မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၈)

May 7, 2010 at 2:52 pm Leave a comment

လက်ရေးရှင်မှာ အခြားသူမဟုတ်။ ကိုစောဦး (သို့) ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင်သတင်းစာ အယ်ဒီတာ ဦးစောဦး (သို့ ) ဂုဏ်ရောင် ၊ ကိုစောဦး၏လက်ရေးကို ကျွန်တော်ဘယ်မှာမမှတ်မိပဲရှိပါမည်နည်း။

သူနှင့် ကျွန်တော်သည် ၁၉၄၆ ခုနှစ်လောက်ကစ၍ သိကျွမ်းခဲ့ကြသည်။ စာပေအဖွဲ့ အစည်းများတွင် အတူတူလုပ်ခဲ့ကြဖူးသည်။ သည်တုန်းက သတင်းစာဆရာကြီးတစ်ဦး၊စာရေးဆရာကြီးတစ်ဦး၊အောင်မြင်ထင်ရှားသော သတင်းစာဆရာအဖြစ် မှတ်တိုင်တွေ စိုက်ထူခဲ့ပြီးပြီ။ ထင်ရှားသည့် စာရေးဆရာကြီးတစ်ဦးအဖြစ် မှတ်တိုင်တွေ စိုက်ထူခဲ့ပြီးပြီ။ ကျွန်တော်ကတော့ ကျောင်းသားအရွယ် အသက် ၂၀ ပင်မပြည့်တတ်သေး။

ကိုစောဦးသည့် ကျွန်တော့ထက် ၀ါအရရော၊အသက်အရပါ များစွာကြီးသူဖြစ်ပါသည် ။ သို့ရာတွင် ကျွန်တော်သည် သူ့အပေါ် အပေါင်းအသင်း တွေခေါ်သလို သူ့ကို ကိုစောဦးဟုပင်ခေါ်မိလေသည်။ သူ့သူငယ်ချင်းလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ကိုအုန်းမြင့်ကိုလည်း ကျွန်တော်သည် ကိုအုန်းမြင့် ဟုပင်ခေါ်လေသည်။ ထိုမျှမက ကိုအုန်းမြင့်တို့ကို မင်းနဲ ငါနဲ့ ပြောသော သိန်းဖေမြင့်ကိုလည်း ကျွန်တော်တို့သည် ကိုသိန်းဖေဟုပင်ခေါ်ခဲ့လေသည်။

သူတို့တွေသည် ကျွန်တော့အကိုကြီးအရွယ်တွေ၊ဦးလေးအရွယ်တွေဖြစ်သဖြင့် ကျွန်တော်သည် သူတို့ကို အစ်ကိုကြီး ဟု လည်းကောင်း ဦးလေး ဟုလည်းကောင်း ခေါ်သင့်ပေသည်။ သို့ရာတွင် မခေါ်ဖြစ်ခဲ့ပါ။ ရွယ်တူတန်းတူတွေခေါ်သလို ကိုသိန်းဖေ၊ ကိုစောဦးစသည်ဖြင့် ခေါ်ခဲ့သည်။ စာပေနှိုင်ငံေ၇းလုပ်ဖော်ကိုင်ဖက်ဖြစ်သွားသဖြင့် ထိုသို့ ခေါ်ဖြစ်သွားသလားမပြောတတ်ပါ။

———

ကျွန်တော်၏ ပထမဆုံးလုံးချင်းစာအုပ်ဖြစ်သော ဂေါ်ကီ၏ ၀တ္ထုတိုများကို ၁၉၄၆ တွင်ထုတ်ဝေခဲ့ရာ ထိုစာအုပ်တွင် ကိုစောဦးက အမှာစာရေးပေး ခဲ့သည်။ သူ့အမှာစာသည် ကျွန်တော်၏ ပထမဆုံးစာအုပ်တွင်ပါသော အမှာစာဖြစ်သောကြောင့်လည်းကောင်း၊ မှတ်သားဖွယ်ကောင်းသော ကြောင့်လည်းကောင်း ကျွန်တော်မမေ့နိုင်ပါ။ သူ့အမှာစာကို ဖတ်ကြည့်ပါ။

“.. ….စာအုပ်အမျိုး မျိုးထုတ်ဝေကြရာတွင် စာရေးသူနှင့်ပုံနှိပ်ထုတ်ဝေသူတို့၏ အမှာစကား အချီး နိဒါန်းလောက်နှင့် ပြီးနိုင်ပါလျက် အခြားတစ်ဦး တစ်ယောက်အားအမှာစာအရေးခိုင်းတတ်သော အလေ့အကျင့်တစ်ခုရှိနေ၏။ ထိုအမှာစာမျိုးမပါလျင် စာအုပ်အဂါင်္မမြောက်ဟုထင်နေကြသည်။

ထိုအစွဲကို ကျွန်တော်မကြိုက်ပေ။ ကျွန်တော့ အမြင်တွင် စာရေးဆရာ တစ်ဦးရေးသော စာအုပ်တွင် အခြားတစ်ဦးက တည်းဖြတ်သူမဟုတ်ပါ ဘဲလျက် မိမိအလိုအလျောက်ဖြစ်စေ၊တိုက်တွန်းရေးသားစေ၍ ဖြစ်စေ စကားဦးဝင်၍သန်းလျင်တမင်နှမ်းဖြူးနေသကဲ့သို့ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဇတ်ကြည့်ရန်သွားရာတွင် နတ်ကတော်ထွက်နေသည်ကိုကြုံရသလို သဘောရ၏။

သို့ သော် ခြွင်းချက်တစ်ခုထားပါသည်။

စာရေးဆရာသည် ယခုမှပေါ်လာသော ရွှေကြာပင်ဖြစ်နေပါက သူနှင့်ရင်းနှီးသော ကလောက်အို တစ်ဦးဦးက သူနှင့် စာဖတ်ပရိသတ်ကို မိတ်ဆက်စကားရေးပေးခြင်းဖြင့် ကူညီနိုင်၏။

သို့ သော်မရေှး လျှင်ဘာဖြစ်မည်နည်း။

လူတစ်ရာတွင် ကိုးဆယ်သည် အချီးစကား နိဒါန်းစကားတွေထက် မူရင်းစာကိုသာ ဦးစွာဖတ်ချင်သည်ဟု ကျွန်တော်နားလည်ထားသည်။ သို့ဖြစ်၍ စာအုပ်တစ်အုပ်တွင် စာရေးသူနှင့် ပုံနှိပ်ထုတ်ဝေသူတို့၏ အမှာစကားကိုသာ မထည့်လျှင် မဖြစ်၍ ထည့်သင့်သည် ဟုကျွန်တော် ထင်သည်။ ထိုမျှဖြင့်လုံလောက်ပေပြီ။

ယခု ကိုမြသန်းတင့် ၏ စာအုပ်တွင် ကျွန်တော်က မည်သည့် အမှာစကားမျိုးကိုရေးပါမည်နည်း။ ကျွန်တော်ကား သူ့စာအုပ်ကိုတည်းဖြတ် ထုတ်ဝေနေသူလည်းမဟုတ်၊သူ့စာမူများကိုလည်းမဖတ်ခဲ့ရ။ ပုံနှိပ်ထုတ်ဝေသူလည်းမဟုတ်၊ထို့အပြင် ကိုမြသန်းတင့်က ယခုမှပေါ်လာကာစ ကလောင်သစ် ရွှေကြာပင်လေးလည်းမဟုတ်။

“ကျွန်တော် ဂေါ်ကီရဲ့ ၀တ္ထုတိုတွေကို ဘာသာပြန်နေတယ်. ခင်ဗျား အမှာရေးပါ“ ကိုမြသန်းတင့်ကပြော၏။

ပြောပုံကိုလည်းကြည့်ပါဦး။ လူခြင်းမျက်နှာခြင်းဆိုင်တွေ့ ပြီးမှ ခိုင်းခြင်းမဟုတ်. သူအလုပ်လုပ်နေသော ပုံနှိပ်တိုက်မှ ကျွန်တော်ရှိရာကို တယ်လီဖုန်းနှင့်လှမ်း၍ ခိုင်းခြင်းဖြစ်သည်။

“ပြီးတော့လည်း မြန်မြန်လိုချင်တယ်ဗျ။ စာအုပ်ကရိုက်ပြီးနေပြီ။“ ဟုသူကဖုတ်ပူမီးတိုက်လုပ်သည်။

အတော်ပင် အဆင်ပြေပါ၏။

သူအားမနာတတ်ကြောင်းကို သူနှင့်စ၍ သိရသောနေ့ကတည်းက လေ့လာပြီးသားဖြစ်၏။ သူ့စိတ်ထဲတွင်ရှိသမျှကို ဘယ်အခါမျှ ဖုံးကွယ် မထားတတ်။ ထင်လျှင် ထင်သလို မထင်လျှင် မထင်သလို ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်းရှိ၏။ သူ့ကိုခါးခါးသီးသီး ပြန်ပြောလျှင်လည်း အပြုံးမပျက်ခဲ့ချေ။ စိတ်မကောက် စိတ်မခုတတ်သောညဉ်ကောင်း ရှိသည်။ ထိုညာဉ်လေးကို ကျွန်တော်သဘောကျနေ၏။ ထိုညာဉ်လေး ကြောင့်ပင်သူ့ကို ကျွန်တော်ခင်မင်မိ၏။

သုံးရက်မျှကြာသွားသည်။ ကျွန်တော်လည်းစာတစ်ကြောင်းမှရေး၍ မပေးမိ။ ဤတွင်မှ လူကိုယ်တိုင်ပေါက်လာတော့သည်။

“ဘယ်မလဲဗျ. မပြီးသေးဘူးလား။ လုပ်ပါတော့ ရေးပါတော့ အခုလိုချင်လှပြီ“
“အမှာရေးဖို့လိုသေးလား“ ဟုကျွန်တော်က ပြန်မေးမိသည်။
“လိုတယ်ဗျ။ လိုတယ်“
“မလိုဘူးဗျ မလိုဘူး။ နတ်ကတော် ကတာကို လူတွေကြည့်ရအောင်လာတာမဟုတ်ဘူး။ ဖိုးစိန်ကြီးကိုကြည့်ချင်လို့လာတာ။ ကျွန်တော်က ကြားဝင်မရှုပ်ပါရစေနဲ့။“

“ဘယ် ဒီလိုဟုတ်မလဲ“
“ဟုတ်ပါသော်ကောဗျာ။ ဂေါ်ကီဝတ္ထုတွေကောင်းပါတယ်လို့ ကျုပ်ကထပ်ချီးကျုးဖို့လိုသေးလား။ ခင်ဗျားလိုကလောင်သမားတစ်ယောက်ကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ကော လိုသေးလား“
“ကျွန်တော်ပြောမယ်ဗျာ။ လူတွေဟာ ဒီစာကိုဖတ်၊ဒီစာကိုမဖတ်နဲ့၊ ဟောဒီစာကကောင်းတယ်၊ဒီစာက အကျိုးယုတ်တယ်လို့ လမ်းညွှန်ရေး နေရမယ့်လူတွေလား။ လမ်းညွန်ရင်ကော လိုက်ကြမှာလား။ လမ်းညွန်တာကိုကော လက်ခံကြမှာလား။ သူတို့စိတ်ထဲမှာ အရသာတွေ့မယ့် စာမျိုးကို သူတို့က ကောင်းတယ်လို့ ဆိုကြမှာပဲ။ အရသာမတွေ့ရင် အလကားစာအုပ်လို့ ပြောကြာမှာပဲ။ ခင်ဗျားသဘောကျ ကျွန်တော် သဘောကျတဲ့အတိုင်း စာဖတ်တဲ့သူတွေက သဘောကျမယ်လို့ တစ်ထစ်ချ ယူဆထားလို့ဖြစ်မလား“

“လူတွေဟာ စာကို ဘယ်လိုသဘောနဲ့ ဖတ်ကြသလဲ။အပျင်းပြေဖတ်ကြတာလား. သူတို့ ရဲ့ အသိမှာ ၀ိုးတ၀ါး ရောထွေးနေတဲ့ အရှုပ်ကိုရှင်းချင်လို့ အဖြေကိုရှာချင်တဲ့သဘောနဲ့ ဖတ်ကြတာလား။ ဒါမှမဟုတ် ဘာတွေရေးထားတာပါလိမ့်ဆိုပြီး ၀တ်ကျေတန်းကျေဖတ်ကြတာလား“

“လူတစ်ယောက်ကို ဒီစာထဲမှာရေးထားတဲ့အတိုင်းလုပ်ရတယ်လို့ ခင်ဗျားက အတင်းတိုက်တွန်းလို့ ဖြစ်ပါ့မလား“

“ကျွန်တော့်အဖို့ဆိုရင် လူတွေဟာ တစ်ယောက်တည်းမဟုတ်သလို သူတို့ ရဲ့ အရောင်အဆင်းဟာလည်း အမျိုးမျိုးပဲလို့ နားလည်ထားတယ်. ဒီလူတွေထဲကို ကျွန်တော်တို့က စာအုပ်အမျိုးမျိုး ကြဲချ၊ပစ်ချ၊သွန်ချ နေရတယ်။ တစ်ချို့လဲ ကောက်ယုပြီးရင်ခွင်မှာ အမြတ်တနိုး အပ်ထားတာတွေ့ရတယ်။ တစ်ချို့လည်း တစ်ရွက်နှစ်ရွက်လှန်ကြည့်ပြီးတော့မှ ပြန်ချထားလိုက်ကြတယ်။ တစ်ချို့ကတော့လည်း ကိုင်လို့တောင်မှ မကြည့်ပဲ ခြေထောက်နဲ့ ကန်ပစ်နေကြတယ်။ ရွံရှာမုန်းတီးတဲ့အကြည့်နဲ့ ကြည့်နေကြတယ်“

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ရခိုင်ငရုတ်သီးချက်စပ်စပ်လေး … လွမ်းလို့ မက်တဲ့ အိပ်မက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: