မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၅)

April 22, 2010 at 12:59 pm Leave a comment

အခန်း (သုံး)

၁၉၄၆ ခုနှစ် ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်သည့်အခါတွင် သိန်းဖေမြင့်က ဆောင်းပါးတစ်ပုဒ်ရေးခဲ့လေသည်။ ထိုဆောင်းပါးအစတွင် “ကိုချစ်မောင်ကိုကြည့်လိုက်လျှင် ပျားတစ်ကောင်လို အမြဲအလုပ်လုပ်နေသည်ကို တွေ့ရ လေသည်“ ဟု သိန်းဖေမြင့်က သူ့ဆောင်းပါးကို အစချီထားသည်။

ဂျာနယ်ကျော်မမလေးသည်လည်း ထို့အတူပင်ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ဂျာနယ်ကျော်မမလေးကို ကြည့်လိုက်တိုင်း သူမသည် ပျားတစ်ကောင်လို အမြဲအလုပ်လုပ်နေသည်ကို တွေ့ရလေသည်။

ကျွန်တော်သည် ဘောက်ထော် မီးရထားဘူတာရုံတွင် ကျွန်တော်တို့ အားလက်ပြကျန်ခဲ့သော မုဆိုးမ ဂျာနယ်ကျော်မမလေးကိုမြင်ယောင်ရင်း “သူလိုလူ“ ၀တ္ထုဟန် အတ္ထုပ္ပတိ ထဲက အကြောင်းအရာများကို သတိရနေသည်။ ကျွန်တော်တို့ နှင့် ပထမဆုံးအကြိမ် တွေ့စဉ်က ဂျာနယ်ကျော်မမလေးသည် အသက်သုံးဆယ်စွန်းရုံလေးမျှသာ ရှိဦးမည်။ “သူလိုလူ“ထဲက ဂျာနယ်ကျော်မမလေးကို လည်း မြင်ယောင်လာသည်။ “သူလိုလူ” ထဲက ဂျာနယ်ကျော်မမလေး သည် လိပ်ပြာမလေး တစ်ကောင်လို ဖျတ်လတ်လူးလာပျံဝဲလျက် မျက်နှာဖြူတွေနှင့် ဆက်ဆံနေတတ်သည့် ခေတ်ဆန်သူ မိန်းမပျိုတစ်ယောက်၊ ထမင်းစားလျှင် ဘိုစတိုင်ထမင်းပွဲတွင် ဇွန်း ခက်ရင်းနှင့် ထမင်းစားတတ်သူ ခေတ်ဆန်သူ ဂျာနယ်ကျော်မမလေးသည် ဘုန်းကြီးဆန်သော ဂျာနယ်ကျော်ဦးချစ်မောင်နှင့် စာချင်းအဆက်အသွယ်ရသွားကြသည်။ ဂျာနယ်ကျော်မမလေးက ဆောင်းပါးရှင် ၊ ဂျာနယ်ကျော်ဦးချစ်မောင်က မြန်မာ့အလင်းသတင်းစာအယ်ဒီတာ။

သူတို့နှစ်ယောက် ဇတ်လမ်းသည် ၀တ္ထုဆန်နေသည်။ သူတို့ဇတ်လမ်းသည် ဦးချစ်မောင်အလွန်ကြိုက်သည် ဆိုသော ကွိဒ် ၀တ္ထုကြီးထဲက ဇတ်လမ်းနှင့် တူနေသည်။ သူတို့နှစ်ယောက်သည် စာအဆက်အသွယ်ဖြင့်ခင်မင်ရင်းနှီးသွားကြပြီးနောက် ရန်ကုန်မှာတွေ့ကြသည်။ ကွိဒ် ၀တ္ထုထဲကလို သူတို့ နှစ်ယောက် တွေ့ ကြပုံသည် ရိုးသော်လည်း ခပ်ဆန်းဆန်းဖြစ်နေသည်။

ဂျာနယ်ကျော်ဦးချစ်မောင်က အလွန်ရှက်ကြောက်တတ်သူ၊ အားနာတတ်သူ။ တခါက စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ကရန်ကုန်ဂေဇက်သတင်းစာတိုက်ရှေ့ က ပေါ်တီကိုကြီးအောက်တွင် မိုးခိုနေစဉ် ခါးပိုက်နှိုက်က သူ့အပေါ်အကျီအိတ်ထဲက ပိုက်ဆံအိတ်ကို နှိုက်ယူနေသည်။ ဦးချစ်မောင်က ဘာမျှပြန်မပြော။ မသိဟန်ဆောင်နေလိုက်သည်။

“ကျွန်တော်က ခါးပိုက်နှိုက် ရှက်သွားမှာစိုးတာနဲ့ အသာငြိမ်နေလိုက်တယ်“ ဟု ဦးချစ်မောင်က သူ့မိတ်ဆွေတွေကိုပြောပြသည်။

ထိုနှစ်များတ၀ိုက်က ဦးချစ်မောင်တို့ သူငယ်ချင်းတစ်သိုက် ရေကျော်တွင် စုနေကြသည်။ သူတို့အထဲတွင် ပန်းချီဦးအုန်းလွင်၊ တိုးတက်ရေး သတင်းအယ်ဒီတာ ဦးအုန်းမြင့်လေး၊ဇ၀န စသူတို့ စုပေါင်းနေကြသည်။

တစ်ညတွင် ဦးချစ်မောင်သည် သတင်းစာတိုက်မှပြန်လာသည်။ သူ့မိတ်ဆွေတွေက အိပ်ပျော်ကုန်ကြပြီ။ သတင်းစာဆရာဆိုသည်မှာ ညလူတွေ။ သတင်းထောက်က တစ်နေကုန်လိုက်လာခဲ့သည့် သတင်းတွေထဲက နောက်ဆုံးအရေးကြီးသည့် သတင်းများကိုရွေးထုတ်ကာ တည်းဖြတ် ရသည်။. အရေးမကြီးသည့်သတင်းတွေဖြုတ်ပြီး အရေးကြီးသည့် နောက်ဆုံးသတင်းတွေထည့်ရသည်။ ထို့ ကြောင့်ဦးချစ်မောင်သည် ဘယ်တော့မှ အချိန်မှန်ပြန်ရလေ့မရှိ။ ညည့်နက်သန်းကောင်ကျမှသာ ပြန်လာရသည်။

တစ်ညတွင်ဦးချစ်မောင်သည် အလုပ်ပြီး၍ အိမ်ပြန်လာသည်။ လမ်းတွင်ဈေးတန်းထဲကဖြတ်လာစဉ် ဆာသဖြင့် မုန့်လေပွေတွေ ၀ယ်ယူလာသည်။ သူအိမ်ပြန်ရောက်သည့် အခါ သူ့ရဲဘော်တွေ အိပ်ပျော်ကုန်ကြပြီ။ ဦးချစ်မောင်သည်လည်း တံခါးကိုအသာတွန်းဖွင့်ကာ နောက်ဖေးခန်းသို့ ၀င်သွားသည်။

“ကျွန်တော်က တေ၇းနိုးလို့ သူဝင်လာတာကို အသာစောင့်ကြည့်နေတယ်။ ကိုချစ်မောင်က ဖိနပ်လေးကိုအသာချွတ်ပြီး ဖိနပ်စင်မှာ သွားထားတယ်။ လက်ထဲမှာလည်း အထုတ်တစ်ထုပ် ကိုင်လို့ ။ ဖိနပ်စင်မှာဖိနပ်ချွတ်ပြီး နောက်ဖက်ရေချိုးခန်းကို ၀င်သွားတယ်။ တော်တော်နဲ့ ထွက်မလာဘူး။ ဒါနဲ့ ဒီလူဘာလုပ်နေပါလိမ့်ဆိုပြီး နောက်ဖေးကို လိုက်ကြည့်တော့ လားလား ကိုယ့်ဆရာက နောက်ဖေးခန်းထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး မုန့်လေပွေတွေကို ၀ါးနေတယ်ဗျ။ ကျွန်တောက ဟေ့လူ ဘာဖြစ်လို့ နောက်ဖေးခန်းမှာ ထိုင်စားနေရတာလဲ။ အိမ်ရှေ့ ခန်းမှာ လာစားပါလားလို့ ပြောတော့ ကိုချစ်မောင်က ကျွန်တော်မုန့် လေပွေ စားသံကြားရင် ခင်ဗျားတို့ တစ်တွေ အိပ်ရာက နိုးလာမှာစိုးလို့ ဒီမှာလာစားနေတာဖြေတယ်။ ကိုချစ်မောင်က ဒီလောက်ထိအားနာတတ်တဲ့သူ“ ဟုပန်းချီဆရာကြီးဦးအုန်းလွင်က ကျွန်တော်တို့ကို ပြောဖူးသည်။

သူ ၀တ္ထု ထဲက ဆရာဝန် ကိုမြင့်မောင်သည် ဦးချစ်မောင်ကိုယ်ပွားဟု ဆိုနိုင်လေသည်။ သူ ၀တ္ထု ထဲမှ ကိုမြင့်မောင်သည် အားနာတတ်သူ၊အရှက်အကြောက်ကြီးတတ်သူ၊တစ်ဖက်သားအကျိုးကိုဆောင်တတ်သူ၊တကယ့်လောက တကယ့်လူ့ဘ၀တွင် တွေရခဲသော စံပြဇာတ်ဆောင်မျိုးဖြစ်လေသည်။ “စရိုက်ရှင်ဇတ်ဆောင်“ကို ကြိုက်သောဆရာတို့က မူ ကိုမြင့်မောင်ကို ကြိုက်ချင်မှကြိုက်ြ့ကပေမည်။ သို့ ရာတွင် ကျွန်တော်ငယ်ငယ်ကမူ သူ ၀တ္ထု ထဲမှ ကိုမြင့်မောင်သည် ကျွန်တော်တို့ စံပြယောကျာ်း ဖြစ်နေလေသည်။ ဦးချစ်မောင်သည် သူကိုယ်တိုင်လည်း စံပြဖြစ်အောင် နေထိုင်သွားဟန်ရှိလေသည်။ ကျွန်တော်ကိုယ်တိုင်ကား မမြင်ဖူး မတွေ့ ဖူးသဖြင့် ဦးချစ်မောင်၏ အကြောင်းကို သေချာမသိလိုက်ပါ။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၄) မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: