မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၃)

June 22, 2010 at 3:19 pm 1 comment

အပိုင်း ခုနစ်

ဂျာနယ်ကျော်ဦးချစ်မောင်ကို ကျွန်တော်မမီလိုက်ပါ။ သို့ရာတွင် သူ၏ဆောင်းပါးများနှင့် အထူးသဖြင့် ရွှေလင်းယုန် အမည်ဖြင့်ရေးသော “သူ“၀တ္ထုကြီးမှ တစ်ဆင့် ဦးချစ်မောင်၏ စရိုက်ကို ကျွန်တော်အကဲခတ်မိသည်။ သူ့စိတ်နေစိတ်ထား၊သူ့ စာပေအယူအဆ၊သတင်းစာအမြင် စသည်တို့ကို လူပြောသူပြောဖြင့်သိခဲ့ရသည်။

ယခု ဂျာနယ်ကျော်မမလေးထံမှ ကွိဒ် ကို ဖတ်လိုက်ရသည့်အခါအတွင် ကျွန်တော်သည် ဂျာနယ်ကျော်ဦးချစ်မောင် အပေါ်တွင် အရိပ်ထိုးနေသော ကွိဒ် ကို တွေ့နေရလေသည်။ ကွိဒ် ၀တ္ထုမှာ အမေရိကန်စာရေးဆရာ ဟင်နရီဆစ်ဒနာဟယ်ရီဆန် (Henery Sydnor Harrison) ၏ နာမည်ကျော် ၀တ္ထုဖြစ်ပြီး လူထူးလူဆန်း သတင်းစာဆရာတစ်ဦးနှင့် ရှာလီဝေလင် ဆိုသည့် မိန်းမပျိုလေးတစ်ယောက်တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ ကွိဒ် သည် စာအလွန်ဖတ်သူဖြစ်သည်။ စာကြည့်ခန်းတစ်ခုထဲသို့ သူဝင်သွားသည့်အခါတွင် ပါမောက္ခအိုကြီး တစ်ယောက်နှင့် တွေ့သည်။ ပါမောက္ခအိုကြီး က စာအုပ်တွေကိုလက်ညိုးထိုးပြပြီး ဖတ်ဖူးသလားဟု မေးသည်။ စပင်ဆာ၊ဟတ်ဇလေ၊ ဟွမ်း၊ဒါဝင်၊မီးလ်၊ဂျွန်ဖစ်၊အဒမ်စမစ်၊ဟင်နရီမိန်း စသည့် ဒဿနပညာရှင်၊နိုင်ငံရေး သိပ္ပံပညာရှင်များ၏ ကျမ်းကြီးတွေဖြစ် သည်။ တစ်နည်းပြောရလျှင် လူမျိုးနွယ်ကြီးတစ်ခုလုံး၏ ဥာဏ်အမြော်အမြင်တို့ကို အနှစ်ထုတ်ယူထားသည့် ကျမ်းအစောင် စောင်တို့ ဖြစ်သည်။

“အကုန်ဖတ်ဖူးတယ်။“ ဟုကွိဒ် ကဖြေသည်။ “ကျွန်တော်ဖတ်ဖူးတာတွေများလွန်းလို့ စဉ်းစားရင် အံ့အားတောင်သင့်တယ်။ ဟောဒီမှာ ဘင်ဂျမင်ကစ်ပါလား။ ကျွန်တော်သူ့ကို ဖတ်ဖူးတဲ့အချိန်တုန်းက စာကြည့်တိုက်တိုင်းမှာ သူ့စာအုပ်တွေမရှိသေး ဘူး။ အင်း ခင်ဗျားစာအုပ်စင်က စာအုပ်တွေ အတော်စုံတာပဲ။ အဲဖရက်မာရှယ်အတော်ကောင်းတယ်။ ဒဿနိကပညာတော့ ဘာမှမပါဘူး ။ ကွန်ထရတ်ဆိုရှယ်ကျမ်းကတော့ အလကားဟာပဲ။“

သည်မျှလောက်နှင့်ပင် ကွိဒ် စာဖတ်ပုံကို ကျွန်တော်တို့ သိနိုင်ပါသည်။ ထိုအရိပ်သည်ဦးချစ်မောင် အပေါ်တွင် ထိုးကျနေ သည်ဟု ကျွန်တော်ခံစားမိသည်။ ထိုမျှမကပါ။ သတင်းစာအမြင်နှင့်ပတ်သက်၍လည်း ကွိဒ် အရိပ်သည် ဦးချစ်မောင် အပေါ်တွင် ထိုးကျနေလေသည်။

ကွိဒ်ကို သတင်းစာတိုက်မှ အလုပ်ဖြုတ်ပစ်တော့မည် အပြုတွင် ရှာလီဝေလင်က ကွိဒ်ကို ပြောသွားခဲ့သည့် စကားများမှာ မှတ်သားလောက်သည်။

“ပထမအချက် ..ရှင်ဘာကြောင့် ခေါင်းကြီးရေးဆရာအဖြစ်မအောင်မြင်ရသလဲ။ ရှင်က ရေးဟန်ပြဿနာလို့ ထင်နေတယ်။ ရှင့်ရေးဟန် ပြဿနာလို့ ထင်နေတယ်။ ရှင့်ရေးဟန်မှာ အကြီးဆုံး ချွတ်ယွင်းချက်တွေရှိနေပေမယ့် ဒါက အဓိကအကြောင်း မဟုတ်ဘူးရှင့်။ တကယ့်အကြောင်းအရင်းခံက ရှင့်သဘောထား ပြဿနာ။ ရှင်ကခေါင်းကြီးရေးတာကို လက်တို လက်တောင်း အလုပ်လို့ ထင်နေတယ်။ လူမဖတ်တဲ့ ကျောက်ခေတ်ကမဂ္ဂဇင်းကြီးတွေမှာ ဆောင်းပါးကလေးတစ်ပုဒ် ပါယုံနဲ့ ဒီခေါင်းကြီးရေးတဲ့အလုပ်ကို နိမ့်ကျတဲ့ အလုပ်လို့ ရှင်ထင်တယ်။ တကယ်ဆိုတော့ ခေါင်းကြီးရေးတဲ့ အလုပ်ဆိုတာ တကယ်ကြီးမြတ်တဲ့အလုပ်၊အတတ်ပညာတွေထဲမှာ တကယ်အံ့သြကုန်နိုင်ဖွယ်အလုပ်၊အကျော်အမော်တွေနဲ့ သာ ထိုက်တန်တဲ့အလုပ်။ ရှင်က အယ်ဒီတာ မစ္စတာကောင်းကို မထီမဲ့မြင်လုပ်တယ်။ မခန့် တရန့်လုပ်တယ်။ ခေါင်းကြီးရေး တဲ့နေရာမှ ရှင့်ကိုယ်ရှင် သူ့ထက်သာတယ်လို့ ထင်တယ်။ သူကရှင့်ထက်သာတယ်။ သတင်းစာဖတ်ပရိသတ်တွေထဲမှာ သူ့ခေါင်းကြီးထက် ရှင့်ခေါင်းကြီးကို ကြိုက်တဲ့သူ တစ်ယောက်တောင်ရှိမယ်မထင်ဘူး။ သူ့ထက်ရှင့်ကို အယ်ဒီတာ ခန့်ချင်တဲ့ စာနယ်ဇင်းဆိုလို့လည်း ကမ္ဘာမှာ တစ်စောင်မှ ရှိမယ်မထင်ဘူး။

“ရှင်ခေါင်းကြီးရေးတဲ့အခါ ဘယ်လိုလူတွေအတွက် ရေးတယ်လို့ ထင်သလဲ။ သိပ္ပံပညာရှင်တွေအတွက်လား၊ မုတ်ဆိတ်ဖြူဖြူနဲ့ သုခမိန်ကြီးတွေအတွက်လား၊ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ဥပဒေပါရဂူအိုကြီးတွေအတွက်လား၊ သတင်းစာကိုဖတ်တဲ့သူတွေထဲမှာ အဲလိုလူမျိုးက လက်တစ်ဆုပ်စာပဲရှိတယ်။“

“ရှင် တကယ်ရေးရမယ့်လူတွေကို အာရုံသွင်းကြည့်လို့ မမြင်ဘူးလား။ အဲဒီလူတွေကို ရှင်လမ်းလျှောက်သွားရင်း နေ့တိုင်းတွေ့ နိုင်တယ်။ ညနေ ၆ နာရီလောက် မြို့ ပတ်ရထားစီးကြည့်၊အဲဒီလူတွေရဲ့ မျက်နှာကို မြင်နိုင်တယ်။ အဲဒီလူတွေဟာ ပို့စ် သတင်းစာရဲ့ ပရိသတ်၊ဈေးသည်တွေ၊အလုပ်သမားတွေ၊ စာရေးစာချီတွေ၊ရေပိုက်ပြင်သူတွေ၊ ကားသမားတွေ၊အရောင်းကိုယ်စားလှယ်တွေ၊ မိန်းမသုံးပစ္စည်းရောင်းတဲ့သူတွေ၊”

“သူတို့ကိုကြည့် ၊သူတို့ကို ဘယ်လိုဆွဲဆောင်စည်းရုံးရမလဲဆိုတာကိုစဉ်းစား၊ အမှန်က ဒီလိုဖြစ်လာရမယ်။ ပြီးတော့ ရှင်က အဲဒီလူတွေတန်းစီပြီးရှင့်ဆီကိုလာမေးဦးတော့၊ နည်းနည်းလေးမှ စိတ်ဝင်စားတဲ့ပုံမရဘူး။“

“ရှင့်တာဝန်က ရှင်ရေးတာကို လူဖတ်ဖို့ ၊ကိုယ်ရေးတဲ့စာကို လူဖတ်အောင်မှ မရေးနိုင်ရင် ကိုယ်ပြောချင်တဲ့အကြောင်းအရာ ဟာ ဘယ်တော့မှ မအောင်မြင်နိုင်တော့ဘူး။ သတင်းစာဆရာဆိုတာ လူတွေကို နံရံမှာ မှီခိုင်းပြီး အချက်အလက်တွေကို လေမှုတ်စက်နဲ့ သူတို့ ခေါင်းထဲကိုမှုတ်သွင်း ရမယ်လို့ ရှင်ထင်နေသလား။

“ဒီလိုဆိုရင်တော့ ရှင်သွက်သွက်လည်အောင်မှားပြီ။ ရှင့်စိတ်ကူးထဲက ထုတ်ချင်တဲ့သတင်းစာမျိုးဖတ်မယ့်သူဆိုလို့ ဒီမြို့မှ တစ်ကျိတ်ပြည့်အောင်တောင် ရှိမှာမဟုတ်ဘူး။ အဲလိုသတင်းစာမျိုးကိုသာထုတ်ရင် မော်ဂန်လိုသန်းကြွယ်သူဌေးတောင် တစ်နှစ် မပြည့်ခင်မှာ ကုန်းကောက်စရာမရှိအောင်မွဲသွားလိမ့်မယ်။“

“သေနေတဲ့သတင်းစာဟာ တစ်ကမ္ဘာလုံးမှာ ဘယ်မှာဖြစ်ဖြစ် အသုံးမကျဘူး။ အသက်ဝင်လှုပ်ရှားနေတဲ့ သတင်းစာကောင်းကိုသာ ပရိသတ်က ဖတ်ချင်တာ။ အားလုံးက လက်ခံထားတာထက်ပိုပြီး နည်းနည်းကောင်းရတယ်။ ပိုပြီးပေါ့ပါးရတယ်။ အဖိုးတန်အချက်အလက်တွေနဲ့ ရင့်ကျက်တဲ့အဆုံးအဖြတ်ကို ပေးနိုင်ရတယ်။“

“ပို့စ် က အဲလိုသတင်းစာမျိုးရှင့်။ ပရိသတ်အများစုတက်လှမ်းနေတာထက်ပိုပြီး မြင့်မြင့်ရောက်အောင် အမြဲဆွဲတင်ပေးရ တယ်။ သတင်းစာရဲ့ ပထမဆုံးတာဝန်ဟာ လူဖတ်ဖို့ပဲဆိုတာ အမြဲတမ်းသတိရရမယ်။“

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

Carla Bruni – Quelqu’un ma dit မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၄)

1 Comment Add your own

  • 1. ကိုထိုက်  |  June 25, 2010 at 12:43 am

    အစ်မရေ ဂျီကျတယ်လို့တော့ မထင်ပါနဲ့။ ဆက်လက်စောင့်မျှော်လျှက်
    ကိုထိုက်

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: