မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၉)

July 20, 2010 at 2:10 pm Leave a comment

၁၉၅၈ တွင် ဂျာနယ်ကျော်မမလေးသည် ကျွန်တော်တို့နှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) တွင် ဗဟိုအမှုဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဥက္ကဌ၊ဒုတိယဥက္ကဌများမှာ ပါမောက္ခဦးအောင်လှ၊လူထုဦးလှ၊သခင်လွင်၊ ဒဂုန်တာရာ၊ကျွန်တော်က အထွေထွေအတွင်းရေးမှုး၊သူကငွေထိန်း။

ထိုစဉ်က ဂျပန်အဏုမြူဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံး ဆန့်ကျင်ရေးကောင်စီက ဟီရိုရှီးမားအထိမ်းအမှတ်နေ့ သို့ တက်ရောက် ၇န်အတွက်ကျွန်တော်တို့ဆီမှ ကိုယ်စားလှယ်တစ်ယောက်ကိုလွှတ်ရန် ဖိတ်သည်။ ကျွန်တော့် ကိုလွှတ် ရန် ဆုံးဖြတ်ကြသော်လည်း ကျွန်တော် လက်မခံခဲ့။ ကျွန်တော့်အစား ဂျာနယ်ကျော်မမလေး ကို လွှတ်ရန် ကျွန်တော်က အဆိုပြုပါသည်။ သူသွားလျှင် သွားရေးလာရေး၊နိုင်ငံကူးလက်မှတ်ရရေးက အစလွယ်ကူမည်ဖြစ်သဖြင့် သူ့ကို အဆိုပြုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် ထိုစဉ်က အစိုးရပါတီဖြစ်သော သန့်ရှင်းဖဆပလ အဖွဲ့သို့ ချဉ်းကပ်ဆွေးနွေးရာ သန့်ရှင်းဖဆပလ အဖွဲ့က သူတို့ကိုယ်စားလှယ် ကိုသန်းစော၊ကျွန်တော်တို့ ကိုယ်စားလှယ် ဂျာနယ်ကျော်မမလေး ကို အစိုးရစရိတ်ဖြင့် လွတ်ပေးခဲ့သည်။ ဂျာနယ်ကျော်မမလေး က သိပ်သွားချင်ဟန်မတူပါ။ ကျွန်တော့်ကိုသာ အတင်း လွှတ်နေပါသည်။

“ဒေါ်မမလေး က ဘာဖြစ်လို့ မသွားချင်တာလဲ”

“သွားတော့ သွားချင်ပါတယ် ဒါပေမယ့် ကျွန်မ အိမ်ကို စိတ်မချဘူး။”

သည်တော့ မှသူ့သားကြီး မောင်သိန်းတန်ကို စိတ်မချကြောင်း ကျွန်တော် သဘောပေါက်သွားသည်။ ဂျာနယ်ကျော်မမလေး သည် သူ့သားကြီးမောင်သိန်းတန်ကို အကြီးဆုံး အမိုက်ဆုံးဟု မကြာခဏ ပြောတတ်သည်။ သူသည် ထိုအကြီးဆုံး အမိုက်ဆုံးသားကို အချစ်ဆုံးဖြစ်ပါသည်။ သူမောင်သိန်းတန်အား အကြီးဆုံး အမိုက်ဆုံးဟုသာ ပြောသော်လည်း အချစ်ဆုံးဟုကား တစ်ခါမျှ ထုတ်ဖော်ပြောခြင်း မရှိပါ။ သိုရာတွင် အချစ်ဆုံးဖြစ်ကြောင်းကို အသိုက်အ၀န်းက သိကြပါသည်။

မောင်သိန်းတန်သည် စိတ်မထင်လျှင် မထင်သလို အမေ့ဘီရိုထဲက စိန်လက်စွပ်ကိုယူပြီး ရောင်းချင်ရောင်းသည်။ အမေ့ယူနီဖောင်းသေတ္တာကို ဓားနှင့် ကန့်လန့် ဖွင့်ပြီးလျှင် သူလိုချင်ရာကို ယူသွားချင် ယူသွားသည်။ မောင်သိန်းတန်သည် တောင်း၍ မရလျှင် မသိအောင်ယူသွားသော်လည်း ဘယ်တော့မျှ မယူဟု မပြော။ ကွယ်ဝှက်ခြင်းမရှိ။ ဟုတ်တယ် မေမေ ကျွန်တော်ယူသွားပြီး ရောင်းပစ်လိုက်ပြီ တစ်ပြားမှ မရှိတော့ဘူး ဟု ပွင့်ပွင့်လင်းလင်းပြောတတ်သည်။ ကျွန်တော်တို့က အမေ့ကို စိတ်ဆင်းရဲအောင်မလုပ်ရန်၊ အမေ့ကို ငဲ့ညှာရန် ပြောသည့်အခါများတွင် မောင်သိန်းတန်က

“ကျွန်တော် နဲ့ အဘွားကြီး (မောင်သိန်းတန်က သူ့အမေကို ကွယ်ရာတွင် ထိုသို့ ရည်ညွန်း၍ ခေါ်လေ့ရှိသည်)က အခြေခံဒဿနခြင်းမတူဘူ့း ဦးလေးရ။ သူက ပိုက်ဆံဆိုတာ ရှာဖို့ စုတာလို့ မြင်တယ်။ ကျွန်တော် က ပိုက်ဆံဆိုတာ သုံးဖို့ လို့ မြင်တယ်။ ပိုက်ဆံတွေ စုထားပြီး သေသွားတော့ ဘာလုပ်မှာလည်း ။ မသေခင် သုံးသွားပေါ့ “ဟုပြောတတ်သည်။

ဂျပန်ပြည်သွားမည် ပြုသောအခါ ကျွန်တော်က

“မင်းအမေက တို့ကိုယ်စားလှယ်အဖြစ်သွားတာပါကွာ ဒီတခါတော့ ကောင်းကောင်းနေပါ။ မင်းကိုစိတ်မချလို့ မသွားချင်ဘူးလို့ ပြောနေတယ်။ ဒီတော့ ဒီတခါတော့ ကောင်းကောင်းနေပ့ါမယ်လို့ ကတိပေးပါ “ဟုကျွန်တော်ကပြောသည်။

မောင်သိန်းတန်က ကောင်ကောင်းနေမည်ဟု ဂတိပေးသည်။ သူ့ကတိအတိုင်း ဂျာနယ်ကျော်မမလေး မရှိသည့် အတော အတွင်းတွင် အိမ်မှ ပစ္စည်းများကို ယူ၍ ရောင်းခြင်း မပြုခဲ့ပါ။

ဂျာနယ်ကျော်မမလေး သည် ဟီရိုးရှီးမားအထိန်းအမှတ် အစည်းအဝေးသို့သွားတက်ပြီး ပြန်လာသည့်အခါတွင် အဏုမြူဗုံး ပိတ်ပင်ရေး၊ကမ္ဘာစစ်တားဆီးရေး နှင့်ပတ်သက်၍ ပို၍ သဘောပေါက်လာကာ ထိုလုပ်ငန်းများတွင် ပို၍ တက်ကြွစွာ ပါဝင်လာခဲ့ပါသည်။

သူအပြန်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အဏုမြူဗုံး ပိတ်ပင်ရေး၊ကမ္ဘာစစ်တားဆီးရေး နှင့်ပတ်သက်၍ ဟောပြောပွဲတစ်ခု ကျင်းပရာ သူ၊ရှမ်းပြည်ဦးတင်အေး နှင့် ကျွန်တော်တို့ ပါဝင်ဟောပြောကြသည်။
ဂျာနယ်ကျော်မမလေးမှာ ကျောင်းသူများ စိတ်အ၀င်စားဆုံးဖြစ်သည့် အတွက် သူ့ကို နောက်ဆုံးမှထားပါသည်။

သူ့အလှည့်သို့ ရောက်သည် နှင့် ဂျာနယ်ကျော်မမလေးသည် ပရိသတ်ကို ငြိမ်ကျသွားအောင် ထိန်းထားနိုင်သည်။ ခန်းမ တစ်ခုလုံးသူ့အသံမှလွဲလျှင် တိတ်ဆိတ်နေပါသည်။

ဟီရိုးရှီးမားဆေးရုံတွင် သူတွေ့ခဲ့ ရသည့်ေ၇ဒီယိုဓာတ်ကြွအဆိပ်သင့်နေသော လူနာများ၊ အဆိပ်မိသည့် မိဘများမှ မွေးလာသော ကလေးငယ်များ၏ ပုံပျက်ပန်းပျက်ဖြစ်နေသော ရုပ်များအကြောင်းကို ပြောပြရာတွင် ဂျာနယ်ကျော်မမလေး သည် တစ်ခန်းလုံးကို ဖမ်းစားထားနိုင်ပါသည်။ေ၇ဒီယိုဓာတ်ကြွအဆိပ်မိနေသော သူများအကြောင်းကိုပြောရင်း နားထောင်နေသည့် ရှေ့တန်းမှကျောင်းသးတချို့ မှ မျက်ရည်များကျနေသည်ကို မြင်လိုက်ရပါသည်။
ဂျာနယ်ကျော်မမလေးသည် အဏုမြူဗုံးပိတ်ပင်ရေး အကြောင်းကိုပြောရာမှပင် မျက်ရည်လွယ်သူတို့ မျက်ရည်ကျအောင် ပြောနိုင်သူဖြစ်လေသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

Favorite Kyi Aye’s words မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၀)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: