ုမြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၇)

July 13, 2010 at 3:49 pm 3 comments

အပိုင်း ကိုး

“ပြည်ရွှေဘို မြို့တော်မြောက်ဆီက
ချောင်းရေတွေ ပေါက်ပါလို့ မကူးနိုင်
မမလေးတို့ နှင်းဆီခိုင်
တဆိတ်စာ မောင်ကိုင်ရရင်
ကူးနိုင်ရဲ့ လေး….။“

ဂျာနယ်ကျော်မမလေး အကြောင်းကိုရေးနေရင်း ကျွန်တော်သည် အထက်ပါကဗျာလေးကို သတိရနေမိလေသည်။

ဂျာနယ်ကျော်မမလေး သည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်သည့်  ဆယ်နှစ်မြောက် နှစ်ပတ်လည်တွင် “ဆယ်နှစ်“ ဆိုသည့် ဆောင်းပါးတိုလေး တစ်စောင်ကို ရှုမ၀မဂ္ဂဇင်း တွင်ရေးခဲ့လေသည်။ ထိုဆောင်းပါးတိုလေးသည် သူ့ဘ၀အတွက် ကြီးစွာသော အပြောင်းအလဲကြီးတစ်ခု ကြီးမားသောကွေ့ ကြီးတကွေ့ ဖြစ်ခဲ့လေသည်။

ထိုဆောင်းပါးမှာ ဆယ်နှစ်အတွင်း မုဆိုးမ ဘ၀ဖြင့် ရုန်းကန်လာခဲ့ရပုံကို ရေးသားခြင်းပင်ဖြစ်လေသည်။”ဆယ်နှစ်” ဆောင်းပါး ပါပြီးနောက် မကြာမီ သူ့ထံသို့ ရှုမ၀မဂ္ဂဇင်းမှ တစ်ဆင့် ရွှေဘိုထောင်ထဲမှ ရေးလိုက်သည့် ကွန်မြူနစ်တစ်ဦး၏ စာရှည်ကြီးတစ်စောင် ရောက်လာလေသည်။

စာထဲတွင် ဂျာနယ်ကျော်မမလေး၏ စာများကို ဖတ်ခဲ့ကြောင်း၊သူငယ်စဉ်ကတည်းကပင် ဦးချစ်မောင်၏ အကြောင်းကို ကြားဖူးဖတ်ဖူးခဲ့သဖြင့် ဦးချစ်မောင်လို လူတော်လူကောင်း တစ်ဦးဖြစ်ရန်ကြိုးစားခဲ့ကြောင်း၊ ဆယ်နှစ် ဆောင်းပါးကို ဖတ်ရှုပြီး ဂျာနယ်ကျော်မမလေး၏ ဘ၀ကို စာနာမိကြောင်း၊ချီးကျူးလည်းချီးကျူးမိကြောင်း၊မိမိသည် ရန်ကုန်ကြည့်မြင်တိုင် ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းကပင် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ကျွမ်းဝင်ဆက်စပ်ခဲ့ကြောင်း၊ ထို့နောက် ရန်ကုန် တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြောင်း၊ထို့နောက် တောထဲရောက်ခဲ့ကြောင်း၊တောထဲမှ တာဝန်ပေးချက်အရ အထက်မြန်မာပြည်တွင် တာဝန်ယူနေစဉ် အဖမ်းခံခဲ့ရပြီး ရွှေဘိုထောင်ထဲသို့ ရောက်ခဲ့ကြောင်း၊ မိမိထောင်မှ လွတ်လာလျှင် နိုင်ငံရေးဆက်မလုပ်တော့ပဲ အခြားအလုပ်တစ်ခုခု လုပ်ရန်စိတ်ကူးထားကြောင်း၊ ထိုအခါတွင် ဂျာနယ်ကျော်မမလေး နှင့် လာရောက်တွေ့ ဆုံလိုကြောင်း၊မိမိ တတ်နိုင်သည့် အကူအညီများလည်း ပေးလိုကြောင်းဖြင့် စာမှာဖော်ပြထားသည်။ စာအောက်တွင် “အောင်ဇေယျ “ဟု လက်မှတ်ထိုးထားသည်။

ထိုအကြောင်းကို ဂျာနယ်ကျော်မမလေး က ပြည်ရွှေဘို မြို့တော်မြောက်ဘက်ဆီက ဆိုသည့်ခေါင်းစဉ်ဖြင့် ရှုမ၀တွင် ဆောင်းပါးရေးခဲ့သည်။


တစ်နေ့ ဂျာနယ်ကျော်မမလေး ၏ ရုံးခန်းသို့ ကျွန်တော်ရောက်သွားသည့်အခါ သူက

“ရှုမ၀ ထဲက ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ပြီးပြီလား“ ဟုမေးသည်.

“ဖတ်ပြီးပါပြီ။“

“ဘယ်လိုသဘောရသလဲ”

“ကောင်းပါတယ်”ဟု ကျွန်တော်ကလိုရင်းကိုဖြေသည်။

ဟုတ်သားပဲ။ သူ့ဆောင်းပါးက ဖတ်လို့ ကောင်းသားပဲ။ ဂျာနယ်ကျော်မမလေးသည် စာရေးကောင်းသူဖြစ်ရာ သူ့ဆောင်းပါး၊၀တ္ထု စသည်တို့မှာ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ နှင့်ဖတ်၍ ကောင်းပါသည်။ ထိုမျှမက စကားပြောရာမှာလည်း ထို့အတူပင်။
အကြောင်းအရာတစ်ခုကို တော်ရုံတန်ရုံစိတ်မ၀င်စားသူပင် နားစိုက်၍ ထောင်ရလောက်အောင် သိုင်းဝိုင်းဖွဲ့ နွဲ ပြောတတ်သူဖြစ်ပါသည်။

ထိုမျှမကသေးပါ။ ဂျာနယ်ကျော်မမလေးသည် အနေအထိုင်၊အပြုအမူမှာလည်း ဧည့်ခန်းထဲသို့ ၀င်လိုက်သည်နှင့် သူ့ကို လူများက အာရုံရောက်လာအောင်၊ စိတ်ဝင်စားလာအောင် ဧည့်ခန်းထဲသို့ ခမ်းနားစွာ ၀င်ခြင့် (Grand Entrance) ကို အတတ်ပညာတစ်ခုအနေဖြင့် တတ်မြောက်ထားသူဖြစ်ပါသည်။

ထို့အတူ ၀တ္ထုအစ၊ဆောင်းပါးအစ ကိုလည်း ခမ်းနားစွာ အစပျိုးခြင်း (Grand Entrance) ကို အတတ်ပညာ တစ်ခုအနေနှင့် တတ်မြောက်ကျွမ်းကျင်သူဖြစ်ပါသည်။

သူရေးသည့် ‘မုန်း၍ မဟူ’ကို ကြည့်မလား၊ ‘စိတ်’ ကိုကြည့်မလား၊ ‘ရင်နင့်အောင်မွှေး’ ကို ကြည့်မလား၊ ‘သွေး ‘ကို ကြည့်မလား။’ စိတ် ‘၀တ္ထုအစပိုင်းတွင် ဖော်ပြထားသည့် ဒေါက်တာမစောလင်း ၏ ရုပ်ပုံလွှာ ကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင်။

ဒေါက်တာမစောလင်းသည် စီးကရက်ကို တလိပ်ပြီးတလိပ်ဖွာရင်း အဖေ့အလောင်းကြီး မီးကျွမ်းသွားသည်ကို ငေးကြည့်နေသည်။ မိုးစက်သေးလေးတွေ ကျလာသည့်တိုင် ထိုင်ရာက မထ။ လေပြင်းတိုက်သဖြင့် ခေါင်းပေါ်သို့ ၀ဲကျလာသော ဆံပင်တို့ကိုလည်း ဖယ်ရှားခြင်းမပြု။ ရှိုက်လည်းမရှိုက်၊ငိုလည်းမငို။

ဂျာနယ်ကျော်မမလေးသည် ဒေါက်တာမစောလင်း၏ ဇာတ်ဆောင်စရိုက်ကို ဤသို့ ခမ်းနားစွာ အစပျိုးထားလေးသည်။ စာရေးဆရာမ ဂျာနယ်ကျော်မမလေးသည် ဧည့်ခမ်းတစ်ခုထဲသို့ ခမ်းနားစွာ ၀င်လာသကဲ့သို့ ဒေါက်တာမစောလင်း သည်လည်း ၀တ္ထု ဇတ်လမ်းထဲသို့ ခမ်းနားစွာ ၀င်လာခဲ့လေသည်။

ဤသည်မှာ ဂျာနယ်ကျော်မမလေး၏ လူမှုဆက်ဆံရေး ဟန်နှင့် အနုပညာဟန်ဖြစ်လေသည်။

ကျွန်တော်က သူ့ဆောင်းပါး နှစ်ပုဒ်နှင့်ပတ်သက် ၍ ထင်မြင်ချက်တောင်းသည့်အခါတွင် ထိုအကြောင်းတွေကိုမပြော။ “ကောင်းပါတယ် “ဟု ခပ်တိုတိုပင်ပြောလိုက်သည်။

“ရှင်လဲ ကျောင်းသားလှုပ်ရှားမှုတွေ လုပ်ခဲ့တာပဲ။ သူ့ကို သိမှာပေါ့။”

“ကျွန်တော်နဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေထဲမှာတော့ ကိုအောင်ဇေယျ ဆိုတဲ့ နာမည်မရှိဘူး။ဒါပေမယ့် တောထဲရောက်မှ ပြောင်းတာဖြစ်ချင်ဖြစ်မှာပေါ့။”

“ကိုအောင်ဇေယျဆိုတာ သူ့နာမည်ရင်းမဟုတ်ဖူးရှင့်။ ကျွန်မက ပေးလိုက်တာ။ လူက ရွှေဘိုထောင်ထဲကနေ ရေးလိုက်တော့ သူ့နာမည်ရင်းကို မခေါ်ချင်တာနဲ့ ကိုအောင်ဇေယျဆိုပြီးပေးလိုက်တာ။”

သူက ပြုံး၍ ပြောသည်။

“သူ့နာမည်ရင်းက ဘယ်သူတဲ့လဲ။”

“ကိုစံလွင်တဲ့.။ တက္ကသိုလ်ကနေပြီးတောခိုသွားတာ။”

သြော် ဟုတ်ပေသားပဲ။

(ဓာတ်ပုံတွေကို ရာပြည့်စာအုပ်တိုက်ကထုတ်တဲ့ ဂျာနယ်ကျော်မမလေး ဘ၀ပုံရိပ် ၀တ္ထုတိုများ စာအုပ်ကနေ scan ဖတ်ထားပါတယ်)

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ုမြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၆) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၈)

3 Comments Add your own

  • 1. pregnancy advice  |  July 11, 2013 at 2:09 am

    What i do not understood is in reality how you’re now not really much more well-liked than you might be now. You’re
    so intelligent. You recognize therefore significantly in the case of this matter, made me for
    my part believe it from a lot of various angles.
    Its like men and women don’t seem to be fascinated except it’s something to accomplish with Girl gaga!
    Your own stuffs outstanding. At all times maintain it up!

    Reply
  • 2. ကိုထိုက်  |  July 15, 2010 at 1:40 pm

    အစ်မ ရေ ……… ကျနော် နေ့တိုင်း ကြည့်နေရပါတယ် …. မျှော်နေရပါတယ်။ နောက် အပိုင်းတွေကိုပေါ့လေ….. ဟဲဟဲ ကိုရီးယားဇာတ်လမ်းတွဲ မျှော်နေရသလိုပါပဲ။
    မရွှေမိ ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ စာလည်း များများရိုက်ပြီး ၊ မြန်မြန်တင်ပေးနိုင်
    ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    လေးစားစွာဖြင့်
    ကိုထိုက်

    Reply
  • 3. shwezinu  |  July 14, 2010 at 10:57 pm

    မရွှေမိရေ

    အားလုံးဖတ်ပြိးသွားပြီနော် ကျေးဇူးအထူးတင်ပါတယ်ဗျာ
    ဆက်လက်စောင့်မျှော်လျှက်ပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: