Happy Birthday …Daw Kyi Aye

December 12, 2010 at 3:45 pm Leave a comment

အနုပညာကျွန်း

ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော လှေအမျောမှာ
တယောလဲ့လဲ့ တီးတိုးနွဲ့ ရင်း
ဆိုဖွဲ့ သီချင်း ဖြည်းညှင်းသီဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။

အဲသည်မှာလေ
စာပေကိုဖတ် ကဗျာစပ်လိုက်
ဆောက်အပ်တွေစု ရုပ်တုထုလိုက်
နုရင့်ရောင်တွဲ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။

နေရစ်တော့နော်
ကြော့ကြော့ကလေး လအေးအေးအောက်
ငှက်တေးသံညှင်း မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ သစ်နွယ်ငြိချိန်
စိတ်၏အစာ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ် ။ ။

တာရာမဂ္ဂဇင်း အတွဲ ၄ အမှတ် ၂၇

(ဒေါ်)ကြည်အေး ရဲ့ ဒီဇင်ဘာ ၁၃ မှာ ကျရောက်တဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အမှတ်တရ အဖြစ် အကြိုက်ဆုံး ကြည်အေး ကဗျာတွေထဲက တစ်ပုဒ်ကို တင်လိုက်ပါတယ်။

သူရေးခဲ့ တဲ့ ဒီကဗျာလိုပဲ စာပေကိုဖတ် ကဗျာစပ်လိုက် ၊ နုရင့်ရောင်တွဲ ပန်းချီဆွဲလိုက်နဲ့ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်း နေမယ်လို့ ယုံကြည်မိပါတယ်။ ရှေ့ ဆက်ပြီးလည်း အနုပညာတွေကိုခံစားဖန်တီးရင်း ငြိမ်းချမ်းတဲ့ဘ၀နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(photo: အင်တာနက်ပေါ်ကရှာလိုက်တဲ့ပုံ)

အသက်အရွယ်အရ စာတွေအများကြီးထပ်ရေးဖို့ စိတ်မပါလှတော့ဖူးဆိုရင်တောင် သူဖန်တီးခဲ့တဲ့ အနုပညာတွေက ခေတ်အဆက်ဆက်ရှင်သန်လှပနေဦးမယ်ဆိုတာကလည်း အသေအချာပါပဲ။

“ကျွန်မ၏စာသည် ဘယ်သစ်တစ်ပင်အတွက်ဖြစ်စေ နှင်းရည်တစ်ပေါက်အနေဖြင့် အေးမြစေသည် ဆိုလျှင် လိုတာထက်ပို၍ ရခြင်းလို့ ထင်ပါသည်။”လို့ ဆိုခဲ့တဲ့ (ဒေါ်)ကြည်အေးရဲ့ စာတွေ၊ကဗျာတွေဟာ စာချစ်သူတွေရဲ့ နှလုံးအိမ်ထဲမှာ အေးအေးမြမြစိုစွတ်နေမယ့် နှင်းရည်ပေါက်လေးတွေပါပဲ။

Entry filed under: ကြည်အေး, Sharing. Tags: .

ငှက်တို့၏ တေး မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၇)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: