Archive for June, 2010

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၃)

အပိုင်း ခုနစ်

ဂျာနယ်ကျော်ဦးချစ်မောင်ကို ကျွန်တော်မမီလိုက်ပါ။ သို့ရာတွင် သူ၏ဆောင်းပါးများနှင့် အထူးသဖြင့် ရွှေလင်းယုန် အမည်ဖြင့်ရေးသော “သူ“၀တ္ထုကြီးမှ တစ်ဆင့် ဦးချစ်မောင်၏ စရိုက်ကို ကျွန်တော်အကဲခတ်မိသည်။ သူ့စိတ်နေစိတ်ထား၊သူ့ စာပေအယူအဆ၊သတင်းစာအမြင် စသည်တို့ကို လူပြောသူပြောဖြင့်သိခဲ့ရသည်။ (more…)

Advertisements

June 22, 2010 at 3:19 pm 1 comment

Carla Bruni – Quelqu’un ma dit

မင်းကိုယ့်ကိုချစ်နေတုန်းပဲလို့ ဘယ်သူပြောခဲ့တာလဲဆိုတာကိုယ်မမှတ်မိတော့ဘူး။ အဲဒီညက နောက်ကျနေပြီလေ။ပြောတဲ့သူရဲ့ အသံကိုတော့ ကြားမိနေတုန်းပဲ။ မျက်နှာကိုမမြင်ယောင်မိတော့ဘူး။ “သူမင်းကို ချစ်တယ်။ အဲဒါ လျှို့ ၀ှက်ချက်တစ်ခုပဲ။အဲဒီအကြောင်းကို မင်းကိုငါ မပြောပြသင့်ဘူးလို့ လဲပြောတယ်“

မင်းသိရဲ့ လား။ ကိုယ့်ကို တစ်ယောက်က ပြောတယ် မင်းကိုယ့်ကို ချစ်နေတုန်းပဲတဲ့။ အဲဒါဖြစ်နိုင်ပါ့မလား။ ~~~

Quelqu’un m’a dit (someone told me) ငါ့ကို တစ်ယောက်ကပြောတယ် လို့ အဓိပ္ပာယ်ရတဲ့ ပြင်သစ်သီချင်းလေး။ (more…)

June 20, 2010 at 10:03 pm 3 comments

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၂)

အပိုင်းခြောက်

ရှာလီဝေလင်ပြောသွားသော စကားများသည် သတင်းစာအတတ်ပညာ၏ ဒဿနဖြစ်သည်။ လောကအမြင်လည်းဖြစ်သည်။ ကွိဒ် ၀တ္ထုသည် လွန်ခဲ့သော အနှစ်ရှစ်ဆယ် ခန့်က ပေါ်ခဲ့သော ၀တ္ထုဖြစ်ရာ ရှာလီဝေလင်၏ လောကအမြင်၊သတင်းစာပညာဆိုင်ရာ ဒဿနတို့သည် အလွန်ခေတ်မီဆန်းသစ်နေသည်။

ဂျာနယ်ကျော်ဦးချစ်မောင်သည် ထိုအထဲက ရှာလီဝေလင် ၏ သတင်းစာပညာဆိုင်ရာ ဒဿန ကို သဘောကျဟန်တူသည်။ သူမှမဟုတ်ပါ။ ကွိဒ် နှင့် ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျခဲ့သည့် ဗန်းမော်တင်အောင်ကလည်း ထိုအမြင်ကို သဘောကျသည်ဟု ကျွန်တော်ထင်သည်။ ဗန်းမော်တင်အောင်၏ ဒေါက်တာရေချမ်း သည် ကွိဒ် လို လောကကြီးနှင့် ကင်းကင်းနေသူတစ်ယောက်၊လူတွေနှင့်ကင်းနေသူ တစ်ယောက်၊ ထိုအမြင်ကို ခင်မမ(ဟုထင်သည်) [ခင်ခင်ကြီးဖြစ်ပါတယ်]ကကျွတ်အောင် ချွတ်သွားခဲ့သည်။
(more…)

June 18, 2010 at 9:28 pm 1 comment

အတွေ့ထူးသူ

်ပဉ္စပါပီ အကြောင်းကို နှစ်သက်စရာဖြစ်အောင်ရေးဖွဲ့ ထားတဲ့ ဆရာရွှေတိုင်ညွန့် ရဲ့  သီချင်းလေးပါ။ (more…)

June 18, 2010 at 12:51 am 1 comment

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၁)

ဥရောပတွင် ဒုတိယကမ္ဘစစ် စတင်ခဲ့ပြီးနောက် များမကြာမီ တစ်ခုသော ညနေတွင် ဆူးလေဘုရားလမ်းရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်သော ပခုက္ကူအမတ် ဦးအောင်ညွန့် (ဦးအံ့ကြီး) ထံသို့ သူ၏ သားချင်းတစ်ဦးထံမှ စာတစ်စောင်ရောက်ရှိလာပါသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းသွား ဆာဟာဗေးအဒမ်ဆင် သင်္ဘောဖြင့် တနင်္သာရီဘက်သို့ လိုက်သွားရာ လမ်းခရီးပင်လယ်မှ ကိုက်ပေါင်း (ကိုက်အတိအကျ ကျွန်တော်မမှတ်မိတော့ပါ) ဤမျှအကွာတွင် ပေါက်ကွဲမှုကြီးဖြစ်ပြီး ပင်လယ်ရေပြင်ကြီးမှ မိုးပွင့်ကြီးများပမာ ရေများကောင်းကင်သလို့ ဖြာတက်သွားခဲ့ကြောင်း ၊သူနှင့်တကွ ခရီးသည်များအားလုံး တုန်လှုပ်ခြောက်ချားသွားခဲ့ရကြောင်း စသဖြင့် စာထဲတွင် ပါလာပါသည်။
(more…)

June 17, 2010 at 3:07 pm 5 comments

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၀)

ဆရာဦးချစ်မောင် နှင့် မြန်မာ့အလင်း

ကိုမြသန်း၏ ဆောင်းပါး တွင် ဝေလမင်းသား နန်းစွန့်သည့် သတင်းကို အစိုးရက ထုတ်ပြန်ခြင်းမပြုမီ သတင်းစာထဲတွင်ထည့်သွင်းမိသဖြင့် မြန်မာ့အလင်းသတင်းစာတိုက်ကို အစိုးရက အာမခံတောင်းရာ မြန်မာ့အလင်းက အာမခံပေးရန် ငြင်းဆန်ခဲ့သဖြင့် သတင်းစာတိုက်ကို ပိတ်လိုက်ရသည်။ ဤတွင်ဦးချစ်မောင်လည်း အလုပ်လက်မဲ့ဖြစ်သွားလေသည်။ ဦးချစ်မောင်သည် သူကိုယ်တိုင်ကြီးကြပ်၍ ဂျာနယ်တစ်စောင် ထုတ်ဝေခဲ့သည်။ ယင်းမှ ဂျာနယ်ကျော် ဖြစ်လေသည် ဟု ရေးသားဖော်ပြခဲ့ပါသည်။

တကယ့်ဖြစ်ရပ်မှန်မှာ ထိုအတိုင်းမဟုတ်ခဲ့ပါ။
(more…)

June 17, 2010 at 12:45 am Leave a comment

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၉)

အားလုံးက ရင်ခွင်ထဲမှာ အမြတ်တနိုးထည့်မထားဘူး။ အားလုံးကလည်း ခြေထောက်နဲ့ ကန်မပစ်ဘူး။ ဒီတော့ ခြေထောက်နဲ့ ကန်ပစ်ချင်တဲ့လူမျိုးကို ဒီစာအုပ်ကောင်းလှပါတယ် တိုက်တွန်းယုံနဲ့ ဒီလူစိတ်ပြောင်းသွားမှာလား။ ဒီစာအုပ်မျိုးကိုမှ အမြတ်တနိုးစောင့်မျှော်နေတဲ့လူမျိုးကိုကော ဒါကောင်းတယ်လို့ ပြောစရာလိုသေးသလား။ ခင်ဗျားမပြောပေမယ့် သူကတော့ စောင့်ပြီးကြိုဆိုနေမှာပဲ။

“လူတွေဟာ အကြောင်းရှာမရတဲ့ ဒေါသတွေ၊အကျိတ်အခဲတွေရင်ထဲမှာ ကိန်းအောင်နေကြတယ်။ ဘာဖြစ်လို့ ဒေါသကြီးနေရသလဲ ။ ဘယ်သူ့ကိုစိတ်ဆိုးနေသလဲ။ ငါ့ဘ၀ဟာဘာဖြစ်လို့ ဒီလိုမှောင်နေသလဲ၊မှောင်တာဟာဘာကြောင့်လဲ၊တစ်ယောက်ကိုတစ်ယောက် ဘာအကြောင်းကြောင့်သတ်ဖြတ်ချင်နေကြသလဲ၊သူတို့ကိုယ်တိုင်ကကော ဘာဖြစ်လို့ မနာလိုဝန်တိုဖြစ်နေရသလဲ၊သူ့အိတ်ထဲကပစ္စည်းကို ငါ ဘာဖြစ်လို့ နှိုက်ယူချင်နေရတာလဲ။ “ (more…)

June 13, 2010 at 3:28 pm 4 comments

Older Posts


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,765 hits