မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၁)

June 17, 2010 at 3:07 pm 5 comments

ဥရောပတွင် ဒုတိယကမ္ဘစစ် စတင်ခဲ့ပြီးနောက် များမကြာမီ တစ်ခုသော ညနေတွင် ဆူးလေဘုရားလမ်းရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်သော ပခုက္ကူအမတ် ဦးအောင်ညွန့် (ဦးအံ့ကြီး) ထံသို့ သူ၏ သားချင်းတစ်ဦးထံမှ စာတစ်စောင်ရောက်ရှိလာပါသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းသွား ဆာဟာဗေးအဒမ်ဆင် သင်္ဘောဖြင့် တနင်္သာရီဘက်သို့ လိုက်သွားရာ လမ်းခရီးပင်လယ်မှ ကိုက်ပေါင်း (ကိုက်အတိအကျ ကျွန်တော်မမှတ်မိတော့ပါ) ဤမျှအကွာတွင် ပေါက်ကွဲမှုကြီးဖြစ်ပြီး ပင်လယ်ရေပြင်ကြီးမှ မိုးပွင့်ကြီးများပမာ ရေများကောင်းကင်သလို့ ဖြာတက်သွားခဲ့ကြောင်း ၊သူနှင့်တကွ ခရီးသည်များအားလုံး တုန်လှုပ်ခြောက်ချားသွားခဲ့ရကြောင်း စသဖြင့် စာထဲတွင် ပါလာပါသည်။

ယင်းစာကို ကျွန်တော်တွေ့ရသောအခါ စာကိုလက်ခံရရှိသူသည် ပါလီမန် အမတ်တဦးဖြစ်နေသည်က တစ်ကြောင်း၊စာကိုရေးလိုက်သောသူသည် မဟုတ်မမှန် လုပ်ကြံရေးသားမည့် ပုဂ္ဂိုလ်မဟုတ်ဟုယုံကြည်စိတ်ချရသည်က တစ်ကြောင်း ကြောင့် ကျွန်တော်သည် သတင်းတိုတစ်ပုဒ် အဖြစ်ပြင်ဆင်ပြီး မြန်မာ့အလင်း၌ ထည့်လိုက်ပါသည်။

မြန်မာနိုင်ငံအစိုးရအဖွဲ့ ၏ မျက်နှာဖြူအတွင်းဝန်ချုပ်က ဤသတင်းကို “ဘယ်ကရသလဲ၊ဘယ်သူရေးပို့သလဲ ၊ယခုချက်ချင်းဖြေပါ“ ဟုတယ်လီဖုန်းဆက်ပြီး ဒေါကြီးမောကြီးနှင့်မေးပါသည်။ ကျွန်တော်က သတင်းစာကျင့်ဝတ်အတိုင်း အခြေအမြစ်ကို မဖော်ပြနိုင်ပါ ကြောင်း၊ကျွန်တော်တို့ ဖော်ပြသော သတင်းသည် ခိုင်လုံသည်ဟု ယုံကြည်သဖြင့် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊မှားသည်ထင်လျှင် အစိုးရ အနေဖြင့် ဖြေရှင်းချက် ထုတ်ပြန်နိုင်ပါကြောင်း ပြန်လည်ပြောကြားရာ အတွင်းဝန်ချုပ်သည် ပို၍ ဒေါသထွက်လာပြီး တယ်လီဖုန်းထဲမှနေ၍ အမျိုးမျိုးကြိမ်းမောင်းနေပါတော့သည်။ သို့ဖြစ်၍ ကျွန်တော်သည် တယ်လီဖုန်းကို ချလိုက်ပါသည်။

ကျွန်တော်သည် ထိုကိစ္စကို ဆရာဦးချစ်မောင်အား အပြည့်အစုံ တင်ပြရာ ဆရာဦးချစ်မောင်က သတင်းပို့သူသည် အခြေအနေအဆင့်အတန်း ရှိသောလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေ၍ အတွင်းဝန်၏ ခြိမ်းခြောက်ချက်များကို မှုစရာမလို၊စောင့်ကြည့်ရန်သာ ရှိသည်ဟု ပြောပါသည်။

ဤညနေ၌ အစိုးရက မြန်မာ့အလင်း၌ ဖော်ပြခဲ့သော သတင်းသည် လုံးဝမဟုတ်မမှန်ကြောင်း၊အခြေအမြစ်လုံးဝမရှိကြောင်းကို ဖြေရှင်း ချက်တစ်စောင် ထုတ်ပြန်လိုက်ပါသည်။

ဤမျှသာမက မြန်မာ့အလင်းပိုင်ရှင်ဖြစ်သူထံသို့ ဖုန်းဆက်ပြီး ဤဖြေရှင်းချက်ကို မနက်ဖြန်သတင်းစာတွင်ပါအောင်ထည့်ရန် ပြောကြားပါသည်။

သို့ဖြစ်၍ ပိုင်ရှင်သစ်က ဆရာဦးချစ်မောင်အား ဖြေရှင်းချက်ပေးရမည် ဟု အမိန့်ပေးပါသည်။ ဆရာဦးချစ်မောင်က အကြောင်းအကျိုးရှင်းပြပြီး မထည့်နိုင်ကြောင်း ငြင်းပါသည်။

ိပိုင်ရှင်သစ်က မိမိအမိန့်ကို မလိုက်နာလျှင် အလုပ်မှထွက်ပါ ဟုပြောသောအခါ ဆရာဦးချစ်မောင်သည် ထွက်စာကို ကောက်ရေးပြီး ချက်ချင်း နှုတ်ထွက်လိုက်ပါသည်။ သို့သော် သတင်းစာနောက်ကျော၌ အမြဲတမ်းပုံနှိပ်ပါရှိရသော “တာဝန်ခံအယ်ဒီတာ မောင်ချစ်မောင်က ပုံနှိပ်ထုတ်ဝေသည်“ ဟူသောစာကိုဖြုတ်ပစ်ပေးပါ။ သို့မဟုတ်ပဲ မိမိနာမည်နှင့်ပုံနှိပ်ထုတ်ဝေသော သတင်းစာ၌ အစိုးရ၏ ဖြေရှင်းချက် သတင်းကိုဖော်ပြပါရှိလာလျှင် မိမိကန့်ကွက်ရလိမ့်မည် ဟု တောင်းဆိုသဖြင့် ပိုင်ရှင်သည မြန်မာ့အလင်းသတင်းစာကို အပိုင်စီးရန်ကြိုးစား လျှက်ရှိသော ဂဠုန်ဦးစော ၏ တပည့်တစ်ယောက်အား ညတွင်းချင်း မြန်မာ့အလင်းတာဝန်ခံအယ်ဒီတာအဖြစ် ခန့်အပ်လိုက်ပါသည်။

ထိုအချိန်မှာ ညသန်းခေါင်ယံအချိန်ဖြစ်နေပါပြီ။

ဆရာဦးချစ်မောင်နှင့် ကျွန်တော်တို့ မြန်မာ့အလင်းသတင်းစာနှင့် လမ်းခွဲခဲ့ရသော အကြောင်းမှာ အက်ဒွပ်ဘုရင်နန်းစွန့်သောသတင်း ကြောင့်မဟုတ်ပါ။ ဆာဟာဗေးအဒမ်ဆင် သင်္ဘောနှင့်ပတ်သက်၍သာဖြစ်ပါသည်။ ထိုအခါကျမှ ဆရာဦးချစ်မောင်နှင့် ကျွန်တော်တို့သည် ဂျာနယ်ကျော်အပတ်စဉ်စာစောင်ကို ဖိဖိစီးစီးရေးသားထုတ်ဝေနိုင်ပါတော့သည်။

ပြည်သူ့ ဟစ်တိုင် သတင်းစာ

ကိုမြသန်းက ဆရာဦးချစ်မောင် ကို စစ်ပြီးခေတ်၌ ပြည်သူ့ဟစ်တိုင်သတင်းစာကိုထုတ်ဝေခဲ့သည်ဟု ရေးသားထားပါသည်။ ဆရာဦးချစ်မောင်သည် ပြည်သူ့ဟစ်တိုင်နေ့စဉ်ကို မထုတ်ဝေမီ ကွယ်လွန်အနိစ္စရောက်သွားခဲ့ရရှာပါသည်။ ဆရာဦးချစ်မောင် ကွယ်လွန်ပြီးနောက်တွင်မှ ပြည်သူ့ဟစ်တိုင်နေ့စဉ်သတင်းစာကို ကျွန်တော်သည် ဂျာနယ်ကျော်အပတ်စဉ်စာစောင်နှင့်အတူ တာဝန်ယူ၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့အလင်းနှင့်ပတ်သက်သောဖြစ်ရပ်များသည် နှစ်ပေါင်း ငါးဆယ်ကျော်ကြာခဲ့ပြီဖြစ်သဖြင့် တစ်ကြောင်း၊ဂျာနယ်ကျော်၊ပြည်သူ့ဟစ်တိုင် နှင့်ပတ်သက်သောအချက်အလက်များသည် နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့ပြီးဖြစ်သည် တစ်ကြောင်းကြောင့် ကိုမြသန်း အမှတ်အသား လွဲမှားသွားခဲ့ခြင်းဖြစ်ဟန်တူပါသည်။ ကိုမြန်သန်းသည် ကျွန်တော်၏ တင်ပြချက်များကို အခွင့်သာသောအချိန်တွင် လုံမလေးမဂ္ဂဇင်းတွင် ကောက်နှုတ်ရေးသားဖော်ပြပေးခဲ့ပါလျှင် စာဖတ်သူများအဖို့ အမှန်ကိုသိခွင့်ရရှိကြလိမ့်မည်ဖြစ်ပါသည်။

ကျွန်တော်သည်ကိုစောဦး၏ စာရှည်ကြီးကို ဖတ်ပြီးနောက် ကျွန်တော့်ဆောင်းပါးကို ပြန်ဖတ်ကြည့်သည်။ သူပြောသည့်အတိုင်း ဖော်ပြပါအချက်အလက်များသည့်  မြန်မာ့စာနယ်ဇင်းသမိုင်းများကိုလေ့လာနေသူများအဖို့ အရေးကြီးပါသည်။ အက်ဒွပ်ဘုရင်နန်းစွန့် သည့်သတင်းကို ကာလကတက္ကားသတင်းထောက်ဖြစ်သူ သိန်းဖေမြင့်က ပေးပို့ကြောင်းကို သိန်းဖေမြင့်၏ စာပေအတ္ထုပတ္တိ အတွဲတစ်တွဲတွင် ကျွန်တော်ဖတ်လိုက်ရပါသည်။ ဆာဟာဗေးအဒမ်ဆင် သင်္ဘောကိစ္စကိုလည်း တစ်နေရာတွင့် ကျွန်တော် ဖတ်လိုက်ရပါသည်။ သို့ရာတွင် ယခုကိုစောဦးမှာ သူကိုယ်တိုင် ထိုသတင်းများထည့်ရာတွင်လည်းကောင်း၊တည်းဖြတ်ရာတွင်လည်းကောင်းအရေးကြီးသော အခန်းမှပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူထောက်ပြလိုက်သောအခါတွင်ပိုရှင်းသွားပါသည်။

ထို့ကြောင့် အမှားကိုထောက်ပြသော ကိုစောဦးကို ကျေးဇူးတင်ရပါသည်။ သူ၏ခွင့်ပြုချက်အရ သူ့စာကိုလည်း ကောက်နုတ်ဖော်ပြလိုက်ပါသည်။ စာဖတ်သူတို့အတွက် များစွာအကျိုးရှိသော ဖြည့်စွက်ချက်တစ်ခုဖြစ်ပါသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၀) အတွေ့ထူးသူ

5 Comments Add your own

  • 1. ကိုထိုက်  |  June 17, 2010 at 11:59 pm

    အစ်မရေ………… မနောက်ပါနဲ့ ဗျာ …….
    ကျန်တဲ့ အပိုင်းတွေ ရှိသေးလား ……
    အခုလို စာအုပ်ကောင်းတွေ တင်ပေးတဲ့ အတွက်
    ကျမ်းမာ ချမ်းသာပါစေ လို့ ဆုတောင်းပေးပါတယ်။
    နောက်ပိုင်လည်း စာအုပ်ကောင်းလေးတွေ တင်ပေးပါ အစ်မ
    ကျေးဇူတင်စွာဖြင့်
    ကိုကိုထိုက်

    Reply
    • 2. mashwemi  |  June 18, 2010 at 12:05 am

      မနောက်ပါဘူး ကိုထိုက်ရယ် …အပိုင်း၆-၁၇ ထိကျန်သေးတယ်။ ကျန်တဲ့အပိုင်းတွေလည်း အမြန်တင်ပေးနိုင်အောင် ကိုယ့်ဟာကိုယ် motivate လုပ်နေပါတယ်။ ဒါကြောင့် ကျူးပစ်မှာ သွားကြေငြာ ထားတာလေ😀 များများ လာဖတ်ကြတော့ လက်ညောင်းရကျိုးနပ်တာပေါ့နော😉 လောလောဆယ်တော့ ဂျာနယ်ကျော်မမလေး အကြောင်း အဓိကတင်မယ်စိတ်ကူးပါတယ်။ နောက်များမှာတော့ ဆောင်းပါးအတို၊၀တ္ထုလေးတွေ ထဲက ကောင်းမယ် ထင်တာ လေးတွေလဲ တင်ပါဦးမယ်။ လူတိုင်းလည်းဖတ်ဖြစ်မိဖို့ သိပ်မလွယ်တာလေးတွေပေါ့။ လာဖတ်တဲ့ ကိုထိုက်ကိုေ၇ာ၊တီဆွိကိုပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙂

      Reply
  • 3. TTSweet  |  June 17, 2010 at 11:51 pm

    လာလည်ပြီး စာတွေဖတ်သွားပါတယ်။
    မရွှေမိက ရူဘီလား။ ကျူးပစ်ကနေ လင့်ခ်တွေ့လို့ လာတာပါ။

    Reply
  • 4. shwezinu  |  June 17, 2010 at 10:59 pm

    တန်ဘိုးရှိတဲ့ သတင်းကွင်းဆက်များနဲ့ သတင်းစာကျင့်ဝတ် အယ်ဒီတာကျင့်ဝတ် များကို ဖော်ပြပေးတဲ့ အတွက် ကျေးဇူးပါ..

    တန်ဘိုးရှိသော လူများ အကြောင်းကို အားလုံးသိကြပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    Reply
  • 5. သိင်္ဂါကျော်  |  June 17, 2010 at 4:27 pm

    စာတွေ လာဖတ်ပါတယ်..

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: