မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၀)

January 10, 2011 at 12:30 am 2 comments

ဂျာနယ်ကျော်ဦးချစ်မောင် ဆုံးသည့်အခါတွင် ဂျာနယ်ကျော်မမလေးသည် အသက် ၂၉ နှစ်သာရှိသေးသည်။ သို့တိုင် သူမသည် ခင်ပွန်းသည် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သည်။ သူမသည် ဦးချစ်မောင်ထုတ်ဝေခဲ့သော ဂျာနယ်ကျော် အပတ်စဉ် ဂျာနယ်ကိုဆက်လက်ထုတ်ဝေယုံသာမက ဦးချစ်မောင် စိတ်ကူးခဲ့သည့် နေ့ စဉ်သတင်းစာကြီးတစ်စောင် ကိုလည်း ဦးစီးထုတ်ဝေခဲ့သည်။ ထိုသတင်းစာမှာ ပြည့်သူ့ ဟစ်တိုင် သတင်းစာဖြစ်သည်။

“ဦးချစ်မောင်ဆုံးတော့ ကျွန်မမှာ ပုံနှိပ်စက်တွေနဲ့ လူမမယ်ကလေးတွေနဲ့ ကျန်ရစ်ခဲ့တယ်။ သူ့လုပ်ငန်းကို ကျွန်မ ဆက်လုပ်ရမယ်လို့ သစ္စာပြုထားတယ်လေ။ သူဆုံးတုံးက သူ့ကျင်းထဲကိုမြေကြီးခဲလေးတွေပစ်ချနေပေမယ့် ကျွန်မစိတ်ထဲ သစ္စာကတိခဲ တွေလိုပဲ။ ခဲလုံးကလေး တစ်လုံးပစ်ချလိုက်တိုင်း သူ့လုပ်ငန်းကို ဆက်လုပ်မယ်ဆိုတဲ့ ကတိတစ်ခွန်း ပေးမိတယ်။ ဒါပေမယ့် အခက်အခဲဆိုတာ ရှိစမြဲမဟုတ်လား။ ဂျာနယ်ကျော်ရဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာ ဟာ ကြာကြာမခံလိုက်ပါဖူး။ ဒါကတော့ ကံလို့ ပဲ ဆိုရမှာပေါ့။”

ဂျာနယ်ကျော်နှင့် ပြည်သူ့ ဟစ်တိုင်သတင်းစာထုတ်ဝေပြီး မကြာမီတွင် အေ၇းအခင်းတစ်ခုဖြစ်ပွားခဲ့သည်။ ယင်းမှာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအား မီးခွက်မှုတ်သည် ဆိုသည့် သတင်းကို ဖော်ပြခြင်းဖြစ်သည်။ ဤတွင် ထိုခေါင်းဆောင်၏ နောက်လိုက်များက ထိုသတင်းကိုထည့်သည့် ပြည်သူ့ဟစ်တိုင်သတင်းစာအပါအ၀င် သတင်းစာတိုက်များကို လူအုပ်နှင့်ချီ၍ လုယက်ဖျက်ဆီးကြခြင်းဖြစ်သည်။

“အဲဒိတုန်းက ကျွန်မရင်ထဲမှာ နာလိုက်တာလေ။ ကျွန်မရောက်သွားတော့ စာပုံနှိပ်စက်ကြီးလေးလုံးအနက် နှစ်လုံးပဲ အကောင်းကျန်တော့တယ်။ ကျန်တဲ့ခဲစာလုံးတွေ စာခုံတွေကလည်း လမ်းမမှာ ပြန့်ကြဲနေတာပဲ။ တတိုက်လုံး ရစရာ မရှိတော့ဘူး။”

ကျွန်တော် သည် အပျက်စီးပုံကြားထဲတွင် ရပ်နေသော ပျိုရွယ်သေးသော မုဆိုးမကို စိတ်မျက်စိထဲတွင် မြင်ယောင် နေလေသည်။

**************

၁၉၆၂ နောက်ပိုင်းတွင် ကျွန်တော် အထိမ်းအသိမ်း ခံရပြန်သည်။

အထိန်းသိမ်းမခံရမီ ထိုနှစ်ထဲတွင် အိမ်မှာ နေသည် ဟူ၍မရှိ။ ဂျာနယ်ကျော်မမလေးအိမ်နှင့် မိတ်ဆွေများ၏ အိမ်တွင် လျှောက်နေလေသည်။

ကျွန်တော်သည် အင်းစိန်ရှိ ကျွန်တော့်ညီဝမ်းကွဲတစ်ယောက် အိမ်တွင် နေစဉ် ကျွန်တော့်ကို ထိန်းသိမ်းလိုက်သည်။ ကျွန်တော့်ကို ထိန်းသိမ်းလိုက်ပြီးနောက် တစ်နှစ် နှစ်နှစ်အကြာတွင် ဂျာနယ်ကျော်မမလေးနှင့် ကိုအောင်ဇေယျ နှစ်ဦးလုံးကိုလည်း ထိန်းသိမ်းလိုက်ကြောင်း ကြားရသည်။ ဘာကြောင့် ထိန်းသိမ်းံရသည် ကိုမူ ကျွန်တော်မသိ။

သူတို့ နှစ်ဦးသည် ကျွန်တော့်နောက်မှ ထိန်းသိမ်းခံရပြီး ကျွန်တော့်အလျင်လွတ်မြောက်သွားကြသည်။

သူမ ပြန်လွတ်သွားပြီးနောက် မကြာခင်တွင် ရင်နင့်အောင်မွှေး ဆိုသည့် ၀တ္တုရှည်ကြီးကို ရှုမ၀မဂ္ဂဇင်း တွင် ခန်းဆက်ဝတ္တုအဖြစ် ကျွန်တော်ဖတ်လိုက်ရသည်။ ကျွန်တော်သည် ရင်နင့်အောင်မွှေး ကိုဖတ်၍ ဂျာနယ်ကျော်မမလေးကို အံ့သြသွားလေသည်။

ဂျာနယ်ကျော်မမလေး၏ စာများကို ကျွန်တော် အကုန်နီးပါးလောက် ဖတ်ဖူးခဲ့ပါသည်။ သူလိုလူ သည် ဖတ်၍မငြီးသည့် ၀တ္တုဟန် အတ္တုပ္ပတ္တိကြီး ဖြစ်သည်။ ဂျာနယ်ကျော်မမလေး၏ စာအရေးအသားသည် ရိုးရိုးရှင်းရှင်းနှင့် ပြေပြစ်သည်။ သို့ ရာတွင် သူလိုလူမှာ ကိုယ့်အိမ်ထောင်ရေးနှင့် သူတွေ့ မြင်လိုက်ရသော သတင်းစာလောက နိုင်ငံရေးလောက အကြောင်းတို့ကို ရေးသွားသဖြင့် အထူးအားထုတ်ရန် လိုမည်မထင်။ သူ့ဘ၀၊ဂျာနယ်ကျော်ဦးချစ်မောင်၏ဘ၀နှင့် သူတို့ ဇနီးမောင်နှံ ကျင်လည်လာခဲ့ရသည့် နောက်ခံကားတို့ကို စေ့စပ်စွာမြင်တတ်ရန်သာလိုပေသည်။

ဂျာနယ်ကျော်မမလေး၏ ကျန်ဝတ္တုများမှာလည်း ၀တ္တုကောင်းများဖြစ်သည်။ ကမ္ဘာမြေ၀ယ် သည် လှနွယ်ဆိုသည့် တောသူမလေးကို နောက်ခံထားကာ ရေးထားသည့် မြေယာစံနစ်ပြုပြင်ရေးဝတ္တုဖြစ်သည်။ သူလို မိန်းမ မှာ အချစ်ဝတ္တုကောင်းတစ်ပုဒ်။ အဖြူ မှာတော်လှန်ရေး ဗိုလ်ချုပ်တစ်ဦး၏ အလွမ်းဇတ်။ စိတ် မှာကြောင်သူတော် တယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသော်လည်း လောကကိုရဲရဲ ရင်ဆိုင်သွားသော မိန်းမပျို တစ်ယောက် အကြောင်း။ သူမမှာ လူပျို ၀န်ကြီးတစ်ဦး အိမ်တွင် အိမ်ထောင်ထိန်း တာဝန်များကိုယူရသည့် မိန်းမပျို တစ်ဦးနှင့် လူပျိုဝန်ကြီးတစ်ဦးတို့ ရင်ခုံသံဇာတ်လမ်း။ မုန်း၍မဟူ မှာ သူ့ အပေါ်တွင် ကြီးစိုးလွှမ်းမိုးနေသော ဦးစောဟန်ဆိုသည့် ခင်ပွန်းသည်နှင့် ဝေေ၀ ဆိုသည့် မိန်းမပျိုလေးတယောက်တို့ ၏ အိမ်ထောင်ရေးဝတ္တု။

ရင်နင့်အောင်မွှေး တွင်မူ ဂျာနယ်ကျော်မမလေးသည် မြန်မာဆန်လှသော အမျိုးသမီးလေး တစ်ယောက်အကြောင်းကို စေ့စပ်စွာရေးထားသည်။ ရင်နင့်အောင်မွှေးမှာကား ဂျာနယ်ကျော်မမလေး၏ ၀တ္တုရေးခြင်းပညာတွင် အထွတ်အထိပ်ဖြစ်လေသည်။

ဝတ္တုသည် စာရေးဆရာ၏ အတ္တ၊စာရေးဆရာ၏ လိပ်ပြာကို တစ်စိတ် တစ်ပိုင်းဖော်ပြနေသည့် အနုပညာ ပုံသဏ္ဍာန် တစ်ခုဖြစ်သည်။ စာရေးဆရာသည် ဘယ်မျှ လိပ်ပြာခွာကာ သူ့ဝတ္တုကို ရေးသည်ဖြစ်စေ၊ သူ့ အတ္တ ဥခွံအပြင်သို့ ဘယ်မျှထွက်၍ ရေးသည်ဆိုစေ ထိုဝတ္တုထဲတွင် စာရေးဆရာ၏ အတ္တရုပ်ပုံလွှာ၊စာရေးဆရာ၏ လိပ်ပြာကို တစ်နေရာ မဟုတ်လျှင် တစ်နေရာတွင်တော့ လှစ်ကနဲတွေ့လိုက်ရတတ်သည်။

ကျွန်တော်သည် ဂျာနယ်ကျော်မမလေး၏ ၀တ္တုများကိုဖတ်ရင်း သူမ၊ဝေေ၀၊ဒေါက်တာမစောလင်း၊ လှနွယ် စသူတို့သည် ဂျာနယ်ကျော်မမလေး၏ ကိုယ်ပွားများအဖြစ်သာ မြင်ယောင်နေသည်။

သူတို့ အားလုံးသည် လိပ်ပြာခွဲထားသော ဂျာနယ်ကျော်မမလေးဖြစ်ပြီး ဂျာနယ်ကျော်မမလေး၏ အတ္တပုံရိပ်သည် သူတို့ အားလုံး၏ စုပေါင်းရုပ်ပုံလွှာ ဖြစ်နေလေသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၉ မြနှောင်းညို Fan Page on Facebook

2 Comments Add your own

  • 1. little brook  |  July 18, 2011 at 5:35 am

    ဤကမ္ဘာမြေ၀ယ်ကို သဘောကျတယ် .. ဖတ်မိတိုင်း ရင်ထဲတမျိုးပဲ

    Reply
  • 2. Pauk  |  February 2, 2011 at 2:37 pm

    ”သူဆုံးတုံးက သူ့ကျင်းထဲကိုမြေကြီးခဲလေးတွေပစ်ချနေပေမယ့် ကျွန်မစိတ်ထဲ သစ္စာကတိခဲ တွေလိုပဲ။ ခဲလုံးကလေး တစ်လုံးပစ်ချလိုက်တိုင်း သူ့လုပ်ငန်းကို ဆက်လုပ်မယ်ဆိုတဲ့ ကတိတစ်ခွန်း ပေးမိတယ်။ ဒါပေမယ့် အခက်အခဲဆိုတာ ရှိစမြဲမဟုတ်လား။ ”

    ဒီစာပုဒ်ကိုဖတ်ရချိန်မှာ မျက်ရည်လည်မိတယ်..။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: