မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၀)

July 25, 2010 at 5:35 pm Leave a comment

အပိုင်း တစ်ဆယ်

ကျွန်တော်သည် ဦးချစ်မောင်ကွယ်လွန်သော ဆယ်နှစ်ပတ်လည် အခမ်းအနားကို သတိရနေပါသည်။

တစ်ခြံလုံး ရောင်စုံလျှပ်စစ်မီးတွေ သွယ်တန်းထွန်းညှိထားပြီး အလယ်မြက်ခင်းပြင်တွင် ဖြူဖွေးနေသော စားပွဲခင်းများကို ခင်းထားသည့် စားပွဲဝိုင်းကြီးများချထားလေသည်။ အစားအသောက်မှာ စထရင်းဟိုတယ်မှ မှာသည့် ထမင်းဟင်းဖြစ်ပြီး စားပွဲထိုးများမှာလည်း စထရင်းဟိုတယ်မှ လာသည့် ယူနီဖောင်းဝတ်စားပွဲထိုးများဖြစ်သည်။

ဦးချစ်မောင်ဆယ်နှစ်မြောက် ကွယ်လွန်သည့် အထိမ်းအမှတ်ပွဲသည် ဥယျာဉ်ဧည့်ခံပွဲကြီးတစ်ခုနှင့် တူနေသည်။ ဂျာနယ်ကျော်မမလေးသည် မနက်ပိုင်းတွင်သံဃာတော်များကို ဆွမ်းကပ်ခဲ့သေးသည်။ နှစ်တိုင်းဆိုလျှင် ဦးချစ်မောင် ကွယ်လွန်သည့်အထိမ်းအမှတ်ပွဲကို ရွှေတိဂုံဘရား တောင်ဘက်စောင်းတန်းအဆင်းရှိ ဦးဘရီ ဇရပ်တွင် ကျင်းပတတ်သည်။

မနက်ပိုင်းဘုန်းတော်ကြီးများကို ဆွမ်းကပ်ရေစက်ချလှုပြီးနောက် ရင်းနှီးသည့်မိတ်ဆွေများကို မနက်စာဖြင့်ဧည့်ခံသည်။ ထိုနှစ်စဉ်ဆွမ်းကျွေးပွဲများသည်ပင် စရိတ်မနည်းလှ။ ရင်းနှီးသည့် မိတ်ဆွေများကလည်း များသည်။ ဦးချစ်မောင်ရှိစဉ်က ဦးချစ်မောင် နှင့်ရင်းနှီးသည့် မိတ်ဆွေများ၊သတင်းစာဆရာများ၊ဖဆပလခေါင်းဆောင်အဖြစ် အတူလုပ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များ လာကြသည်။

ဗိုလ်လက်ျာ၊မြန်မာ့အလင်းဦးတင်၊သခင်ဝတင်၊ဦးစောဦး၊ဦးအုန်းမြင့်လေး၊ဂျာနယ်ကျော်ဦးချစ်မောင်၏ ညီ ရှေ့ဆောင်ဦးသန်းထွန်း၊ သမာဓိသတင်းစာအယ်ဒီတာချုပ် အမ်ဖိုးချိန် စသည့် လူကြီးများလာကြသည်။ ထိုစဉ်က ဖဆပလ အစိုးရအဖွဲ့ ၀င်များမှာမူ တစ်ယောက်မျှ မလာကြ။ ဂျာနယ်ကျော်မမလေး၏ မိတ်ဆွေများထဲမှ မူ ကျွန်တော်တို့ စာရေးဆရာ တစ်သိုက်လောက်ကိုသာ ဖိတ်မည်ထင်သည်။ သို့တိုင်အောင် အသိုင်းအ၀ိုင်းများသဖြင့် နှစ်စဉ်ဆွမ်းကျွေးပွဲံ များကို ခပ်ကျဉ်းကျဉ်းသူ့အခန်းလေးထဲမှာမလုပ်နိုင်။ နေရာမဆံ့။ ကျယ်ဝန်း၍ သွားလာရလွယ်ကူသော ရွှေတိဂုံ တောင်ဘက်မုခ်က ဦးဘရီဇရပ်မှာ လုပ်ရသည်။ ဂျာနယ်ကျော်မမလေးသည် ထိုသို့ ဇရပ်မှာ ဆွမ်းကျွေးလုပ်ရသည်ကို စိတ်ကောင်းဟန်မတူ။

“မုဆိုးမဆိုတော့လည်း မုဆိုးမလိုပဲလုပ်ရတာပေါ့၇ှင်“ ဟု ဂျာနယ်ကျော်မမလေးက ညှိုးငယ်သောမျက်နှာဖြင့် ညည်းတတ်သည်။

သို့ ရာတွင် မုဆိုးမဆွမ်းကျွေးပွဲသည်ပင် ကျွန်တော့်အမြင်တွင် ခမ်းနားကြီးကျယ်လွန်းနေပါပြီ။

ယခုမူ ဘောက်ထော်ပြည်သာယာလမ်းတွင် မြေကလေးတစ်ကွက် ကိုဝယ်ကာ အိမ်ကလေးတစ်ဆောင်ကိုဆောက်ပြီးပြီ။

၁၉၄၆ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်းထိဆယ်နှစ်ကာလတွင် ဂျာနယ်ကျော်မမလေးသည် မုဆိုးမဘ၀ဖြင့်ရုန်းကန်ခဲ့ရသည်။ ကလေးတွေကိုကျောင်းထားရသည်။ တစ်ဘက်က ပုံနှိပ်လုပ်ငန်း၊တစ်ဘက်က သွင်းကုန်လိုင်စင်လုပ်ငန်း စသည်တို့ကို လုပ်သည်။ ထိုအတောအတွင်း၌ ပုံနှိပ်စက်ကြွေးများကိုလည်းဆပ်သည်။ မြေကလေးတစ်ကွက်ဝယ်ကာ အိမ်ကလေး တစ်ဆောင် ဆောက်နိုင်ခဲ့သည်။ မုဆိုးမတစ်ယောက်အနေဖြင့် ကြည့်လျှင် မသေးငယ်လှသော အောင်မြင်မှုတစ်ခုဟု ဆိုနိုင်ပါသည်။

ယခုဆယ်နှစ်ကြာသည့်အခါတွင် အဆောင်အယောင်အခမ်းအနားကို နှစ်သက်သော ဂျာနယ်ကျော်မမလေးသည် ဦးချစ်မောင်ကွယ်လွန်သည့် ဆယ်နှစ်မြောက်အခမ်းအနားကို ထည်ဝါစွာ ကျင်းပနိုင်လေပြီ။ ဇရပ်ပေါ်၌ ဆွမ်းကျွေးပွဲမဟုတ်တော့ပဲ ဥယျာဉ်မြက်ခင်းပြင်မှ ဧည့်ခံပွဲဖြစ်လာလေပြီ။

ဂျာနယ်ကျော်မမလေးသည် သူ့မုဆိုးမ ဘ၀ ဆယ်နှစ်ခရီးကို “ဆယ်နှစ်“အမည်ဖြင့် ရှုမ၀တွင် ဆောင်းပါးတစ်စောင် ရေးခဲ့သည်။ ညည်းတွားသံ၊သက်ပြင်းချသံ၊အားမာန်တင်းသံတို့ သည် ကြော်ငြာဆိုင်းဘုတ်တစ်ခုပေါ်မှ မီးပွင့်များလို သူ့စာများထဲတွင် တစ်လှည့်စီပေါ်နေကြသည်။

ဂျာနယ်ကျော်မမလေးသည် ပြည်သာယာလမ်းအိမ်သို့ ရောက်သည့်အခါတွင်လည်း လုပ်ငန်းကိုတိုးပြန်သည်။

“ကျွန်မလုပ်ငန်းတစ်ခုလုပ်မလို့ “ ဟု တစ်နေ့ ၌ ကျွန်တော့်ကိုပြောသည်။

ဂျာနယ်ကျော်မမလေးသည် အမြဲတမ်းအလုပ်တစ်ခုခုကို လုပ်နေကြောင်းသိသဖြင့် ဘာမျှ အံ့အားသင့်ခြင်းမဖြစ်မိ။

“ဟုတ်လား။ ဘာအလုပ်လုပ်ဦးမလို့လဲ။ ပုံနှိပ်စက်လဲထောင်ပြီးပြီ။ သွင်းကုန်လိုင်စင်လုပ်ငန်းလဲလုပ်နေပြီ။ ဒေါ်မမလေးမှာ အချိန်အားကောရှိသေးလို့လာ။ ဒီအထဲမှာစာရေးရဦးမယ်။ စာရေးဆရာဆိုတော့ စာတွေလဲ ဖတ်ရဦးမယ်“

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၉) လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: