မြနှောင်းညို Fan Page on Facebook

January 10, 2011 at 3:48 pm 7 comments

ဟိုတနေ့က လိပ်ပြာစိမ်း၍ စာအုပ်အကြောင်းပြောရင်း အန်တီမြနှောင်းညို နဲ့လည်း စကားမပြောရတာကြာလို့ (နောက်ဆုံး ထွက်တဲ့စာအုပ်သိပ်မကြိုက်ဖူးပြောမလို့တော့မဟုတ်ပါဘူး :D) အွန်လိုင်းမှာ စကားပြောဖြစ်တယ်။ အဲဒီကနေ ဟိုရောက် ဒီရောက် ပြောလိုက်ကြတာ နောက်ဆုံးတော့ စာရေးဆရာတွေရဲ့ Facebook ပေါ်က Fan Page တွေအကြောင်း ရောက်သွားတယ်။

ကိုယ်ပဲအပြောကောင်းသွားတာလား၊အန်တီလေးကပဲစိတ်ဝင်စားသွားသလား မသိပေမယ့်လို့ သူလဲ Fan Page လုပ်ချင်တယ် ဆိုပြီးပြောလာတယ်။ဒါပေသိ လူကြီးဆိုတော့ Facebook ကိုလည်း အကောင့်တစ်ခုထားတာကလွဲရင် သိပ်မရင်းနှီးတော့ သမီးလုပ်ပေးပါလားဆိုတာနဲ့ ပဲ page တစ်ခုလုပ်ပေးထားလိုက်တယ်။ လုပ်ပေးထားတယ်ဆိုပေမယ့် အဲဒီ မှာ ပုံတင်တာ၊စာတင်တာ၊notes တင်တာတွေအကုန်လုံးက အန်တီပို့ ပေးတာတွေကိုပဲတင်ထားတာပါ။ တကယ်လို့ ကိုယ်တင်ပေးချင်တာလေးရှိခဲ့မယ်ဆိုရင်လည်း သူ့ သဘောတူညီချက်ရမှ တင်မှာပါ။ မနေ့ ညကမှ ပြောဖြစ်တော့ အဲဒီမှာ သူ့ စိတ်ထဲ ရှိနေတဲ့ စာအုပ်တစ်အုပ်က ရင်ခွင်ဦးသို့ ပြန်ခဲ့သည်ဆိုတဲ့စာအုပ်တဲ့။ အဲဒီစာအုပ်လဲ မဖတ်ဖူးပါဘူး။ တကယ်တော့ ဖတ်ဖူးတဲ့ မြနှောင်းညိုစာအုပ်က ဆယ်အုပ်တောင်မပြည့်ဖူးရယ်။ နောက်ပြန်ထုတ်တဲ့စာအုပ် တွေမှာတော့ နှစ်ဆယ်ရာစု မျက်ရည်စက်များ ဆိုတဲ့ စာအုပ်ကို တော်တော်သဘောကျတယ်။ ဖန်ပြွန်သန္ဓေသား အကြောင်း အစောဆုံးရေးတဲ့ မြန်မာဝတ္တုလို့တောင်ဆိုနိုင်မလားပဲ။

တော်တော်များများသော မြနှောင်းညို ကို သဘောကျတဲ့ စာဖတ်သူတွေ ပြောကြတာတော့ေ၇ှ့ပိုင်းမှာရေးခဲ့တဲ့လက်ရာ တွေသိပ်ဖတ်လို့ ကောင်းတယ်ဆိုတာပါပဲ။ မဖတ်ဖူးတဲ့ကျမ အတွက်ကတော့ ပြောစရာစကားမရှိပါ။သူ့ ရဲစာတွေကိုသဘော ကျတာထက် စာရေးဆရာမတစ်ယောက်ကိုခင်မင်တဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်ခင်မင်မှုမျိုးပဲရှိလို့ စာတွေအကြောင်းလည်း သိပ်မပြောတတ်ပါဘူး။ဖတ်ဖူးသလောက်လေးမှာလဲ ပြောစရာသိပ်မရှိပါဖူးလေ။ နောက်ပိုင်းဖတ်ရတဲ့ ၀တ္တုတို၊၀တ္တုရှည်တွေမှာလည်း AIDS ပညာပေးများလွန်းတာမျိုးဆို ကျော်ဖတ်ပလိုက်တာပဲ😛

မြနှောင်းညိုရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ အသည်းပန်းမှာဆူးတွေနဲ့ ရယ်…ကိုလည်း မှတ်မှတ်ရရပြောနေရ လောက်အောင် သိပ်မကြိုက်တာလဲပါမယ်။ ဒါပေမယ့် ဖတ်ရတာတော့သဘောကျခဲ့တယ်ဆိုတော့ အန်တီနဲ့ စပြီးခင်ခင်ခြင်းမှာ အဲဒီစာအုပ်အကြောင်းလျှောက်စပ်စုခဲ့တာ မှတ်မိသေး။ သမီးက အဲဒီထဲက ဆုမြတ်လှိုင် ဆိုတာ စိုးမြတ်သူဇာကိုကြည့်ပြီးရေးတာထင်တာ အန်တီ ရဲ့ ဆိုတော့ (တကယ်တော့ ထုတ်ဝေတဲ့ခုနှစ်၊ စိုးမြတ်သူဇာအောင်မြင်လာ တဲ့ခုနှစ်ဆိုတာမျိုးဆက်စပ်မစဉ်းစားပဲ ပြောချင်တာလျှောက်ပြောခဲ့တာမှန်း ခုမှသိတယ် :D) မဟုတ်ရပါဘူးကွယ်။ အန်တီအဲဝတ္တုရေးတုန်းက စိုးမြတ်သူဇာတောင် မပေါ်သေးပါဘူး တဲ့ ။ ဒါပေမယ့် စိုးသူ၊စိုးမြတ်သူဇာအတွဲ နာမည်ကြီးလာတာနဲ့ အဲဒီစာအုပ်ထပ်ထုတ်တဲ့အချိန်တော့ တိုက်ဆိုင်တယ်ထင်တယ်။အဲဒါဖတ်ရတုန်းကများ ဘယ်လိုဖတ်ဖတ် မျက်စိထဲ ကျော်ဆွေကို ဆို စိုးသူပဲမြင်တယ်၊ဆုမြတ်လှိုင် ဆိုလဲ စိုးမြတ်သူဇာ ပုံစံကွက်တိ။ သူတို့ နှစ်ယောက်နဲ့ ရုပ်ရှင်ရိုက်မယ်ဆိုပြီးနောက်တော့ ပျက်သွားတယ်ထင်တယ်။

အဲ..Facebook fan page အကြောင်းပြန်ဆက်ရရင်တော့ ဘလော့လာဖတ်တဲ့သူတွေလည်း မြနှောင်းညိုရဲ့ စာဖတ်ပရိသတ်ဆို like လိုက်ကြပါဦးနော်။ ဒီမှာကြည့်လို့ ရပါတယ်။ပရိသတ်များများမြင်ရတော့ စာရေးဆရာမ အားရှိမှာပေါ့🙂

မနေ့ညက အွန်လိုင်းပေါ် ရန်ကုန်အချိန် မနက်တစ်နာရီလောက်ထိ မရှိစဖူးထူးထူးဆန်းဆန်းရှိနေတဲ့ အန်တီလေး ကိုကြည့်ပြီး ဟယ် …ငါမြှောက်ပေးလိုက်မိတာမှားသွားပလားမသိ၊သူတော့ အလုပ်ရှုပ်နေပြီလို့တောင်တွေးလိုက်မိသေး တယ်..:D မနေ့ည ကတော့ အဲဒီပေ့ခ်ျလေးလုပ်ပေးပြီး မြနှောင်းညို စာတွေကြိုက်မယ်ထင်တဲ့ Facebook ကမိတ်ဆွေအချို့ ကို အင်ဗိုက်လုပ်လိုက်တယ်။

စကင်ဖတ်ဖို့အဆင်မပြေသေးတော့ သူ့ စိတ်ထဲ လတ်တလောရှိနေတဲ့ စာအုပ် ဆိုပြီး ရင်ခွင်ဦးသို့ ပြန်ခဲ့သည် စာအုပ်ကို ဓာတ်ပုံရိုက်ပီးပို့ ခဲ့သေးတယ်။ သိတဲ့အတိုင်း ရန်ကုန်ကွန်နက်ရှင်ရယ်၊နောက် အိမ်မှာသုံးတဲ့လိုင်းတွေကပဲ ကြာတတ်သလားတော့မသိ၊ ပုံလေးနှစ်ပုံပို့ဖို့ကို အကြာကြီးပဲ။ ကဗျာလေးတပုဒ်လဲပါ သေးတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ ကဗျာလေးပဲထင်ပါရဲ့ ။ အဲဒါကိုတော့ notes လုပ်ပြီး တင်ထားပေးတယ်။ နောက်ထပ်လည်း လုံးချင်းဝတ္တုဟောင်း တွေထဲက အန်တီသဘောကျတဲ့ စာအုပ်တွေကို စာပြန်ရိုက်ပြီး (ကိုယ်တိုင်ကလည်း စာအုပ်တွေကို ကွန်ပျူတာစာစီထားပီး သိမ်းထားချင်လို့ ရယ်၊စာအုပ်တွေကိုစာရိုက်ပေးမယ့်သူလည်း အသင့်ရှိနေတယ်ဆိုပဲ) တင်ပေးပါဦးမယ်လို့ ပြောတယ်။ဒါပေမယ့် အန်တီ့မှာလည်း အလုပ်တဖက်နဲ့ ဆိုတော့ သူပို့ ပေးမယ်ပြောတဲ့စာတွေ အဆက်မပြတ် ဖတ်ရမယ်ဆိုတာမျိုးတော့ သိပ်ကြီးမျှော်လင့်လို့ ရပေမယ်မဟုတ်ဘူး။ စာဖတ်တဲ့သူတွေ တောင်းဆိုရင်တော့ မပြောတတ်ဖူးလေ။အန်တီ့ကို ကြည့်ရတာတော့ တော်တော်စိတ်ပါနေသလိုပါပဲ။🙂

Entry filed under: စကားစမြည်, Sharing. Tags: .

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၀) ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၁)

7 Comments Add your own

  • 1. ထွန်း  |  November 13, 2011 at 11:48 pm

    ကျနော် ငယ်ငယ်ကဆရာမမြနှောင်းညိုရဲ့ ပစ်စလက် မြို့တော်ဘယ်ဆီမှာ (စာလုံးပေါင်းမှားနေပါတယ် ဒါပေမယ့် မရေးတက်လို့ပါ) ဆိုတဲ့ ၀တ္တု ကိုစွဲလမ်းခဲ့ဘူးတယ်
    လိပ်ပြာစိမ်း၍
    အကြွင်းအက်ခရာ သင်္ချာတစ်ပုဒ်
    ငွေဗျိုင်းဖြူလေးဖြစ်ချင်သည်
    နောက်နာမည်မမှတ်မိတော့တာတွေအများကြီးပဲ
    စာအုပ်ထုတ်ဝေရေးလုပ်ငန်း
    ဆေးလောကအကြောင်းတွေနဲ့ ဇတ်အိမ်ဖွဲ့ထားတဲ့ ၀တ္တု တွေအားလုံးကို
    ကြိုက်ခဲ့ပါတယ်

    မဂဇင်းထဲမှာ ဆရာမက ဟိုတယ်မှာတက်ပြီးစာရေးတယ်ဆိုလားဖတ်ဘူးတယ်း)

ို

    Reply
  • 2. အောင်ဖြိုး  |  January 13, 2011 at 2:14 pm

    ‘ပန်းကြွေပွင့်ပုံပြင်’ ကိုရော အမမကြိုက်ဘူးလား .. ကျတော်တော့ “အသည်းပန်း…” ထက်ကြိုက်တယ ။

    Reply
    • 3. Ma Shwe Mi  |  January 13, 2011 at 2:34 pm

      ပန်းကြွေပွင့်ကို မူရင်းတုန်းကပိုကြိုက်တယ်။ နောက်ထပ်ထုတ်တော့ ထပ်ဖြည့်လိုက်တာ နဲနဲ ဖီလင်အောက်သွားသလားလို့ ..။ အမက မျက်မာန်တော်မညိုးနဲ့ အချစ်ရယ် ကို ပိုကြိုက်တယ်။ ဒီတိုင်း ရိုးရိုးရှင်းရှင်းအချစ်ဝတ္တုသဘာဝကျကျလေးပါပဲ🙂

      Reply
      • 4. အောင်ဖြိုး  |  January 14, 2011 at 8:11 pm

        အဲဒါတော့ မဖတ်ဖူးသေးဘူးဗျ .. ပြောနေရင်း တနေ့ကမှ ‘ပန်းကြွေပွင့်ပုံပြင်’ ကို ပြုံးစာပေက ပြန်ထုတ်တယ် ။

  • 5. RITA  |  January 11, 2011 at 9:19 am

    ဝမ်းသာလိုက်တာ။
    နောက် ဝမ်းထပ်သာတာ တခုက “အသည်းပန်း…” ကို အင်မတန် သဘောကျခဲ့တော့ စိုးနှစ်စိုးနဲ့ ပြန်ရိုက်ဖို့ ပျက်သွားတာကိုပဲ။ ကံကြီးပေလို့။
    =D

    Reply
  • 6. K  |  January 10, 2011 at 9:48 pm

    အသဲပန်းမှာ ဆူးတွေ နဲ့ ရယ်.. က..တို့ တွေ တောင် ၈ တန်း လောက်ပဲ ရှိသေးတယ်။း) အမ တွေ သိပ်ကြိုက်ကြတယ်..
    တို့တွေ ကတော့..အဲဒီ နောက်ပိုင်း..အစောပိုင်း တွေ ဆက်တိုက် ဖတ်ဖြစ်တယ်။
    ၂၀ ရာစု မျက်ရည်စက် များ အတွက်တော့..ဆရာမ ဂုဏ်ယူထိုက်တယ်..။
    နောက် ရုပ်ရှင်ရိုက်တဲ့ တကား..စာအုပ်နာမယ်တော့ မမှတ်မိတော့.. သားအိမ်ထဲ အလုံးဖြစ်တဲ့ ရောဂါ..
    အဲလို ဆေးပညာပေး နဲ့ ရသ တွဲရေးခဲ့တာတွေ.. သိပ်ကောင်းတယ်..
    ဆရာမ အာဖရိက လိုက်သွားတဲ့နောက်ပိုင်း နဲ့..ကိုယ်တွေလည်း စာအုပ် တွေ သိပ် မဖတ်ဖြစ်တော့ ..တဖြည်းဖြည်း နဲ့..မသိတော့ဘူး..

    စာရေးဆရာမ တယောက် ရဲ့.. မှတ်တိုင်..ပြတိုက်ကလေး အဖြစ်..ဖဘ စာမျက်နှာ လုပ်ထားတာ ကောင်းပါတယ်။ တို့က..ဒုတိယ လိုက်တဲ့ လူပဲ..း))

    Reply
    • 7. Ma Shwe Mi  |  January 10, 2011 at 10:16 pm

      ဟုတ်တယ်..မနေ့ညက တွေ့ တယ်။ မကေ က ဒုတိယ🙂 အာဖရိကက ပြန်လာပြီး စာအုပ်သိပ်မရေးဖြစ်တော့ပဲ အလုပ်ထဲပဲမြှပ်သွားတယ်ထင်တယ်။ သမီးနဲ့ စခင်တာက AF မှာ ၁၉၉၉-၂၀၀၀ လောက် ကျောင်းတူတူတက်တော့ခင်တာ။ Debutante ထဲကပေါ့။🙂

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: