သဲငွေသောင်

June 9, 2010 at 4:31 pm 1 comment

“သဲငွေသောင်“ဆိုတဲ့ သီချင်းကရွှေတိုင်ညွန့် ရဲ့ ဟေ၀န်နန်း၊တို့တောရွာ၊ငှက်မောင်နှံ၊စုံတောမြိုင် စတဲ့သဘာဝအလှအပတွေကို ပီပီပြင်ပြင်ဖွဲ့ ထားတဲ့သီချင်းများစွာထဲက တစ်ပုဒ်ပါ။ သီဆိုသူ က အဆိုတော်ကြီး မအေးမိဖြစ်ပါတယ်။

ဒီသီချင်းကိုနားထောင်မိတိုင်း စစ်ကိုင်းတောင်ရိုးပေါ်ကနေ လှမ်းမြင်ရတဲ့ ဧရာဝတီမြစ်ကြီး ရဲ့ မြင်ကွင်း၊ ပြည်အကောက်တောင်ပေါ်ကနေမြင်ခဲ့ဖူး တဲ့ ဧရာဝတီမြစ်ကြီးရယ်၊သောင်ပြင်ပြန့်ပြန့် တွေကို မြင်ယောင်လာမိတာကို သဘောကျလို့ ခုတလော မကြာခဏ နားထောင်ဖြစ်နေ တယ်။ သီချင်းဆိုတာကလည်း နားထောင်တဲ့သူတိုင်းက ခံစားချင်သလိုခံစားကြမှာပါပဲလေ။ ရီစရာ တခုပြောရရင် ကိုယ်ကတော့ ဖီလင်အပြည့်နား ထောင်နေတယ်၊နားစွန်နားဖျားကြားတဲ့သူ က ငါးကြင်းငါးဖယ် ငါပြာစင်း ဆိုတဲ့အပိုဒ်လောက်ကိုကြားပြီး ငါးဟင်းတောင် မစားရတာကြာပြီလို့ သတိတရပြောတယ်။ ဖြစ်တတ်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ကိုယ်ကိုး😀

အဆိုတော် မအေးမိက တော့ မရွှေမိ အကြိုက်ဆုံးအဆိုတော်မဟုတ်ပါဘူး (မိ..ချင်းတူပေမယ်လို့ :P) ဘိလပ်ပြန်သန်းရဲ့ ဘိုသံပါပါ ခပ်အေးအေးလေးဆိုတဲ့အသံကို အကြိုက်ဆုံး၊နောက်ပြီးရင်တော့ မေရှင်နဲ့ လေဘာတီမမြရင်ပေါ့။ ဒီသီချင်းလေးကိုတော့ သဲသောင်ပြင်၊ မြစ်ကမ်းခြေ၊ ငှက်၊ငါး၊ပန်း၊အလွမ်း အကုန်စုံအောင် တစ်ပုဒ်ထဲမှာရေးဖွဲ့ ထားတာကို နှစ်ခြိုက်ရွှင်လန်းတဲ့စိတ်နဲ့ ကြိုက်မိတဲ့ သီချင်းပေါ့။ မအေးမိရဲ့ အသံကတော့ လှိုက်လှိုက်လှဲလှဲ အားပါးတရ ဟစ်ပြီးဆိုထားတဲ့အသံမျိုးပါ။

ဆရာရွှေတိုင်ညွန့် ဟာ အဆိုတော်တွေအတွက်သီချင်းရေးဖွဲ့ ပေးတဲ့နေရာမှာ သူတို့အသံနဲ့လိုက်အောင် ရေးဖွဲ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မရွှေမိကတော့ ဒီသီချင်းသာ ဘိလပ်ပြန်သန်းဆိုရင် လည်းနားထောင်လို့ ကောင်းနေဦးမှာပဲလို့ တွေးမိတာပဲ။ (နောက်ထပ် ဘိလပ်ပြန်သန်းရဲ့ သီချင်းတွေကို ထပ်တင်ပါဦးမယ်)။

မအေးမိရဲ့ ထင်ရှားတဲ့သီချင်းတွေက တော့ မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ မိုင်ဒါလင်ဆွီတီ ဆိုတဲ့ ဆရာရွှေဂုန်မောင်ရေးစပ်ပေးတဲ့ “ရွှေနှင်းဆီ“သီချင်း (ကိုလံဘီယာဓာတ်ပြားခေတ်မှာအရောင်းရဆုံးဓာတ်ပြားအဖြစ်မှတ်တမ်းတင်ခံခဲ့ရတဲ့သီချင်း လို့ သိရတယ်) ၊ရွှေကံ့ကော်၊နေညိုချမ်း၊သဲငွေသောင်၊မောင့်အချစ်တော်၊ယောဆရာ စတဲ့သီချင်းတွေပါတဲ့။

မအေးမိရဲ့ အဆိုတော်သက်တမ်းမှာ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီရဲ့ အားထားရဆုံးပင်တိုင်အဆိုတော် မကြည်အောင်နဲ့ ကို ယှဉ်ပြီးကျော်ကြား ခဲ့တယ်ဆိုပါတယ်။

ဂျပန်ခေတ် တိုင်းပြည်အခြေအနေတွေအလွန်ဆိုးဝါးနေတုန်းမှာ နာမကျန်းဖြစ်ပြီးကိုယ်တစ်ပိုင်းသေတဲ့အထိဖြစ်ပြီးတဲ့နောက် ၁၁-၉-၁၉၄၅ အသက် ၃၆ နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်တဲ့။

သဲငွေသောင် .

တေးဆို-မအေးမိ
တေးရေး -ရွှေတိုင်ညွန့်

မြစ်ကမ်းခြေ သောင်ငွေဦးဝယ် (လေညင်းသွေးရင်)၃ အေးချမ်းလှတော့တယ် ဟေမန်ခါဝယ် …လေပြန်လာတယ်…မြူနှင်းတွေရဲ့ အလယ် …ဟင်္သာနဲ့ စင်ရော်တွေရယ် မိုးတိမ်ဦးမှာ မြူးထူးပျော်တယ် …မောင်မယ် တွဲဖက်ကာကွယ် ပျံတယ် (ပျော်ရွှင်ဖွယ်)၃ ကျူးရင့်ရှာကြတယ် မေ့စိတ်ကြည်နူးဖွယ်…….ကျေးငှက်စုံလှတယ် သြော် …..တမ်းတလို့သာလွမ်းမိတော့တယ် ပျိုတို့ ဘာဝဌာန၀ယ်…..

(သဲငွေသောင်ကျွန်းထွန်းတဲ့ မြစ်ပြင်ဝယ် …ရေနီဒီမြသားရောင်နစ်ခြယ် ….စိမ်းလဲ့ကြည်စွာ စီးဆင်းရှာတယ် ပျိုချစ်သူကို တမ်းတမိပါတယ်)၂ ….လို့သာ မယ်လွမ်းတယ်…)

ငါးကြင်းငါးဖယ် ငါးပြာစင်းနဲ့ အချင်းချင်းတို့  ခေါင်ရေ မြူးရှာကြတယ် ….သောင်ခြေဦးမှာလကွယ် ခေါင်ရေမြူးရှာကြတယ် ..၀ဲဂယက်မှာတွဲယှက်ကာ ပျော်ပွဲဆင်ကာ (လူးလာကာသီတာရေ၀ယ်)၂

(ရွှေဖိုးခေါင်ငှက်ပါ လင်းပြာကြိုးကြာ တောင်ပံဖြန့်ချီကာရယ် မောင်မယ်စုံတယ် ) ၂ သြော် ကောင်းကင်ယံက သြော် ၀ဲကာလာကြ ..ကျောက်ဆောင်ထက်မှာတက်ကာ တေးသံစုံကျုးပြန်တယ်

အင်ကြင်းပါ ဒေါန ဇီဇ၀ါရယ် စုံလင်တယ်ကွယ် ကံ့ကော်ကြက်ရုံး ဂမုန်းခတ္တ္တာ ပွင့်ကာနေကြ …ဇွန်သရဖီရွေရင်ခတ်ကယ် ပန်းစုံပေါတဲ့ မြစ်ကမ်းပါးမှာကွယ်) (သြော် စိမ်းလဲ့လဲ့ ..ခိုင်ဝတ်ညှာ ပျံမွှေးတယ် ပင်လုံးညွတ်လို့ ရယ် …)၂ စမ်းရေကျတယ် ကမ်းခြေအစ၀ယ် ဖီလာမြောင်တောကြီးက ကာဆီးပါလို့ သဲငွေသောင်ဦး စိတ်အေးကြည်နူးဖွယ်…မြောက်လေပြည်သွေး အေးချမ်းပါပေတယ် ပျို့ ဌာန လွမ်းပါလှ ..သြော် တမ်းကာတ …သာမောဖွယ် …ရွာတောလယ် ..မှိုးလို့ ဝေဆာ သေလာမြောင်တောဝယ် ……

(သဲငွေသောင် …လွမ်းတယ်)၂

သီချင်းစာသား၊အချက်အလက်တွေကို ဂန္တ၀င်ဂီတစာဆိုတော်ကြီး ရွှေတိုင်ညွန့် နှစ်တစ်ရာပြည့် စာအုပ်မှ ရယူပါတယ်။
သီချင်း ကိုတော့ မြန်မာကျူးပစ်ဖိုရမ်ကနေdownload ယူထားတာပါ။
နားဆင်ကြည့်လိုသူများ ဒီမှာ ဒေါင်းလုပ် လုပ်ပြီးနားဆင်နိုင်ပါတယ်။

Entry filed under: သီချင်းများ, ရှေးဟောင်းသီချင်းများ. Tags: .

လွမ်းလို့ မက်တဲ့ အိပ်မက် မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည

1 Comment Add your own

  • 1. ငြိမ်းစိုးဦး  |  September 27, 2010 at 12:50 pm

    သရော်သံ ပွင်းလင်းမှုနဲ့ ဆိုထားတဲ့ာဆရာ ကို ပိုနှစ်သက်မိပါတယ် …
    ငြိမ်းစိုးဦး

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: