မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၉

January 7, 2011 at 3:32 pm 2 comments

၁၉၆၂ တွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂကို တည်ထောင်ကြသည်။ ထိုအခါတွင်လည်း ဂျာနယ်ကျော်မမလေးသည် တက်ကြွစွာ ပါဝင်ခဲ့လေသည်။ စည်းမျဉ်းဥပဒေကို ရေးဆွဲသည့်အခါတွင် ကျွန်တော်တို့သည် သူ့အိမ်မှာပင် အစည်းအဝေးထိုင်ကြသည်။ တခါတရံ၌ ညည့်နက်သန်းကောင်၊တခါတရံတွင် လင်းအားကြီးထိ။

အစည်းအဝေးလုပ်တိုင်း သူ့အိမ်တွင် ထမင်းစားချိန်ရောက်လျှင် ထမင်း၊လက်ဖက်ရည်ချိန်ရောက်လျှင် လက်ဖက်ရည်၊ အစည်းအဝေးတွင် ကျွန်တော်တို့တွေ ငြင်းခုံနေကြသည်ကို မြင်လျှင် သူ ဘာမျှ ၀င်ပြောလေ့မရှိ။ တိတ်ဆိတ်စွာ နားထောင်နေတတ်သည်။ ငြင်းကြ၊ခုန်ကြ သဘောကွဲလွဲကြသည်ကိုမြင်လျှင် သူ့မျက်နှာသည် စိတ်ညစ်သည့် အရိပ်အယောင်တို့ဖြင့် အုံမှိုင်းနေတတ်သည်။ ကျွန်တော်တို့ တစ်တွေ သဘောတူ ညီညွတ်နေကြသည်ကိုမြင်လျှင် သူ့မျက်နှာသည် လန်းဆန်းကြည်လင်နေတတ်သည်။

ဂျာနယ်ကျော်မမလေးသည် ဘ၀တွင် အဖုအထစ် အကွေ့ အကောက်များကို မြင်လိုဟန်မရှိ။ သူသည် ဘ၀ကို ပန်းစကြာမှန်ပြောင်းနှင့် ကြည့်သလို အရောင်အသွေးစုံစုံ အလှအပ ဖုံဖုံဖြင့် တန်ဆာဆင်ထားသည်ကိုသာ ကြည့်ချင်ဟန်တူသည်။

ဂျာနယ်ကျော်မမလေးသည် အနေအထိုင် ခေတ်ဆန်ပြီး အတွေးအခေါ်တွင် ခေတ်မီသည်ဟု ဆိုနိုင်သော်လည်း အချို့နေရာများတွင် ဥပါဒါန် အတော်ကြီးသူဖြစ်ပါသည်။

သူသည် ဗေဒင်ကိန်းခန်းကိုယုံတတ်သည်။ ဘာဂိုဏ်းဆရာ၊ညာဂိုဏ်းဆရာ တို့ကိုလည်း ယုံတတ်သည်။ ကျွန်တော်ကား ထိုဆ၇ာများကို အယုံအကြည်ရှိသူမဟုတ်။ ထို့ကြောင့်ထိုဆရာများနှင့်ပတ်သက်လာလျှင် သူနှင့် ကျွန်တော်တို့ မကြာခဏ ငြင်းခုန်တတ်ကြပါသည်။ တစ်နေ့တွင် သူက အုန်းသီးထဲမှ စိန်လက်စွပ် ထုတ်ပြီးပြတတ်သည် ဆိုသော ဂိုဏ်းဆရာ တစ်ယောက်ထံ ကျွန်တော့်ကိုသွားဖို့ အတင်းခေါ်ရာ ကျွန်တော်က မလိုက်ပဲ ထို ဂိုဏ်းဆရာနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမိသဖြင့် ကျွန်တော့်ကို စိတ်ကောက်ပြီး သုံးလလောက် စကားမပြောပဲနေပါသည်။

နောက်တွင် ဂိုဏ်းဆရာ ဆိုသူသည် လိမ်လည်မှုဖြင့်ထောင်ကျသွားလေသည်။ ကျွန်တော်နှင့် သူသည် ထိုဂိုဏ်းဆရာ အကြောင်းမပြောမိအောင် သတိထား၍ နေခဲ့ကြသည်။

ကျွန်တော်သည် တိုင်းရင်ဆေးကို အထင်သေးသူမဟုတ်ပါ။ မြန်မာ တိုင်းရင်းဆေးတို့ ၏ အာနိသင်ကို လေးစား သူဖြစ်သည်။ ထိုအတွင်း တိုင်းရင်းဆေးမှ တိုင်းရင်းဆေးဟု တယူသန်သူမဟုတ်ပါ။

ဂျာနယ်ကျော်မမလေးကား တိုင်းရင်းဆေးမှတိုင်းရင်းဆေးဖြစ်ပါသည်။ အနောက်တိုင်းဆေးကို လုံးဝယုံကြည်လက်ခံသူ မဟုတ်ပါ။ ဂျာနယ်ကျော်ဦးချစ်မောင် အရွယ်မရောက်ပဲ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရခြင်းသည် တိုင်းရင်းဆေးဖြင့် မကုလိုက်ရသောကြောင့် ဟု သူ ဥပါဒါန် ဖြစ်နေမိပါသည်။

ဂျာနယ်ကျော်မမလေးသည် သူ့စာအုပ်တွေထုတ်တိုင်း ကျွန်တော့်ကို လက်မှတ်ထိုး၍ မေတ္တာလက်ဆောင်ပေးလေ့ရှိပါသည် ။တစ်ခါတွင် ဂျာနယ်ကျော်မမလေးသည် သူ့တိုင်းရင်းဆေးပညာနှင့် သူ့ဆောင်းပါးများကို စာအုပ်အဖြစ်ထုတ်ဝေရာ ကျွန်တော့်ကို လက်ဆောင်မပေးပါ။

“ဒေါ်မမလေး အဲဒီစာအုပ်တော့ ကျွန်တော် မရသေးဘူး” ဟု ကျွန်တော်က ပြောသည့်အခါတွင် ဂျာနယ်ကျော်မမလေးက မျက်နှာထားတည်တည်ဖြင့်

“ရှင်ကတိုင်းရင်းဆေးကိုမှမယုံတာ။ ရှင့်ကို လက်ဆောင်မပေးတော့ဘူး “ဟု ပြောပါသည်။

“ကျွန်တော် မယုံတာမဟုတ်ဖူးနော်။ အစွဲအလမ်း မကြီးဖူးလို့ ပြောတာ။ အနောက်တိုင်းဆေးဟာ သူ့နေရာနှင့်သူ အသုံးကျသလို တိုင်းရင်းဆေးဟာလည်း သူ့နေရာနဲ့ သူ အသုံးကျတယ်။ အာနိသင် ရှိတယ်ဆိုတာကို ကျွန်တော် မူအားဖြင့်လက်ခံတယ်။ ကျွန်တော်ပြောတာက ကျွန်တော်တို့ တိုင်းရင်ဆေးဟာ သမားတု သမားယောင်တွေလက်မှာ အလွဲသုံးစားအလုပ်ခံနေရတာကိုပြောတာ။”

သည်တော့မှ ဂျာနယ်ကျော်မမလေးသည် ကျွန်တော့ကို သူ့ဆေးစာအုပ်ကို လက်ဆောင်ပေးပါသည်။ ဂျာနယ်ကျော်မမလေးသည် အစွဲအလမ်း ကြီးသလောက်ဇွဲကြီးသူလည်း ဖြစ်ပါလေသည်။

သူလိုလူတွင် ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်ပြီးနောက် သူ့ခံစားရပုံများကို

သူနှင့်တွေ့ခဲ သည့် အင်ဒိုဘားမားဆေးတိုက်က စ၍ ဆေးရုံပေါ်တွင် သေသွားသည် အထိ နောက်ကြောင်းတွေ ပြန်တွေးကြည့်ပြီး အနားတွင်သူရောက်လာသလိုလို သူရှိနေသလိုလို လာ၍ လှည့်စားနေသည်။

တစ်ညလုံးတွေးသမျှ စဉ်းစားသမျှ သက်သာရာသက်သာကြောင်း ကလေးမျှ မရပဲ စိတ်ကြေကွဲသထက်သာ ကြေကွဲလျက် ရပ်တည်ရာမရအောင် ပူဆွေးလှသည်။

နိုင်ငံရေးကိစ္စများ မပြတ်လပ်လှသဖြင့် အချိန်အားလပ်ရက် ခွင့်များ မရလိုက်မှုကြောင့် နောင်လာနောင်သားများ အတွက် အကျိုးဖြစ်စေမည့် စာပေများကို စေတနာတွေအတိုင်း မပြုစုသွားခင် ဆုံးရှုံးလိုက်၇ခြင်းအတွက် နှမြောလွန်းလှသည်။

ကျွန်မနှင့်သာ အကြောင်းမပါခဲ့လျှင် ဤရွေ့ ဤ မျှလောက် နိုင်ငံအတွက်မလုပ်သွားနိုင်ပဲ စောစောစီးစီးကပင် သေပွဲဝင်သွားပေမည်။ ယခုတော့ ပြုဖွယ်ရာကလေးများကို ကောင်းစွာလုပ်သွားနိုင်သေးသည် ဟု ဤသို့လည်း ကျေနပ်ကြည့်သည်။

တိုင်းပြည်တွက် သူရည်၇ွယ်ထားသည့် လုပ်ငန်းကြီးများ သူ့စေတနာအလျှောက် အဆုံးတိုင်လုပ်မသွားရသဖြင့် သူ့ ဆန္ဒအတိုင်းမပြည့်ရပေတကား၊ ဤသို့လည်း မကျေမနပ်ဖြစ်မိသည်။

နံနက်လင်းသော ညတွင်ပင်မုဆိုးမဘ၀ဖြင့် အနာဂတ်အတွက် တခုခုကို ဆုံးဖြတ်ရပေမည်။ မိမိဆုံးဖြတ်မည့်အလုပ်တွင် ကိုယ့်အကြိုက်ကိုကြည့်၍ မဆုံးဖြတ်ပဲ သူ့အကြိုက်ကိုသာလိုက်၍ ဆုံးဖြတ်ရန် ဆန္ဒ ရှိလျက် သူ့အကြိုက်တွေ၊သူ့အကြိုက်တွေကို လျှောက် ပြီး စဉ်းစားကြည့်မိသည်။

နံနက်မလင်းခင် ဤသို့ ဆုံးဖြတ်သည်။

ဂျာနယ်ကျော်ကို ဆက်လက်ထုတ်ဝေမည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ဖတ်ဖြစ်တဲ့စာအုပ်တွေ..တွေးမိတဲ့အတွေးတွေ.. မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၀)

2 Comments Add your own

  • 1. May Kyaw  |  January 25, 2011 at 8:45 pm

    I love to read Myanmar stories.

    Reply
  • 2. အယီး ပြာသို  |  January 7, 2011 at 7:47 pm

    လာ ဖတ်သွားပါတယ် တူမဂျီး

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: