Archive for May, 2010

လွမ်းလို့ မက်တဲ့ အိပ်မက်

မနေ့ညက ကျွန်မ အိပ်မက်မက်သည်။

မကြာခဏမက်လေ့ရှိသောအိပ်မက်မျိုးပါပဲ။ တစ်လကို အနည်းဆုံး နှစ်ခါလောက်တော့ မက်လေ့ရှိတယ်ထင်သည်။ အိပ်မက်ထဲတွင် ကျွန်မချစ်သောဇာတိမြို့လေးရဲ့ တောင်တစ်တောင်ပေါ်တွင်ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားနေကြသည်တဲ့။ အဘွား၊အမေတို့နဲ့ စကားတွေပြောပြီး တောလမ်းလေး အတိုင်း လမ်းတွေလျှောက်နေသည်။ ဘုန်းကြီးကျောင်းကိုတော့ မရောက်လိုက်ပါ။ လမ်းလျှောက်နေရာကနေ အမျိုးအိမ်တစ်အိမ်ရောက်သွားသည်။ ကပေါက်တိကပေါက်ချာမက်နေသော အိပ်မက်သည် စကားတွေဖောင်ဖောင်ပြောပြီး မုန်ညင်းပေါင်း၊ ခေါက်ဆွဲ၊မြီးရှည်၊၀က်သားချဉ် စသည့် အစားစုံရောင်းသောညဈေးတန်းမှာ အဆုံးသတ်သွားခဲ့သည်။

ကျွန်မ၏အိပ်မက်တွေမှာ ဆောင်းရာသီမရှိသောဒေသမှာနေပြီး မက်ပေမယ့် ဆောင်းတွင်းအိပ်မက်လိုပဲ ကယောက်ကယက်ဖြစ်နေတတ်သည်။ ဘာအကြောင်းအရာရယ်လို့လည်း ရေရေရာရာမရှိပါ။ ကျွန်မ၏အိပ်မက်တွေကိုနိမိတ်ကောက်စရာလည်းမလိုပါ။ တကယ်တော့ ကျွန်မ၏ အိပ်မက်များသည် ကျွန်မအတွက် စိတ်ဖြေစရာအိပ်မက်များသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်မမက်သမျှ အိပ်မက်တိုင်းလိုလိုသည် လွမ်းလို့ မက်ရသော အိပ်မက်များသာဖြစ်နေသောကြောင့်တည်း။ အနည်းဆုံးတော့ ကျွန်မလွမ်းနေသော နေရာများ၊လူများ၊ အစားအစာများ၊ ဖြစ်ရပ်များအားလုံးကို အိပ်မက်ထဲမှာ တွေ့ ကြုံခံစားလိုက်နိုင်သည်။ ထို့ ကြောင့် ကျွန်မ အိပ်မက်များကိုချစ်ပါသည်။
(more…)

Advertisements

May 8, 2010 at 1:21 am 2 comments

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၈)

လက်ရေးရှင်မှာ အခြားသူမဟုတ်။ ကိုစောဦး (သို့) ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင်သတင်းစာ အယ်ဒီတာ ဦးစောဦး (သို့ ) ဂုဏ်ရောင် ၊ ကိုစောဦး၏လက်ရေးကို ကျွန်တော်ဘယ်မှာမမှတ်မိပဲရှိပါမည်နည်း။

သူနှင့် ကျွန်တော်သည် ၁၉၄၆ ခုနှစ်လောက်ကစ၍ သိကျွမ်းခဲ့ကြသည်။ စာပေအဖွဲ့ အစည်းများတွင် အတူတူလုပ်ခဲ့ကြဖူးသည်။ သည်တုန်းက သတင်းစာဆရာကြီးတစ်ဦး၊စာရေးဆရာကြီးတစ်ဦး၊အောင်မြင်ထင်ရှားသော သတင်းစာဆရာအဖြစ် မှတ်တိုင်တွေ စိုက်ထူခဲ့ပြီးပြီ။ ထင်ရှားသည့် စာရေးဆရာကြီးတစ်ဦးအဖြစ် မှတ်တိုင်တွေ စိုက်ထူခဲ့ပြီးပြီ။ ကျွန်တော်ကတော့ ကျောင်းသားအရွယ် အသက် ၂၀ ပင်မပြည့်တတ်သေး။ (more…)

May 7, 2010 at 2:52 pm Leave a comment

ရခိုင်ငရုတ်သီးချက်စပ်စပ်လေး …

အစပ်ကြိုက်သူများအတွက် ချက်ရလွယ်တဲ့ ဟင်းတစ်ခွက်ကို မျှဝေချင်ပါတယ်။ ချက်ရတာကအရမ်းလွယ်ပြီး စားလို့ အရမ်းကောင်းတဲ့ ရခိုင်ငရုတ်သီးချက်လေးပါ (ရေးနေရင်းတောင် ချက်ချင်းစားချင်လာပြီ)။ (more…)

May 5, 2010 at 8:30 pm 7 comments

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၇)

ကျွန်တော်သည် ဂျာနယ်ကျော်ကိုစောဦး (ဂုဏ်ရောင်) နှင့် မကြာခဏ တွေ့ဖြစ်၏။ ဘာရယ်လို့တော့ မဟုတ်။ ကိုယ်က စာရေးဆရာပေါက်စ၊ သူကသတင်းစာဆရာကြီး၊စာရေးဆရာကြီးဖြစ်သည်။ သူအရေးအသားတွေကို ကျွန်တော်သဘောကျသည်။ စစ်မဖြစ်ခင်ဂျာနယ်ကျော်တွင် သူရေးခဲ့သည့် ၀တ္ထုတိုလေးတွေ၊စစ်မဖြစ်မီက သူရေးခဲ့သည့် ညမဖတ်ရ ဆိုသည့် ရင်ထိတ်သည်းဖို ၀တ္ထုတိုများနှင့် စစ်ပြီးစက ထွက်ခဲ့သော မျှော်လေတိုင်း ဆိုသည့် ၀တ္ထုတိုကလေးကိုလည်း သဘောကျသည်။ သူဘာသာပြန်သော လက်ဝဲစာအုပ်များကိုလည်း ကျွန်တော် သဘောကျသည်။

ဂုဏ်ရောင် ဂျာနယ်ကို သူဦးစီး ထုတ်စဉ်ကလည်း ကျွန်တော်တို့တစ်တွေက ဆောင်းပါးအတိုအစလေးတွေကိုရေးခဲ့ဖူးသည်။ ထို့ကြောင့် ဂျာနယ်ကျော်မမလေး ပြန်လည်ထုတ်ဝေမည့် သတင်းစာ၊ဂျာနယ်လုပ်ငန်းတွေမှာ လုပ်စေချင်သည်။ သို့ရာတွင် ကိုစောဦးသည် သတင်းစာလုပ်ငန်းဆိုသည့် အချစ်ဟောင်းကို မေ့ကာ တိုင်းရင်းဆေးပညာ အချစ်သစ်၏ ရင်ခွင်တွင် ပျော်နေလေပြီ။
(more…)

May 5, 2010 at 7:21 pm 2 comments


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,765 hits