အတွေ့ထူးသူ

June 18, 2010 at 12:51 am 1 comment

်ပဉ္စပါပီ အကြောင်းကို နှစ်သက်စရာဖြစ်အောင်ရေးဖွဲ့ ထားတဲ့ ဆရာရွှေတိုင်ညွန့် ရဲ့  သီချင်းလေးပါ။

အတွေ့ထူးသူ

တေးရေး -ရွှေတိုင်ညွန့်
တေးဆို -ဘိလပ်ပြန်သန်း

ပါရမီ စာဂီ ပါရမီထူးပါပေသည်……ဖူးစာတော်ရေး ရှေးကံဖန်တော့သည် ..အသားကောင်းခြင်းနဲ့ ညီ အသွေးကောင်းခြင်းနဲ့ ညီ ရှေးရာဇ၀င်မှာ ထင်ပေါ်သည် လူတိုင်းလည်းပဲသိပေမည် မြတ်တဲ့ရာဇာမင်းသည် ထင်အလင်းပဲနှစ်သက်ပြီ သြော် …အတွေ့ မှာထူးလို့ ရွှေဖူးစာကညီ ပေါင်းဖော်ကြသည်။

အသားအသွေးကညီ ထူးစွာပင်နူးညံ့သည် …အဆင်းလည်းမလှသည် မင်းမိဖုရားဖြစ်တော့သည်……အသားချင်းထိရင် မချိအောင်ပင်စွဲရသည်…ကောင်းသောအတွေ့ကို မမေ့နိုင်ဖူး ချီးကျုးမည် …အမျိုးသမီးဂုဏ်ရည် ယုံစားကြဖို့ မှန်သည် တကယ်ပင်မယ်ပဉ္စရဲ့ ကုသလ အညီ အသားချင်းထိရင် မချိအောင်ပင် စွဲရသည်….အဆင်းလည်းမလှပြီ မင်းမိဖုရားဖြစ်ရသည်…..

ချစ်ခင်နိုင်စေကြောင်းရည် အတွေ့ကောင်းခြင်းကြောင့်ပေါင်းသင်းသည် …ရှေးရာဇ၀င်တည်ထားသည် မိဖုရားကြီး လည်းမြှောက်ပေသည်… ဆင်းရူပါအလွန်ထူးသည် အမျိုးနန်းဆက်ပြီ …မိန်းမသားများအားကျသည် …ထူးသည် မြတ်သည်….မူယာထုတ်ကာ ရူပါရုပ်ဟာ ပူစရာမဟုတ်ပါသည် ….မယ်ပဉ္စရဲ့မနမူနာကိုတည် အားလုံးသိထိုက်ပြီ …..ချောတာကိုမလိုပြီ သဘောက ချိုရမည်….ပညာရှိသူ ကြည်ဖြူကြောင်းနဲ့ ပေါင်းသင်းရလိမ့်မည်….။။

ရူပါရုံပြရင် အတည် တကယ်ပင်မလှတော့သည် …မယ်ပဉ္စရဲ့ ဘ၀ပါရမီ ဖောဌဗ္ဗာရုံ စုံညီ အတွေ့လည်းထူးလို့ ချီးကျူးမည် အလွန်ထူးမြတ်တော့သည်….။

သီချင်းစာသား၊အချက်အလက်တွေကို ဂန္တ၀င်ဂီတစာဆိုတော်ကြီး ရွှေတိုင်ညွန့် နှစ်တစ်ရာပြည့် စာအုပ်မှ ရယူပါတယ်။
သီချင်း ကိုတော့ မြန်မာကျူးပစ်ဖိုရမ်ကနေdownload ယူထားတာပါ။
နားဆင်ကြည့်လိုသူများ ဒီမှာဒေါင်းလုပ် လုပ်ပြီးနားဆင်နိုင်ပါတယ်။

Entry filed under: သီချင်းများ, ရှေးဟောင်းသီချင်းများ. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၁) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၂)

1 Comment Add your own

  • 1. စာဖတ်သူ  |  August 7, 2010 at 10:37 am

    အမရေ … စာလာဖတ်သွားတယ် .. ဂျာနယ်ကျော်မမလေး အပိုင်းတွေဖတ်ရတာကျေးဇူးပါ… အစားအသောက်လေးတွေလည်းတင်ပါဦးနော်🙂

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: