The Hours … သီတို့ ရွှာ

August 8, 2010 at 12:42 am 1 comment

သီတို့ ရွာဆိုတဲ့ ကြည်အေး ၀တ္ထု ကိုပြန်ဖတ်ပြီး The Hours ကို ပြန်ကြည့်ချင်လို့ ကြည့်လိုက်တယ်။ ဒါပေမယ့် ရုပ်ရှင်ထက် ကြည်အေးရဲ့ အဖွဲ့ အနွဲ့ ကိုပိုသဘောကျသလိုဖြစ်နေမိပြန်ရော။ ဖွဲ့ ထားတာတွေ သိပ်လှတာပဲ ဆိုပြီး တသသနဲ့ ဖတ်လိုက်၊ပြီးတော့ စိတ်ထဲမှာမောသွားလိုက်နဲ့ ။ အစက “သီတို့ ရွာ”ဆိုတဲ့ ၀တ္ထု ကို အစအဆုံး ရိုက်တင်မယ်စိတ်ကူးသေးတယ်။နောက်တော့ပျင်းတာနဲ့ ပဲ အကြိုက်ဆုံးစာသားလေးတွေကိုပဲ ထုတ်ပြီးမှတ်လိုက်တော့ တယ်။ စိတ်ဝင်စားရင် “သီတို့ ရွာ”ကို ဖတ်ကြည့်ကြပါဦး။ဖတ်လို့ အတော်ကောင်းတာပဲ။

တဆက်ထဲမှာ သတိရမိတာက (နည်းနည်းဆက်စပ်နေလို့ ) ဂျူး ရဲ့ “အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ“ဆိုတဲ့ ဆောင်းပါး။ ဂျုး Facebook Page မှာတင်ထားတာတော့မတွေ့ မိသေးဘူး။ နောက်ရက်များ စိတ်ပါရင် အဲဒါကိုတော့ အစအဆုံးရိုက်တင်ဦးမယ်။

သီနဲ့ အတူ ဒီမှာရပ်နေခဲ့ဖူးသူသည် အနီးဆုံးအိမ်နီးချင်းကိုတွေ့ လိုလျှင်တမိုင်ခွဲသွားမှတွေ့ ရသောပင်လယ် ကမ်းခြေရှိသည့် ရွာငယ်လေး၏ ကွင်းအနိမ့်အမြင့် များမှ အော်ဟစ်ငြီးငြူမြဲရှိသော လေကိုတိုး၍ လေလွင့်သွားလာခဲ့ သည်လားမသိ။ထိုအခါကျောက်ဆောင်ချွန်တက်ထိုးထွက်သောပင်လယ်စပ်၌သူ၏ရုပ်ပွားကိုတွေ့ ခဲ့သည်လော၊ စိတ်ပွားကိုတွေ့ ခဲ့ သည်လော။လူ့ ဘ၀၌မောဟလျော့ပါးခဲ့ သည်ဆိုလျှင်ပင်မေ့ပျောက်ခြင်း လျော့ပါးသည်တည်း။ ထိုအခါမှာပျော်ရွှင်ခြင်းဆိုတာဘယ်မှာရှာနိုင်တော့မည်လဲ။သူ့ရဲ့ ဘုရားသခင်သည်ကျွန်မတို့ ရဲ့ ရက်စက်မှကြေကွဲသော ဗုဒ္ဓတရားပမာမှ ဖြေငြိမ်းရာကို ပြနိုင်ခဲ့လေရဲ့ လား၊တေးသံဖြင့် ပြွမ်းသော ကြယ်ပေါင်းရံခသည့် သုခကောင်းကင်ဘုံကိုသာ အရိပ်အယောင်မျှ ညွန်လေသလား…..။

သူသည် တိမ်တိုက်တို့ ဖြင့် လိုက်ပါကာ ကမ္ဘာ အနှံ့  လှည့်ပတ်၍သူရှာလိုရာကိုရှာ လိုစိတ်တော့ပေါ်မည်ပင်။ဒါကို အချို့သောသူသာစိတ်ဝင်စားနားလည်နိုင်ပါလိမ့်မည်။

သူသည် တုန်တခိုက်ခိုက်ဖြင့်ထ၍ စာကြည့်ခန်းသို့ ၀င်ခဲ့၏။ တံခါးကန်လန့် ရှိသမျှကို အကုန်ချ၏။ ပြတင်းပေါက်၌ ခိုရပ်ပြီး ပင်လယ်ဆီ တချက်ကြည့် သေး၏။ ထို့နောက် ထူးဆန်းအံ့သြကြေကွဲဖွယ်ရာများ စတင်လေသည်။

အကြောင်းမူကား သူ့ ဝေဒနာနှင့် ရင်းနှီး၍ ရသော စာပေကို လူ့လောက အား သူဖွင့်အန်ရေးချသောကြောင့် ဖြစ်လေသည်။

စာရေးမှုကိုတော့အစဉ်ပြုမြဲပင်။ အချိန်များစွာမကျန်ပြီ။ စာရေးနေလျှင်သူ့စိတ်သည် လူတို့ နှင့် ပို၍ ကင်းကွာကာ အန္တရာယ်နှင့် ရင်ဆိုင်ဖို့ရာ ပိုများတာ မှန်သည် ။ သို့သော် စာရေးရမည်မှာ အသက်ရှုထုတ်ရမည်လိုပင်။ တခြားနည်းလမ်းအားဖြင့် သူအသက်ရှင်နေထိုင်တတ်သည်မဟုတ်။ ဘာအန္တရာယ်ကိုမှတော့ ကြောက်၍ စာမရေးပဲနေ မည်မဟုတ်။ တစ်ဆောင်းဝင်စ သစ်ရွက်များကျချိန်၊ မြေပြင်ပေါ်၌ အနီအ၀ါ ခရမ်းပြာညို ရောင်စုံစို့ကာ သစ်ရွက်လူးလိမ့် ပြေးဆဲ၊ လေထန်တတ်သော ပင်လယ် စပ်တောရွာကလေး၌ ဆောင်းဦးလေသည် အော်ဟစ်ပြေးလွှားကာညအခါများ၌ ကြူကြူပါအောင်အူဆဲ၊လေကာယပ်များမှာ ကွယ်ပုန်း၍ ပေါက်ရသည့် လူစိုက်သော သစ်ပင်ပန်းပင်ငယ်တို့ ပင်ပန်းဆဲ တစ်နေ့မှာ သူသည် လင်သည်ကို ဆရာဝန်ခေါ်စေရပြန်သည်။ သို့သော် လင်သည်နှင့် ဆ၇ာဝန်တို့ ပြန်ရောက်လာသော် သူသည် အလုံပိတ်အခန်းမှ လွတ်ထွက်ပြီး သူနှစ်လိုရွေးချယ်ရာ မြစ်စပ်သို့ ရောက်ခဲ့ပြီတည်း။ လူတို့ ရပ်ရွာမှ ရုပ်ခန္ဒာပါ ကျွတ်လွတ်ပြီ။ သူမျောပါသွားရာ မြစ်ရေအယဉ်သည် သူ့ထက်လျင်မြန်စွာ အရှေ့ ကသွားသော လှိုင်းဂယက်တို့ကို ထိုသတင်း ပင်လယ်ထက်သို့ ပါးလိုက်ကြပြီ။

Entry filed under: ကြည်အေး, Sharing. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၂ ) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၃)

1 Comment Add your own

  • 1. ငြိမ်းစိုးဦး  |  September 27, 2010 at 12:43 pm

    ဆရာမကြီး ရဲ့ ( ဆောင်းဦးလေသည် အော်ဟစ်ပြေးလွှားကာညအခါများ၌ ကြူကြူပါအောင်အူဆဲ၊ ) …စတဲ့ အရေးအသားတွေဟာ ယခုထက်တိုင်
    မရိုးနိုင်အောင် လှပလင်းလက်ပွားများနေဆဲ ဖြစ်ပါတယ် …
    ငြိမ်းစိုးဦး

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: