မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (၃)

June 10, 2010 at 10:05 pm 1 comment

(၃)
ကျွန်တော်တို့ အာရှတောင်ဝင်မှ ထွက်ခဲ့ပါသည်။ ကျွန်တော်က ကိုမောင်မောင်လေးကားနှင့် လိုက်ပါရင်း အစ်မကို တစိမ့်စိမ့်ကြည့်နေမိ၏။ “မေမေတို့ ဖေဖေ တို့ သမီး ဟာ ဒီပုံနဲ့ သေရပါပြီ။“ “ကိုသိန်းတန်ရေ…မမလေး တစ်ယောက် အဖြစ်ကိုကြည့်ပါဦး“ အဖေသည် ရန်ကုန်ဆေးရုံကြီးမှာ၊အမေသည် ဘောက်ထော်အိမ်မှာ၊ကိုသိန်းတန်က မိတ်ဆွေအိမ်မှာ ဆုံးခဲ့။ …မမလေးက လမ်းပေါ်မှာ ဆုံးခဲ့..။ မိအိအလှည့်မှာကော ဘယ်မှာဆုံးမည်နည်း။ သောက ၊သံဝေဂ နှင့်ပုစ္ဆာများ စကြာလည်နေသည်။ ကားသည် ရန်ကုန်ဆေးရုံကြီးပြင်ပ လူနာဌာနရှေ့ ဆိုက်ပါသည်။

ရုတ်တရက်ကြည့်လျှင် လူမမာတစ်ယောက် ကုတင်ပေါ်မှာလှဲနေပုံ၊ ကိုယ်ခန္ဓာပူပူနွေးနွေးပျော့ပျော့ပြောင်းပြောင်းမို့ ဆုံးနေသည် မထင်ရ။ မောင်သိမ်းစိုးနှင့် ကျွန်တော်တို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ဆီအကြောင်းကြားပြီး အစ်မကို တွန်းလှဲပေါ်သို့ တင်ပြီးဝင်လိုက်သည်။ တာဝန်ကျဆရာဝန်တစ်ယောက်က လက်ကိုကိုင်ကြည့်ပြီး သွေးခုန်နှုန်းကိုစစ်ဆေး၊မျက်လုံးကိုလှန်ကြည့်ပါသည်။

“သွေးခုန်တာ ရပ်နေပါပြီ။ မျက်စိတ်ကတော့ ဒီအတိုင်းပါပဲ။ ဒါပေမယ့် ဆုံးနေပါပြီ။ သေချာအောင် အီးစီဂျီ ရိုက်ကြည့်နိုင်ပါတယ်“

အစ်မကို အီးစီဂျီ ရိုက်သည့် အခန်းထဲသို့ တွန်းသွားသည်။ အီးစီးဂျီရိုက်ကြည့်ပြီး ဆရာဝန်ဆီပြန်လာ၊ဆ၇ာဝန်က အီးစီဂျီ ရိုက်ချက်ကိုကြည့်ပြီး “ဆုံးနေပါပြီ“ တရားသူကြီးစီရင်ချက်ကိုကြားရသည့်အလား…..ဘာမှပြန်မပြောနိုင်။ စာရွက်စာတမ်းတွင် လိုအပ်သည့်အချက်အလက်များဖြည့်ရ ပါသည်။ ကျွန်တော်က မောင်အရင်းတော်စပ်သူဟု ဖော်ပြပြီး မောင်သိမ်းစိုးက အလောင်းထုတ်ယူမည့် တူအရင်းတော်စပ်သူအဖြစ် အမည်ပေး ပါသည်။

(၄)

ဆရာဝန်အခန်းမှထွက်ပြီး အစ်မကို တင်ထားသည့် လှည်းကို လူသွားလမ်းဘေးမှာကပ်ထားသည်။ အပြင်တွင် ဆွေမျိုးများဖြစသည့် ကိုဇော်အောင်၊မညွန့် ညွန့် ဦးနှင့် မမြဟန်တို့ လမ်းမတော်မှ လိုက်လာကြသည်။ မောင်သိမ်းစိုး၊ဟိန်းဟိန်းမြတ်၊မောင်ဗထူးချစ်၊ ကိုမောင်မောင်လေး၊ခင်စောဦးတို့ က စကားပြောနေကြလျက်။ ကျွန်တော်က တွန်းလှည်းဘေးတွေင် ရပ်ပြီးနေပါ၏ ။ အစ်မသည် ရုပ်ရှင်ထဲမှ ဇတ်ကောင် ပြတိုက်ထဲမှ ရုပ်တု တစ်ခုလိုဖြစ်သွားပါပကော။ မောင်သိမ်းစိုး၊ဟိန်းဟိန်းမြတ်နှင့် မောင်ဇော်အောင်တို့ အစ်မကို လာကြည့်လိုက်..အပြင်ထွက်လိုက်နှင့်…။ အချိန်တွေကုန်လွန်လာပြီ။ အစ်မကိုရေခဲတိုက် ပို့ ဖို့ ၀န်ထမ်း ကစောင့်နေသည်။ သတင်းကြားပြီးမို့ လိုက်လာသင့်သူလိုက်လာ နိုင်အောင် ကျွန်တော်တို့က အချိန်ဆွဲပြီးစောင့်နေပါသေး။ သို့သော် ပေါ်မလာပါ။

“ကိုင်း …မောင်သိမ်းစိုးရေ..ကြာသွားပြီ။ မင်းနဲ့ တို့ပဲ မမလေးကို ရေခဲတိုက်ကိုလိုက်ပို့လိုက်ရအောင်“

ရင်ထဲမှာလှိုက်တက်လာသော ဝေဒနာကို ဖိထားရင်း ၀န်ထမ်းကို ပို့တော့မည်ဖြစ်ကြောင်းပြောလိုက်ပါသည်။ စောင့်နေသည့်သူများကို ပြန်ကြဖို့ ပြောရင်း ကျွန်တော် မောင်သိမ်းစိုးနဲ့ ကိုဇော်အောင်တို့ တွန်းလှည်းနောက်ကို လိုက်ကြသည်။ စိတ်မကောင်းမှုပေါ် စိတ်မကောင်းမှုများ ထပ်ဆင့်ရင်းေ၇ခဲတိုက်ဝသို့ ရောက်သွားပါပြီ။ အခန်းထဲ မပို့ခင် အစ်မခြေကို ကျွန်တော်ဦးခေါင်းတိုက်ပြီး ကန်တော့လိုက်သောအခါ…….။

“ဆရာမတို့ က နှစ်ယောက်ထဲရှိတော့တာ…အရင်းဆိုလို့ ဒီမောင်လေးတစ်ယောက်ပဲကျန်တော့တယ်..“ သူပြောနေကျစကား…။

“ဟုတ်ပါတယ် မမလေး…တို့တစ်ယောက်ထည်း ကျန်ခဲ့ပါပြီ။ ဖေဖေဆုံးတုန်းက လူမမယ်လေးမို့ ဘာမှမသိ။ မေမေဆုံးတော့ အရွယ်ရနေပြီမို့ ကောင်းကောင်းသိ။ ကိုသိန်းတန်ဆုံးတော့ ပိုလို့ သိ။ မမလေးဆုံးတော့ ပစ္စည်းသခါင်္ရ လူသခါင်္ရ ဆိုတဲ့ တရားဓမ္မကို ဘ၀နဲ့ ရင်းပြီး ကြေကွဲစရာ မှတ်သားစရာဖြစ်လောက်အောင် သံဝေဂ သင်ခန်းစာပြလိုက်တာမို့ ရင်နင့်နင့်နဲ့ သိသထက်သိလိုက်ရပါပြီ မမလေးရေ…..“။

မိုးဟိန်း (သားဂျာနယ်ကျော်)
ကလျာမဂ္ဂဇင်း အောက်တိုဘာ ၂၀၀၇

(ဓာတ်ပုံကို ရာပြည့်စာအုပ်တိုက်မှထုတ်ဝေတဲ့ ဂျာနယ်ကျော်မမလေး ဘ၀ပုံရိပ်ဝတ္ထုတိုများ စာအုပ်ကနေ scan ဖတ်ထားပါတယ်)

Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (အပိုင်း ၂) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၉)

1 Comment Add your own

  • 1. waddy  |  June 19, 2010 at 1:48 pm

    မရွှေမိရေ ၊ ဒေါ်ခင်လေးမြင့်ကို yufl မှာ မြင်ဘူးပေမယ့် သူ့အကြောင်း သေချာမသိခဲ့ပါ။ ကျေးဇူးကမ္ဘာပါပဲ။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: