အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၁)- ဂျူး

August 10, 2010 at 11:35 pm Leave a comment

စာရေးဆရာတွေနှင့်ပသတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးအချိန်သည် သူတို့ အောင်မြင်ကျော်ကြားချိန်မဟုတ်။ သူတို့ ကျဆုံးခါနီးပြီ ..ဟုဝေဖန်ခံနေရချိန်၊သူတို့ ဖန်တီးသမျှ အနုပညာတွေကို လူတွေက မကြိုက်နိုင်သည့် အချိန်ပဲဖြစ် သည်။ အနည်းဆုံး ကျွန်မတစ်ဦးတည်းအမြင်မှာပေါ့လေ။ အဲသည့် အချိန်မျိုးမှာရှိသည့် စာရေးဆရာ၊အနုပညာရှင်တွေ၏ စိတ်ကို ကျွန်မ စိတ်ဝင်စားပါသည်။

ဗာဂျီးနီးယားဝုလ်ဖ် (Virginia Woolf ) ဆိုပါတော့။ ဗာဂျီးနီးယားဝုလ်ဖ် ကိုကျွန်မကြိုက်သည်။ To The Light House မှစပြီး သူ့ ၀တ္ထုတွေ ဖတ်ဖူးသည်။ The Waves အထိဆိုပါတော့။ ကြိုက်တာတွေလည်းပါ၊မကြိုက်တာတွေလည်းပါသည်။ ဗာဂျီးနီးယားဝုလ်ဖ် ကို ကျွန်မ စိတ်ဝင်စားသည်။ သို့ သော် ကျွန်မစိတ်အ၀င်စားဆုံး သူ့ အချိန်မှာ ထိုကျွန်မကြိုက်သော စာတွေကို သူရေးနေချိန်မဟုတ်။ မြစ်ဆီသို့ သွားနေချိန်ဖြစ်သည်။ အဲသည် အချိန်မှာ သူဘာတွေ တွေးနေခဲ့ပါသလဲ။ ဘယ်လိုအတွေးမျိုးက ဆွဲခေါ်လို့ အဲသည်ကိုသူသွားနေခဲ့တာလဲ။ အဲသည် အချိန်မှာ ဘ၀ကို သူဘယ်လိုသုံးသပ်လိုက်ပါ သလဲ။ လူတွေကို ဘယ်လိုသုံးသပ်လိုက်ပါသလဲ။

သူ့ စိတ်ကို ကျွန်မ စိတ်ဝင်စားသည့်အတွက် သူ့နေ့ စဉ်မှတ်တမ်းစာအုပ်ကို ကျွန်မ၀ယ်ခဲ့သည်။ သူ့အတွေးတွေကို သိချင်လို့ ဖြစ်သည်။ ယခုထိတော့ စာအုပ်ကိုလည်း ဖတ်ရှုဆဲမို့ ကျွန်မသိချင်သော အကြောင်းအရာများဆီသို့ ထိုစာအုပ်က ညွှန်ပြခေါ်ဆောင်မသွားနိုင်ခဲ့ပါ။ သို့ သော် ကျွန်မ သိသလိုလိုရှိတာက ဗာဂျီးနီးယားဝုလ်ဖ် (Virginia Woolf ) ကိုမြစ်ထဲဆီသို့ ခေါ်ဆောင်သွားသော အရာများအနက် solitude ( တစ်ကိုယ်ထည်းနေထိုင်မှု) ကို နှစ်သက်သည့် စိတ်အခြေအနေပါဝင်နေပါလိမ့်မည်။

ဟင်နရီသော်ရိုးကို ဝေါ်လ်ဒင် ရေကန်ဆီမှာ နေထိုင်ဖြစ်အောင် ဆွဲဆောင်ခဲ့သောအရာမှာ solitude ကိုမြတ်နိုးစိတ်လည်း ပါဝင်နေခဲ့သည်။ တစ်ခုပဲကွာ၏။ ဟင်နရီသော်ရိုးသည် ဝေါ်လ်ဒင်ရေကန်မှာ နှစ်နှစ်ခန့် သာနေထိုင်ခဲ့ပြီး လူမှုဝန်းကျင်ဆီ သို့ ပြန်လာခဲ့၏။ ဗာဂျီးနီးယားဝုလ်ဖ် ကတော့ မြစ်ထဲမှ လုံးဝပြန်မလာခဲ့တော့ပေ။

အမှန်တရားကိုရှာဖွေဖို့ သွားခဲ့သည် ဆိုလျှင် ထိုမြစ်ထဲတွင် သူရှာနေသောအရာကို တွေ့သွားလို့ ပဲဖြစ်ရမည်။ (ဒါမှ မဟုတ် မတွေ့ နိုင်တော့ပါဘူးဟု သေချာသွားလို့လည်း ဖြစ်နိုင်ပါသည်။)

ဟင်နရီမီးလား (Henry Miller) ကတော့ သူစာဖတ်လျှင် တောအုပ်ထဲသွားပြီး တစ်မေ့တစ်မောထိုင်ဖတ်နေရသည့် အရသာကို စွဲလမ်းခဲ့သည်ဟုဆိုပါသည်။ ကံကောင်းလျှင် အဲဒီတောအုပ်ထဲမှာ စမ်းချောင်းလေးရှိချင်ရှိမှာပေါ့…တဲ့။ အဲဒါ တစ်ကိုယ်တည်းတိတ်ဆိတ်စွာနေလိုမှု ကြောင့်ပဲ ဖြစ်နိုင်ပါသည်။ ကျွန်မတို့ ဘ၀ကတော့ ဟင်နရီမီလားလိုကံမကောင်းခဲ့ပါ။ ကျွန်မတို့ သည် အခန်းကျဉ်းကျဉ်းလေးမှာပဲ စာဖတ်ခဲ့ကြရ၏။ (ဟင်နရီမီးလားနှင့်တူသည့် စိတ်တစ်ခု ကျွန်မမှာရှိသည်။ အိမ်သာထဲမှာ စာဖတ်လို့ မရသည့် စိတ်ဖြစ်သည်။ ရယ်စရာကောင်းအောင် အိမ်သာအမျိုးမျိုးကို ကျွန်မ ကြုံခဲ့ဖူးသည်။ ဘယ်အိမ်သာမှာမှ စာဖတ်လို့ မရခဲ့ပါ။ မွှေးပျံ့ သန့်ရှင်းပြီး ပန်းစိုက်အိုးကလေးတွေ၊ပန်းချီကားလေးတွေ ၊စာအုပ်စင်ပုပုလေးတွေ ထားသည့် အိမ်သာမျိုးမှာပင် ကျွန်မ စာဖတ်လို့ မရခဲ့ပါ။)

သည်တော့ ကျွန်မတို့သည် လူတွေနှင့် ရောရင်း နေရင်း ထိုင်ရင်းပဲ စာတွေဖတ်ခဲ့ကြ။ အတွေးတွေတွေးခဲ့ကြ။ စာတွေရေးခဲ့ကြရသည်။

စာရေးဆရာတွေနှင့် အနုပညာသမားတွေသည် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ တစ်ကိုယ်တည်းနေထိုင်ဖြစ်တည်လိုမှု (solitude ) ကို တစ်ချိန်မဟုတ် တစ်ချိန်လိုအပ်ကြသည်။ ဒါကို အနုပညာသမားတိုင်း ရင်ဆိုင်ဖြတ်သန်းဖူးကြသည်။ ကျွန်မလည်း ဖြတ်သန်းဖူးသည်။ သို့သော် ထို တစ်ကိုယ်တည်းဖြစ်တည်နေထိုင်မှု( solitude) ကို ကျွန်မတို့ ဘယ်အတိုင်းအတာအထိ လိုအပ်ကြသလဲ။ အဲဒါက နည်းနည်းဦးနှောက်ခြောက်စရာ မေးခွန်းတစ်ခုဖြစ်သည်။

PS-ကလျာမဂ္ဂဇင်း သြဂုတ်လ ၂၀၀၇ မှာပါတဲ့ဆောင်းပါး။ ဒါပေမယ့် ဆောင်းပါးအဆုံးမှာတော့ ၂၀၀၀ ခုနှစ်လို့ ရေးထားတယ်။ ၂၀၀၀ ခုနှစ်မှာရေးခဲ့တဲ့ဆောင်းပါးထင်တာပဲ။ ပုံကို တော့ google ကနေရှာပြီးယူထားပါတယ်။

Entry filed under: ဂျူး, Sharing. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၃) အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၂)- ဂျူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: