသည်လိုပဲ တစ်စုံတစ်ယောက်အား ဖွင့်ချရမည့် စိတ်ခံစားချက်တွေနှင့် အဖော်လိုသည့်အချိန်တွေလည်း ရှိခဲ့သည်။ လိုအပ်သည့် အချိန်မှာလိုအပ်တာကို ရနေသူသည် ဘ၀ပေးကုသိုလ်ကောင်းနေသူ ဟု ဆိုလျှင် ကျွန်မ တော်တော်ကုသိုလ် ကောင်းသည်ဟု ဆိုရမည်။ ကျွန်မဘ၀မှာရှိခဲ့သည့် အရေအတွက်အလွန်နည်းပါးသော အဖော်သုံးလေးယောက်သည် ကျွန်မ၏ ပျော်ရွှင်မှုကို ကူးစက်စွာမျှဝေခံစားပေးခဲ့သလို ကျွန်မ၏ နာကျင်မှုကိုလည်း စုပ်ယူကာ မျှဝေခံစားပေးခဲ့ကြသည်။ အဲသည့် အဖော်တွေထဲမှာ ကျွန်မ၏ ညီမအရင်းလည်း ပါဝင်နေခဲ့သည် ဆိုတော့ ပို၍ပင်ကုသိုလ်ကောင်းသည်ဟု ပြောရပါလိမ့်မည်။
(more…)
အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၂)- ဂျူး
စာရေးဆရာတွေ အနုပညာသမားတွေကို အနုပညာဈာန်ဝင်စားအောင်ဆွဲခေါ်သွားတာ အဲသည် solitude ပဲ။ အနုပညာသမားတွေသေခြင်းတရားကို ရွေးခြယ်ခြေလှမ်းလှမ်းဖြစ်အောင် ညို့ ယူခဲ့တာလည်း အဲသည် solitude ပါပဲ။
(more…)
အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၁)- ဂျူး
စာရေးဆရာတွေနှင့်ပသတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးအချိန်သည် သူတို့ အောင်မြင်ကျော်ကြားချိန်မဟုတ်။ သူတို့ ကျဆုံးခါနီးပြီ ..ဟုဝေဖန်ခံနေရချိန်၊သူတို့ ဖန်တီးသမျှ အနုပညာတွေကို လူတွေက မကြိုက်နိုင်သည့် အချိန်ပဲဖြစ် သည်။ အနည်းဆုံး ကျွန်မတစ်ဦးတည်းအမြင်မှာပေါ့လေ။ အဲသည့် အချိန်မျိုးမှာရှိသည့် စာရေးဆရာ၊အနုပညာရှင်တွေ၏ စိတ်ကို ကျွန်မ စိတ်ဝင်စားပါသည်။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၃)
ကျွန်တော်သည် အမျိုးသားတွေကြားထဲတွင် တစ်ယော်ထည်း အလုပ်လုပ်နေသော ဂျာနယ်ကျော်မမလေး ကိုကြည့် ၍ အံ့သြနေသည်။
သူ့ ဘေးက မှန်ဗီိရိုထဲတွင် ဂျပန်ကုမ္ပဏီများမှ ပေးပို့ သောအလှကုန်ပစ္စည်းနမူနာတွေ အလှပြထားသည်။
လက်သည်းဆိုးဆေးများ၊နှုတ်ခမ်းဆိုးဆေးများ၊မျက်တောင်ကော့သည့်ဆေးများ၊မက်စကာရာပုလင်းများ၊မျက်တောင်ကော့သည့်စုတ်တံများ။
ဂျာနယ်ကျော်မမလေး သည် ဂျပန်အလှကုန် ကြေငြာကတ်တလောက် စာအုပ်တစ်အုပ်ကိုလှန်ပြရင်း ဂျပန်အလှကုန်များအကြောင်းကို ပြောနေသည်။ သူသည် သူလုပ်သည့် လုပ်ငန်းတစ်ခုကို စိတ်ပါလက်ပါလုပ်တတ်သည်ဟု ကျွန်တော်မှတ်သားထားလိုက်သည်။
(more…)
The Hours … သီတို့ ရွှာ
သီတို့ ရွာဆိုတဲ့ ကြည်အေး ၀တ္ထု ကိုပြန်ဖတ်ပြီး The Hours ကို ပြန်ကြည့်ချင်လို့ ကြည့်လိုက်တယ်။ ဒါပေမယ့် ရုပ်ရှင်ထက် ကြည်အေးရဲ့ အဖွဲ့ အနွဲ့ ကိုပိုသဘောကျသလိုဖြစ်နေမိပြန်ရော။ ဖွဲ့ ထားတာတွေ သိပ်လှတာပဲ ဆိုပြီး တသသနဲ့ ဖတ်လိုက်၊ပြီးတော့ စိတ်ထဲမှာမောသွားလိုက်နဲ့ ။ အစက “သီတို့ ရွာ”ဆိုတဲ့ ၀တ္ထု ကို အစအဆုံး ရိုက်တင်မယ်စိတ်ကူးသေးတယ်။နောက်တော့ပျင်းတာနဲ့ ပဲ အကြိုက်ဆုံးစာသားလေးတွေကိုပဲ ထုတ်ပြီးမှတ်လိုက်တော့ တယ်။ စိတ်ဝင်စားရင် “သီတို့ ရွာ”ကို ဖတ်ကြည့်ကြပါဦး။ဖတ်လို့ အတော်ကောင်းတာပဲ။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၂ )
ကျွန်တော်သည် ဂျာနယ်ကျော်မမလေးကို ကြည့်၍ အံ့အားသင့်နေသည်။ သူသည် အလုပ်တစ်ခုကိုလုပ်လျှင် စိတ်ရော ကိုယ်ပါ လုပ်တတ်သည်။ ထိုကာလအတွင်း၌ ဂျာနယ်ကျော်မမလေးသည် အဘအိုင်ကလောင်ဆရာကြီးထံတွင် ဆေးပညာဆည်းပူးသည်။ သူ့အိမ်မှာပင် ဆေးချက်သည်။ တစ်နေ့တွင် သူဆေးချက်ရာသို့ လိုက်ကြည့်ပါဟု ခေါ်သဖြင့် ကျွန်တော်လိုက်ကြည့်သည်။ ဆေးမြစ်တွေ၊ဆေးရွက်တွေ၊ဆေးဖက်ဝင်ပစ္စည်းတွေကို အိုးကြီးတစ်လုံးထဲ ထည့်ပေါင်းပြီး ထိုအိုးမှ ကျလာသော ပေါင်းရည်ကိုခံယူသည်။
(more…)
မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၁)
ကျွန်တော်က ဂျာနယ်ကျော်မမလေးကို စာဖတ်ရန် ကြုံတိုင်းပြောတတ်သည်။ သည်တစ်ချက်တွင်မူ ဂျာနယ်ကျော်မမလေးသည် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းနှစ်ခုလို ကွာခြားသည်ဟု ကျွန်တော်ထင်သည်။ ဂျာနယ်ကျော်မမလေးက စာဖတ်နည်းသည်။ ကျွန်တော်ငယ်ငယ်က ဦးချစ်မောင်၏ဆောင်းပါးတစ်ပုဒ်ထဲတွင် စာဖတ်နည်းကိုပင်ရေးထားသည်ကိုတော့ တွေ့လိုက်ရသေးသည်။
(more…)
Recent Comments