Favorite Kyi Aye’s words

July 17, 2010 at 10:28 pm 3 comments

…….. ကျွန်မ ၁၅ နှစ်က ရေးခဲ့သည်ကို ၃၅ နှစ်၌ အပြစ်ရှာရန်မလို ၊မသင့်ဟုထင်ပါသည်။ ကျွန်မ၏ မိတ်ဆွေတို့သည် အားလုံး ၃၅ နှစ်ချည်းရှိကြသည်မဟုတ်ပါ။ ၁၅ နှစ်အရွယ်လည်းရှိသည်ကို ၀မ်းမြောက်ဝမ်းသာတွေ့ ရပါသည်။ တကယ်တော့လည်း ကျွန်မတို့ အားလုံးသည် အသက်အရွယ်သတ်မှတ်ဖို့မလိုပဲ ၊ရလည်းမရဘဲ အချို့က အညှောက်ထွက်ဆဲ၊အချို့က အရွက်ဝေဆဲ၊အချို့က သီးပွင့်ဆဲ၊ဥယျာဉ်ထဲ၌ သစ်ပင်များပမာ ကြီးပြင်းရှင်သန်နေကြ သည်ကသာ အရင်းခံဖြစ်လေရာ (ကျွန်မကို အကောင်းဖက်သို့ မျှော်လင့်ခြင်းကြီးသူဟု ဆိုလျှင်ဆိုပါစေ) ကျွန်မ၏စာသည် ဘယ်သစ်တစ်ပင်အတွက်ဖြစ်စေ နှင်းရည်တစ်ပေါက်အနေဖြင့် အေးမြစေသည် ဆိုလျှင် လိုတာထက်ပို၍ ရခြင်းလို့ ထင်ပါသည်။

ထို့ကြောင့် ကျွန်မတို့သည် ငယ်စဉ်ကရေးသည့်စာ ကို စုံမက်စွာဖြစ်စေ၊ပြုံးရယ်၍ဖြစ်စေ၊သည်းခံကာဖြစ်စေ အလျဉ်းသင့်သလိုဖတ်ကြပါလိမ့်မည်။ ကိစ္စမရှိပါ။

ပြီးတော့ ကျွန်မသည် စာရေးနေသည့် ထိုကာလအတွင်းမှာ ရိုးဖြောင့်သော၊ ဟန်မဆောင်သော၊ မကြွားဝါသော၊ စေတနာဖြူသော နှလုံးထားမြဲဖြစ်သည် ကိုဝန်ခံနိုင်လေရာ ကျွန်မအတွက် ဘာမှရှက်ကြောက်ဖွယ် မရှိသည်ကို စဉ်းစားမိပါသည်။ (ထိုနှလုံးမျိုးထားသည်ကို ကျွန်မ ဂုဏ်မောက်၍ မပြောပါ။ ကျွန်မတို့သည် ထိုနှလုံးဖြင့် မွေးလာခဲ့ကြသည်လို့တော့ ယုံကြည်ပါသည်။ ဂျာမန် ကဗျာဆရာ ဘားတော့ဘရက်ပြောသလို မာရ်နတ်၏ မျက်နှာဖုံးရုပ်ပုံကိုကြည့်လျှင် ယုတ်မာဖို့ရာ ဘယ်လောက် အပင်တပန်းလုပ်ရသည်၊လုံ့လထုတ်ရသည်ကို သိနိုင်ပေသည်)။

ကြည်အေး

နွမ်းလျအိမ်ပြန် အမှာစာ (၇-၁၂-၁၉၆၄)

စကားမစပ်…..

ဂျာနယ်ကျော်မမလေး က နေ ဘယ်လိုကြည်အေးဖြစ်သွားလဲ လို့ များတွေးနေကြမလားမသိဘူး။ လောလောဆယ် စိတ်ထဲမှာရှိနေတဲ့အတွေးတွေနဲ့ ဖတ်လိုက်ရတဲ့ ကြည်အေးရဲ့ အမှာစာ နဲ့ အင်မတန်တိုက်ဆိုင်သွားလို့ သဘောကျလွန်းတာနဲ့ Facebook မှာလည်း notes လုပ်ပြီးတင်ထားတယ်။ ဘလော့လေးမှာလည်း လာတင်လိုက်တာပါ။

ဒီပို့စ်ကိုကော၊ Facebook notes ကိုကော ကြည်အေး ဓာတ်ပုံနဲ့ တွဲပြီးတင်ချင်တာ။ ဒါပေမယ့် ကာယကံရှင် ကိုခွင့်မတောင်း ရတာလည်းတကြောင်း၊ကြိုမပြောပဲ ဘယ်သူ့ဆီကရလို့ပါဆိုပြီးတင်လည်း သူကြိုက် လိမ့်မယ်မထင်တာမို့ မတင်လိုက်တော့ဖူး။ ပြီးခဲ့တဲ့ တစ်လလောက်က က Facebook မှာ အန်တီတစ်ယောက် ကြည်အေးနဲ့ နယူးယော့ခ်မှာ တွေ့ ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ အားပါးတရကြည့်လိုက်ရတယ်။ အရင် ကျွန်မတို့ သရဖူထဲမှာ တွေ့ တွေ့ နေတဲ့ပုံတွေ၊ Facebook က ကြည်အေး page မှာတင်ထားတဲ့ပုံတွေနဲ့ လုံးဝမတူဘူးရှင့်။ ပိုပြီးကြည့်လို့ကောင်းနေတယ်။ အသက်ရှစ်ဆယ်ကျော်လို့ မထင်ရအောင် နုပျိုတက်ကြွနေတဲ့ပုံပေါ်တယ်။အားမာန်အပြည့်ရှိနေသေး တဲ့ပုံလည်းပေါ်တယ်။ ပန်းခြံထဲက ခုံတန်းလျားပေါ်မှာထိုင်ပြီး ငှက်ကလေးတွေကို အစာကျွေးနေတဲ့ပုံတွေကို ရိုက်ထားတော့ (ရိုက်ထားတဲ့ အန်တီလည်း အိုင်ဒီယာသိပ်ကောင်းပါတယ်) ငှက်ကလေး တွေကိုအစာ ကျွေးနေရင်း မျက်နှာပေါ်မှာ ပေါ်နေတဲ့ နူးညံ့တဲ့အမူအယာကလည်း သိပ်ချစ်စရာကောင်းတယ်။ တစ်ယောက်က တော့ ကြည့်ရတာ အထီးကျန်တဲ့ပုံပေါ်သလိုပဲ လို့ ရေးထားတာတွေ့ရဲ့။ ဓာတ်ပုံတစ်ပုံမှာ ပြုံးနေတဲ့အပြုံးဆိုအင်မတန်သဘောကျဖို့ ကောင်းတယ်။

“မောင့်တောအုပ်မှာ“ ၊ “သစ္စာသစ်“ ကဗျာ ထဲက “ကျွန်မချစ်မြဲ သံသာဝဲမှ၊ ခွဲထွက်ချင်ဘူး တက်မက်ဦးမည်“ “အလှရှာဖွေ အဖြေတွေ့သော်၊မွေ့လျော်ငြိတွယ် သေမျိုး နွယ်လဲ၊ ရယ်ရွှင်ဝံ့စား ငါလူသားဟု တရားထွန်းသစ် သတ္တိဖြစ်၏“ ဆိုတဲ့ကဗျာလေးတွေဖတ်ပြီးရင် ရတဲ့ခံစားမှုမျိုး ရလိုက်သလိုပဲ။ ကိုယ်ခံစားမိတာတွေကိုအရှည်ကြီးမရေးချင်လေတော့ သိပ်ကြိုက်တဲ့ တမ်းတတတ်သည် ထဲ က စာသားလေး “စိတ်နှလုံးသည် နှစ်သိမ့်ပြုံးရွှင်ခြင်းဖြစ်လာကာ ပျော်စရာသက်ပြင်း တချက်ကိုချလိုက်ရလေသည်“ကိုပဲ photo comment အနေနဲ့ အဲဒီပုံအောက်မှာ ရေးလိုက်မိတယ်။ တကယ်ကိုပဲ ကျွန်မရဲ့ ခံစားချက်က အဲဒီဝါကျလေးနဲ့ အသင့်တော်ဆုံးပါပဲလေ။

Entry filed under: စကားစမြည်, Sharing. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၈) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၉)

3 Comments Add your own

  • 1. SuuChit  |  July 19, 2010 at 3:34 pm

    ညလေး… ဖေ့ဘုတ်မှာ လိုက်ရှာကြည့်တာ တွေ့သေးဘူးတော့…
    ထပ်ရှာကြည့်အုံးမယ်…
    ကြီးစု
း-)

    Reply
  • 2. မောင်မျိုး  |  July 17, 2010 at 10:39 pm

    စာအရမ်းဖတ်တဲ့ မရွှေမိ ဆီက စာအုပ်တွေ ငှားဖတ်ခွင့်ရရင်ကောင်းတယ် ပြီးတော့ ဘယ်စာအုပ်တွေ ကောင်းလည်းလို့ အရင်မေုးပြီး အမြည်းလေးသိပြီးတာနဲ့ သွားဝယ်ရရင်ကောင်းမယ်း) ကျနော်လည်း ခုမှ စာအုပ်တွေစုတုန်း ။

    Reply
    • 3. mashwemi  |  July 17, 2010 at 10:43 pm

      စာအရမ်းဖတ်တယ်ပြောလို့ ကိုယ့်ထက်ပိုစာဖတ်တဲ့သူတွေ မြင်ရင် ရီနေပါဦးမယ် ကိုမောင်မျိုးရေ။ ကျွန်မက ကိုယ်ကြိုက်တဲ့စာအုပ်လေးလောက်ကိုပဲရွေးဖတ်တာပါ။ စာအုပ်တွေတော့ အများကြီးဝယ်စုထားတယ်။ စာအုပ်တွေကိုဓာတ်ပုံရိုက်ပြီး ကြွားတဲ့ပို့်စ်တင်ဦးမယ်ဆိုတာကို မတင်ဖြစ်သေးတာ😉

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: