မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၁)

August 1, 2010 at 11:41 pm 1 comment

ကျွန်တော်က ဂျာနယ်ကျော်မမလေးကို စာဖတ်ရန် ကြုံတိုင်းပြောတတ်သည်။ သည်တစ်ချက်တွင်မူ ဂျာနယ်ကျော်မမလေးသည် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းနှစ်ခုလို ကွာခြားသည်ဟု ကျွန်တော်ထင်သည်။ ဂျာနယ်ကျော်မမလေးက စာဖတ်နည်းသည်။ ကျွန်တော်ငယ်ငယ်က ဦးချစ်မောင်၏ဆောင်းပါးတစ်ပုဒ်ထဲတွင် စာဖတ်နည်းကိုပင်ရေးထားသည်ကိုတော့ တွေ့လိုက်ရသေးသည်။

ဂျာနယ်ကျော်ဦးချစ်မောင်၏ စာအုပ်တစ်အုပ်ကို ဖတ်ရလျှင် လက်တွင် နီပြာခဲတံတစ်ချောင်းကိုကိုင်ထားရမယ်။ မှတ်သားလိုသော အကြောင်းအရာကို တွေ့ လျှင် အပြာရောင်ခဲတံဖြင့် မှတ်သားရမည်။ အရေးကြီးသော အကြောင်းအရာ ကို အနီရောင်ဖြင့် မှတ်သားရမည်။ စာတစ်ပုဒ်ကို ဖတ်ပြီး ထိုစာပါအကြောင်းအရာတို့ကို ပြန်စဉ်းစားရမည်။ တစ်နေ့ လျှင် မှတ်သားစရာတစ်ခု စုဆောင်းရမည်။ မှတ်စု စာအုပ်တစ်အုပ်ဆောင်ထားပြီး အချို့ အချက်များကို ကိုယ်ပိုင်မှတ်စုထဲတွင် ရေးမှတ်ထားရမယ်။ ကောင်းသည့်စာအုပ်၊ မိမိနှစ်သက်သည့်စာအုပ်ဆိုလျှင် တစ်ခေါက်ထက်ပို၍ ဖတ်ရမည်။ ပရိတ်သတ် အလည်တွင် စကားပြောနိုင်ရန်အတွက် အချို့ သော စာပိုဒ်များကို အလွတ်ကျက်ထားသင့်သည်။

မိမိနှစ်သက်ရာ ၀ါသနာပါရာ စာအုပ်များကို လက်လှမ်းမီရာတွင်ထားသင့်သည်။ အဘိဓာန်ကို သုံးလေးအုပ် ထားကာ တစ်အုပ်ကို ဧည့်ခန်း၊တစ်အုပ်ကို စာကြည့်စားပွဲ၊ တစ်အုပ်ကို ထမင်းစားခန်း စသဖြင့် ထားသင့်သည်..စသဖြင့် စာဖတ်နည်းနှင့်ပတ်သက်သော သော့ချက်များကိုရေးထားလေသည်။ သူ့အဆိုသည် ယခုခေတ်အမြင်နှင့်ကြည့်လျှင် စည်းကမ်းကြီးလွန်းသည်၊တရားသေနိုင်လွန်းသည်၊စံနစ်ကျလွန်းသည်၊တာဝန်ပိလွန်းသည် ဟုထင်စရာရှိသော်လည်း အခြေခံအားဖြင့် မှန်ကန်သည်ဟု ကျွန်တော်ထင်ပါသည်။

တစ်ခါတွင် ဂျာနယ်ကျော်မမလေးက “ဦးချစ်မောင်ရဲ့ စာအုပ်တွေကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကိုလှုမလို့ ။ ဗီရိုတွေကိုတော့ ဘုန်းကြီးကျောင်းလှုလိုက်တော့မယ်။ စာအုပ်ကို ကျွန်မ မသိမ်းနိုင်ဖူးရှင့်။ ကြာရင်ပျက်စီးကုန်လိမ့်မယ်။ အဲဒါ အမှတ်တရအဖြစ် ရှင်ကြိုက်တဲ့ စာအုပ်လေးငါးအုပ်ကို လာယူပါ။ “ဟု ကျွန်တော့်ကို ပြောသဖြင့် ကျွန်တော်သည် ဦးချစ်မောင်၏ စာအုပ်များထဲမှ လေးငါးအုပ်ကိုဆွဲယူခဲ့သည်။ စာအုပ်မှာ ထိုစဉ်က နာမည်ကြီးသော အင်္ဂလိပ်စာရေးဆရာ ဟောလ်ကိန်း၏ ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး ကျန် စာအုပ်များမှာ အရှေ့ ဖျားရှိ ဂျပန်ပြည်အကြောင်းရေးသည့် နိုင်ငံရေး စာအုပ်များဖြစ်သည်။ ထိုစာအုပ်များအားလုံးကို ကျွန်တော်လှန်ကြည့်သည့်အခါ တွင် မင်နီပြာတွေဖြင့် မျဉ်းတွေတား ထားသည်မှာ တစ်အုပ်လုံး နီရဲပြာမည်းနေတော့သည်။

ဦးချစ်မောင်က စာဖတ်သလောက် ဂျာနယ်ကျော်မမလေးစာဖတ်သည်ကို ကျွန်တော် သိပ်မတွေ့ရ ဖူးပါ။ အချို့ သူများသည် စာကိုအတွေ့ အကြုံဖြင့်ရေးသော်လည်း ဂျာနယ်ကျော်မမလေးသည် စာကို စိတ်ဖြင့် ရေးခြင်းဖြစ်ပါသည်။ တချို့က အသိ ဥာဏ်ဖြင့်ရေးသော်လည်း ဂျာနယ်ကျော်မမလေးသည် စာကိုခံစားချက်ဖြင့်ရေးသူဖြစ်ပါသည်။

ကျွန်တော်ကစာဖတ်ရန်ပြောသည့် အခါတိုင်း ဂျာနယ်ကျော်မမလေးသည် အင်းမလှုပ်အဲမလှုပ် လုပ်နေတတ်သည်။

ခု ဒေါ်မမလေး ဘာလုပ်ငန်းလုပ်ဦးမလို့လဲ။

ကျွန်မရောဂါကို နေလ၀ိဇ္ဖာနည်းနဲ့ ကုသလို့ပျောက်ခဲ့တာ ရှင်သိသားပဲ။ ခု မိတ်ဆွေတွေက ကျွန်မဆီကို ဆေးနည်း လာတောင်းနေကြတယ်။ ကျွန်မက ဘာမှ ဆေးဝါးအကြောင်းနားလည်တာမဟုတ်ဘူး။ ဒါကြောင့် အိုင်ကလောင်ဆရာကြီး ဆီကိုလွတ်တယ်။ အဘဆရာကြီးကလည်း သူတတ်အားသမျှတော့ ကုသပေးပါတယ်။ ဒါပေမယ့် သူ့မှာ အသက်လဲကြီးပြီတဲ့။ တရားဘာဝနာအားထုတ်ချင်သေးတယ်တဲ့။ ဒီတော့မမလေး နင်ပဲကုဆိုပြီး အဘဆရာကြီးက ကျွန်မကို ခွင့်ပြုလိုက်ပြီ။ ဒါကြောင့် ကျွန်မ ဆေးကုတော့မယ် စိတ်ကူးတယ်။ ဆေးကုတယ်ဆိုပေမယ့် အခကြေးငွေယူပြီး ဆေးကုတာမျိုးမဟုတ်ပါဘူး။ ကျွန်မဆီမှာ အဘဆရာကြီးရဲ့ ခွင့်ပြုချက်နဲ့ ဆေးချက်မယ်။ အဲဒီဆေးဖိုးကိုပဲ ယူမှာပါ။ ဆေးကတော့ ဓမ္မဒါနအဖြစ်လှုနိုင်လောက်အောင် ကျွန်မမှာ အင်အားမပြည့်စုံသေးဘူး။ ကျွန်မ အင်အားပြည့်စုံလာ တဲ့တစ်နေ့မှ ဆေးကိုပါ ဓမ္မဒါနအဖြစ်လှုမှာပါ။ ခုလောလောဆယ်တော့ နှစ်တိုင်း ရွှေမော်ဓောဘုရားပွဲမှာ သွားပြီးဆေး လှုမယ်။ ဘုရားပွဲတော်ရက်အတွင်းရောက်လာတဲ့ လူနာတွေ၊ရောဂါရှင်တွေကို ကုသိုလ်ဖြစ်ပေါ့။ ကျန်တဲ့အချိန်တွေမှာတော့ ဆေးဖိုးတော့ ယူမယ်။ ကုတာကိုတော့ ကုသိုလ်ဖြစ် ကုပေးမှာပါ။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ဖုန်းသက်တိုင် (ပြုံးမျက်ရည်ဖြိုင်အေး) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၂ )

1 Comment Add your own

  • 1. RITA  |  August 2, 2010 at 9:28 am

    ဂျာနယ်ကျော် မမလေး စာတွေဖတ်တိုင်း ခံစားမှုမှာတခုခုလိုသလို ဖြစ်နေတာ အဲဒါကြောင့်လားမသိဘူး။ တကယ်တမ်း သူရေးသမျှကို သေချာ စေ့စေ့ကြည့်တော့လည်း အပြစ်မတွေ့ရဘူး။ ဒါပေမဲ့ ဖတ်ရသမျှမှာ ခံစားဖို့ တခုခု လိုနေသေးသလိုလို ဘာမှန်းသေချာမပြောနိုင်တာ တစ်ခု ရှိနေခဲ့တယ်။

    ဘလော့ရေးကာစက ပို့စ်တစ်ခုမှာ နည်းနည်း ထည့်ရေးဖူးတယ်။
    ကြိုက်နှစ်သက်တာနဲ့ အထင်ကြီးလေးစားတာ တခြားစီမို့ ဂျာနယ်ကျော်မမလေးစာတွေကို သိပ်မစွဲခဲ့ပေမယ့် သူ့ကို အရည်အချင်းရှိတဲ့အမျိုးသမီးလို့တော့ အထင်တကြီးဖြစ်မိတယ်။ နောက် သူ့ကို စိတ်ဝင်စားတယ်။

    သူရေးတဲ့ စာတွေထဲမှာ စွဲကျန်ခဲ့တာဆိုလို့ “မုန်း၍ မဟူ” ပဲ ရှိတယ်။ အဲဒါတောင် ပထမ စွဲလို့ စွဲနေမှန်း မသိဘူး။ အဲဒီဇာတ်လမ်းက လွှမ်းမိုးမှုနဲ့ စာနည်းနည်း ရေးဖြစ်လိုက်ပြီးမှ အော် ဒါ မုန်း၍ မဟူ က influence တွေပါနေတယ်ဆိုတာ သတိထားမိသွားတာ။

    သူ့ရေးဟန်ကိုတော့ အပြောနဲ့ အပြမှာ အပြောက ဦးဆောင်တဲ့ ရေးဟန်လို့ ခံစားမိပါတယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: