ဘိလပ်ပြန်သန်း ရဲ့  ခင့်စိတ်ကူး

October 24, 2009 at 8:44 pm 3 comments

ဘယ်ဆီကိုလွမ်းရမည် ….ငွေစန္ဒီ ထွန်းလင်းတော့သည် ဖော်ကွာဝေး တေးကိုသီ သဉ္ဖာလီ ခန်းဆောင်ကြာခြည် …

ကြယ်ရောင်စုံ အသွေးကညီ ချိန်နာရီ ပြောင်းလဲခဲ့ပြီ …အာရုဏ် ကျင်းလင်းတော့မည် ….

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

တွန်သံချိုပါသည် ညငှက်လေးတွေသီ ခွန်းနှုတ်ဆက်ပြီ တွဲယှက်လို့သာနေမည် … တူနွဲကာစုံညီ ပျံဝဲပါသည် သိုက်နန်းမှာ ရွှင်ကြည် ကူးသန်းကြသည်

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

ဇမ္ဗူဒီ လူသံများတိတ်ဆိတ်နေသည် တကမ္ဘာလုံးအိပ်ကြလေပြီ … အာကာတိုင်းမှိုင်းလို့သာရီ ….

တောင်ပေါ်ဆီ ၀င်းဝင်းထိန်ကြည် ငွေသော်တာထွန်းလင်းသည် တိမ်အာကာနန်းမြင့်ဘွေမဟီ ၀ဠာဆီမှာ ရောင်နီလာပြီ…….

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

ဒီတလော တချိန်လုံးနားထောင်နေဖြစ်တဲ့ ဘိလပ်ပြန်သန်း ရဲ့    ခင့်စိတ်ကူး ဆိုတဲ့ သီချင်းလေးပါ။ နားထောင်ရင်းမှတ်မိသလောက် ကိုပြန်ရေးထားတာ။ စာသားလေးတွေကိုလဲသဘောကျလို့။ ကာရံညီညီလေး နဲ့ စပ်ထားတာလေးကချစ်စရာကောင်းတယ် ။ စာဆိုကတော့ ဘိလပ်ပြန်သန်းရဲ့ သီချင်းတွေကို အများဆုံးရေးစပ်ပေးခဲ့တဲ့ ဆရာရွှေတိုင်ညွန့် ပါ ။

ဒီသီချင်းက ကော်ပီသီချင်းပါ။ Blue Moon (1935) – Connie Boswell & Victor Young Orchestra တို့   သီဆိုထားတဲ့သီချင်းကို မြန်မာမှုပြုထားတယ်လို့    မိတ်ဆွေတယောက်ရဲ့ အင်ဖို အရသိရပါတယ်။ အော် အဲဒီကတည်းက ကိုကော်ပီတွေခေတ်စားခဲ့တာကိုး ။😀

ဒါပေမယ့် ဘိလပ်ပြန်သန်းရဲ့ အသံ ဆိုဟန်၊ စာသားတွေကို ပိုကြိုက်တဲ့အတွက် ခင့်စိတ်ကူး ဆိုတဲ့သီချင်းကိုပိုကြိုက်တယ်။ ရှေးအဆိုတော်ကြီး တွေထဲမှာ ဘိလပ်ပြန်သန်းကို အကြိုက်ဆုံးပဲ။ ဒုတိယက တော့ဒေါ်မေရှင်ပေါ့။ ဒေါ်မေရှင့် အသံလေးကတော့ နူးညံချိုသာပြီး အေးအေး ဆေးဆေးလေး။နားထောင်ပီး ရင်ထဲအေးသွားတဲ့အသံမျိုးပေါ့။

ဘိလပ်ပြန်သန်းရဲ့ အသံကတော့ ဆွဲဆောင်မှုအရမ်းရှိတဲ့အသံလို့ ပြောရမလားတော့မသိဘူး။ မဖော်ပြတတ်ဘူး။ ကြိုက်ချင်လို့ကိုကြိုက်နေမိတယ်လို့ သာပြောပါရစေတော့။ မရွှေမိက ကြိုက်မိရင်လဲ အသဲအသန်ကို ကြိုက်တတ်ပါတယ်။ ဘိလပ်ပြန်သန်း (ဒိုရာသန်းအေး၊ မသန်းဧ၊ Ma Than E) ကို အသံလဲကြိုက်တယ် ၊ရုပ်ကိုလဲကြိုက်တယ်၊ အရည်အချင်းတွေကိုလဲသဘောကျတယ်။ဟုတ်ကဲ့- ကိုယ်တိုင်က သာမာန်အမျိုးသမီး တယောက်ပေမယ့် ထက်မြက်ထူးချွန်တဲ့ အမျိုးသမီးများကို လေးစားအားကျပါတယ်။🙂 အောက်က တော့ ဘိလပ်ပြန်သန်းရဲ့ နုပျိုစဉ်ကပုံပါ။ ဒီပုံကိုသဘောကျတယ်လို့ ပြောတာပါရှင့်။

ဒါလေးကတော့ မိုးမခ က သိရတဲ့ အချက်အလက်လေးပါ။

မြန်မာအမျိုးသမီးတွေထဲက လန်ဒန်ကနေ ၁၉၃၀ ကတည်းက M.Ed. ဘွဲ့ရ၊ နိုင်ငံရေးသမားကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး လေးစားမှုခံရ (ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု)၊ UN မှာ ပထမဦးဆုံး မြန်မာအရာရှိ၊ ဂန္ထ၀င်မြောက် ခေတ်ဟောင်းသီချင်း အဆိုတော် တယောက် ဘ၀ဟာ စိတ်ဝင်စားစရာပါ။

မြပန်းခွေ၊ လှေကလေး၊ ဆောင်းကတ္တီပါလို အချစ်သီချင်းတွေသာမက မိန်းမမြတ်၊ မိဖုရားစောလို အမျိုးသမီးသီချင်းတွေ ဆိုခဲ့သူ၊တချိန်တုန်းက ဘုရင်ခံဘေးမှာ ထိုင် မြန်မာရုပ်ရှင်ကြည့်ပြီး ဘာသာပြန်ပေးခဲ့၊ ဘိုဆန်တယ်လို့ နာမည်ကြီးခဲ့ပေမယ်. TTC ဆရာမဘဝမှာ သမဂ္ဂ ရန်ပုံငွေ ရုပ်ရှင်မှာ သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့။……………….


blthan01_thumb.2007 June အသက် ၉၉ နှစ်အရွယ်မှာ အင်္ဂလန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့   ဧရာဝတီမှာဖတ်လိုက်ရတယ်။

ဘိလပ်ပြန်သန်းအကြောင်း ဒဂုန်တာရာ ၊ဆရာပါရဂူ တို့  အနည်းငယ်စီ ရေးသားထားတဲ့ဆောင်းပါးလေးတွေကတော့ စာအုပ်တွေထဲမှာပြန်ရှာနေရမှာ မို့ မထည့်ဖြစ်တော့ဘူး။

သီချင်းနားထောင်ချင်တဲ့သူတွေအတွက် ဒီလင့်  ကနေ ဒေါင်းနိုင်ပါတယ်ရှင်🙂

ခုမှစလုပ်ခါစမို့ လင့်တွေ ထည့်တာ သိပ်မသိသေးလို့   …. :

Entry filed under: သီချင်းများ. Tags: .

ခရုအိမ်… ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၁ )

3 Comments Add your own

  • 1. scm  |  October 25, 2009 at 11:09 am

    လာလည်ပါတယ်ခင်ဗျ။
    ရေးစဆိုတော့ စာတွေတထိုင်တည်းဖတ်လိုက်တာကုန်ရော..
    နောက်လည်းလာမယ်ခင်ဗျ
    လူပျိုကြီးသူငယ်ချင်းပါ

    Reply
  • 2. ကက်တီ  |  October 25, 2009 at 10:19 am

    ညည်း သီးချင်းတွေချည်းး တင်ပေးပါအေ့။

    Reply
  • 3. kom  |  October 24, 2009 at 10:36 pm

    လာဖတ်သွားတယ်။
    လင့်လဲချိတ်ပြီးပြီ
    ရေးပေရော့။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: