ဖုန်းသက်တိုင် (ပြုံးမျက်ရည်ဖြိုင်အေး)

July 30, 2010 at 2:33 pm 5 comments

ကြည်အေး page မှာဒီကဗျာကို share လုပ်ရင်းနဲ့ blog မှာပါလာသိမ်းထားလိုက်တယ်။ ဖုန်းသက်တိုင်ဝတ္ထုကို ပြန်ဖတ်ချင်နေတယ်။ ဒါပေမယ့် ရှုမ၀အဟောင်းတွေက ရန်ကုန်မှာကျန်ခဲ့တယ်။ ဒီတော့ စိတ်အာသာပြေအောင် ကဗျာပေါင်းချုပ်ထဲက ဖုန်းသက်တိုင် ၀တ္ထုမှာပါတဲ့ ကဗျာကိုပဲ ပြန်ဖတ်လိုက်တော့တယ်။

ခုတလော ကြည်အေးရဲ့ စာအုပ်တွေဘက်ကို အာရုံလုံးလုံးရောက်နေတယ်။ ကဗျာတွေကိုလည်း ပြန်ဖတ်ဖြစ်နေတယ်။ ကြိုက်တဲ့ကဗျာလေးတွေတွေ့ ရင် ဒီမှာထပ်ရိုက်တင်ပါဦးမယ်။ ကဗျာရိုက်ရတာတော့ လက်ညောင်းသက်သာတာပေါ့နော😛

ဖုန်းသက်တိုင်

သေဆိုသည် သစ်ရည်မွှေးပါဗျ
တမင်သူလာနွေးပါမှ
ရင်တွင် ကြင်သူထွေးရသည်သို့
နွေးလောက်တဲ့အသွင်မှာ
ဆေးမကြောက်သမို့
…အကြွေးသောက်ချင်ချင်။

လိပ်ပြာအင်မတန်ပွေချင်ရဲ့
မသေခင် နေသရမ်းမယ်ကွယ့်
လင်းမိုက်လွင် ငွေမျှင်ခြမ်းကတောင်မှ
အချိန်ကုန် ပုံကြမ်းတယ်ဟရို့တွေနဲ့
တိမ်ခြုံပုဝါနွမ်းကိုမှ
လမ်းပြမယ် လှစ်ပဟဲ့။

အစဉ်မောပါရ
မကြင်တဲ့သဘောတွေတော့
ပြောမနေနိုင်ပြီမို့
စိတ်ကူးသာအယဉ်ထိုင်မိရဲ့
သံယောဇဉ် သူသူ ငါငါမခိုင်ပြန်တော့
နားနေထိုင်မှိုင်ခဏ
ပန်းလျလေ့ရှိခဲ့တယ်။

ယုံပါရစေရှင့်
လှုံစရာအချစ်ဆိုသည် သည်တစ်လမ်းသာမို့
ညီအကို မသိမှန်းသာတဲ့
ဆည်းပြာမင်ရည်ချမ်းမှာလ
လေမုန်ဆင် သီရမ်းစေဦး
စမ်းလက်ဆန့် တွယ် ။

မိုးတစ်ခါတစ်ခါလင်းပြန်လို့
နိုးလာလာချင်းမှာတော့
ပျင်းတတ်တာ တဒင်္ဂပါပဲ
ဘ၀ကာရန်ရှာမလို့
အလှကဗျာအသာချစ်ရင်တော့
အားသစ်လို့ စိတ်လယ်
ရယ်ချင်သလိုလိုလေး။ ။

စက်ဝန်းရွှေဝါ
ရက်ကန်းချည်ယှက်ဖြာမှ
မိုးပြာသာတဲ့တောဆီက
ဥသြတစ်နွေကျော်လို့
ဖေဇော်ဟန် ကတ္တီပါလွနဲ့
ရာသီလွန်မှုန်ခြယ်သသည်မို့
စိန်ပန်းအခွေခွေ ကရာက
စီးထွေထွေ အပြီးကြွေကျချိန်မှ
နှုတ်စကြည်ဖြူနဲ့
စောင့်သသူ နွဲ့ ပခုံးမှာရှင့်
(စွန့် ၀ံ့ ရင် ဘယ်မှာရှုံးနိုင်လဲ့ သံသရာညည်းညူလို့ မဆုံးစေနဲ့ )
အုံးစက်နိုင်သေးပေလို့
ပြုံးမျက်ရည်ဖြိုင်အေး ။ ။

Entry filed under: ကြည်အေး, Sharing. Tags: .

လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၁)

5 Comments Add your own

  • 1. Anonymous  |  December 13, 2010 at 10:40 am

    ကွန်မန့်ထဲကနေ ကဗျာတပုဒ်တောင်းဆိုမလို့
    ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် kyi aye fan တယောက်က တောင်းထားတာတွေ့တယ်။ မဲထပ်ပေးပါတယ် အင်းယားကန်၌မြှုပ်နှံခြင်း တင်ပေးပါ။
    လိုချင်နေတာ ကြာပြီ

    Reply
  • 2. Jiptoo  |  December 3, 2010 at 2:36 pm

    ဆရာမရဲ့ ကဗျာလေးက ချစ်စရာကောင်းလိုက်တာ ………….

    Reply
  • 3. ဘုတ်ကလေး  |  August 17, 2010 at 7:33 am

    ဟိုရက်က စိတ်တွေ ရောက်တည်ရာမရ ဖြစ်လို့ the hours ပြန်ကြည့်ဖြစ်တယ်ရှင်။
    တိုက်တိုက်ဆိုင်ဆိုင် ခုတလော ကြည်အေးတွေလည်း ပြန်ဖတ်ဖြစ်နေပါတယ်။
    ဘလော့ခ်က အကြိုက်တူ ၀ါသနာတူ စိတ်ဝင်စားစရာ ကောင်းတာကြောင့် သေချာဖတ်ဖြစ်နေပါတယ်။ အားပေးနေမယ်ရှင်။
    စိတ်အေးချမ်းသာ ရှိပါစေ။
    ဆုတောင်းကောင်းစွာဖြင့်….။
    ****

    Reply
    • 4. mashwemi  |  August 17, 2010 at 12:34 pm

      ကျေးဇူးတင်ပါတယ် ဘုတ်ကလေးရေ.။ အစ်မတို့ အကြိုက်တူတာလေးတွေတစ်ချို့ ကို FB မှာကထဲက သတိထားမိပါတယ်🙂 ဘုတ်ကလေးကတောင် ပိုစုံသေး။

      Reply
  • 5. kyi aye fan  |  July 31, 2010 at 6:13 pm

    အင်းယားကန်၌ မြှုပ်နှံခြင်း ကဗျာ ရှိရင် တင်ပေးပါ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: