ခရုအိမ်…

October 24, 2009 at 6:13 pm 4 comments

မရွှေမိရဲ့ အကျင့်တစ်ခုက တော့ ညအိပ်ခါနီးမှာ စာအုပ်တအုပ်အုပ်ကို ဖတ်လိုက်ရမှအိပ်ပျော်တဲ့အကျင့်ပါ။ စာအုပ်မဖတ်ပဲ အိပ်လိုက်ရရင် တော်တော်နဲ့အိပ်မပျော်ပြန်ဘူး။ ဒီတော့ အိပ်ယာဘေးမှာ စာအုပ်တွေပုံထားပီး ကိုယ်ကြိုက်တဲ့ ဖီလင်လာနေတဲ့စာအုပ် တအုပ်အုပ်ဖတ်လိုက်ရမှ စိတ်ကျေနပ်သွားပီး အိပ်ပျော်သွားတယ်။

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးမိတာတော့ စာဖတ်တယ်ဆို တာ နာမ်ရုပ်ကို အစာကျွေးခြင်းတမျိုးပါပဲတဲ့။ အသက်ရှင်ဖို့ အစားအသောက်စားရတယ်။ ဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ အတွက် စာအုပ်တွေဖတ်ပေးရတယ်တဲ့။ အင်း …ဒီစကားက မရွှေမိလို စာဂျပိုးအတွက်တော့ အတိအကျမှန်တယ်။ စာဖတ်ဝါသနာမပါတဲ့သူတွေအတွက်တော့ မှန်မယ်မထင်ဘူး။ ဒါပေမယ့် ဒီခေတ်ကြီးမှာ entertainment တွေကပေါပါတယ်လေ။ စာမဖတ်လဲလုပ်စရာတွေမှ အများကြီးပဲဟာ။

မရွှေမိ ဖတ်တဲ့စာတွေကလဲ စာကြီးပေကြီးတွေရယ်တော့မဟုတ်ပါဘူး။ ဒီတော့ကာ စာအုပ်တွေအကြောင်းပြောချင်တယ်ဆိုပေမယ့် တကယ့် စာပေ၀ါသနာရှင်ကြီးတွေလိုတော့ ဝေေ၀ဆာဆာဘယ်ပြောနိုင်မှာလဲ။ ကိုယ်ဖတ်မိတဲ့စာအုပ်လေးတွေ ဖတ်ပြီး ခံစားမိ တွေးမိတာလေးတွေကို ပဲ ပေါ့ပေါ့ပါးပါးပြောချင်တဲ့သဘောပါပဲ။

ရန်ကုန်ပြန်တုန်းက စာအုပ်ဆိုင်တွေ ပတ်ကြည့်တော့ တချို့ စာအုပ်တိုက်တွေက ရှေးကစာအုပ်အထူကြီးတွေကို ပြန်ထုတ်လာကြတာတွေ့ရတယ်။ အဲဒီထဲမှာ မမျှော်လင့်ပဲတွေ့မိတာက စာရေးဆရာ ကိုကို (၁၉၂၂-၁၉၉၂)ရဲ့    ခရုအိမ် ဆိုတဲ့ စာအုပ် အထူကြီး။ ရာပြည့်စာအုပ်တိုက်က တတိယအကြိမ်ပြန်ထုတ်တာပါ။

IMG_2384

စာရေးဆရာ ကိုကို ရဲ့ လက်ရာတွေကိုတော့ ရှုမ၀ မဂဇင်းအဟောင်းတွေမှာဖတ်ဖူးတယ်။ ဒါပေမယ့် လုံးချင်းစာအုပ်ကိုတခါမှမဖတ်ဖူးဘူး။ ဒီတော့ ၀မ်းသာအားရနဲ့ ၀ယ်ခဲ့ရတယ်။ အဲဒီညက မနက်သုံးနာရီမှ အိပ်ဖြစ်တော့တယ်။ စာအုပ်ကိုလက်ကမချနိုင်တာနဲ့။ မရွှေမိကလည်း လျှို့ဝှက်သည်းဖို စာအုပ်တွေကြိုက်တတ်တာနဲ့ ကွက်တိပဲ။

စာအုပ်အကြောင်းတော့အရှည်ကြီးရေးမနေတော့ပါဘူး။ လျှို့ဝှက်သည်းဖို ကြိုက်တတ်တဲ့(စုံထောက်မဟုတ်ဘူးနော်) သူတွေတော့ တော်တော်ကြိုက်မယ်။ မောင်သိန်းဆိုင်ရဲ့ ခင်ပပမြိုင် ၀တ်ထုလို ပုံစံမျိုးမှာ ဒီစာအုပ်က စာမျက်နှာ ၆၀၀ နီးပါးရှိတဲ့စာအုပ်ထူကြီး။ ဖတ်ပေတော့ အားပါးတရပဲ။

အင်း…အမြည်းလေးပေးရမယ်ဆိုရင်တော့ စာအုပ်နောက်ကဟာကိုပဲကူးပေးလိုက်မယ်။ ကိုယ်ပြောနေရင်မှ အရသာမပေါ်ပဲနေမယ် ။

အိမ်ကြီးတစ်အိမ်အတွင်းယောကျာ်းရင့်မကြီး ၂ ဦး၏ လုပ်ကြံမှုစက်ဝိုင်းမှ ရုန်းမရ ကန်မရ မရှုနိုင် မကယ်နိုင် ဖြစ်နေရရှာသော မိန်းမငယ်နှစ်ဦး၏ စိုးရွံ့ ထိတ်လန့် ရင်နင့် ကြေကွဲဖွယ် တွန်းထိုးလှုပ်ခတ်မှုများ ………။ အံဘနန်းဇတ်အိမ် တုန်လှုပ်ဖွယ် အဖြစ်အပျက် ချောက်ချားဖွယ်တွေ့အကြုံ….တထိတ်ထိတ်ဖြင့် ရင်နင့်အောင်ဖတ်ရမည့် လက်ေ၇ွးစင်မြန်မာ ၀တ္တုရှည်ကြီးတစ်ပုဒ် တဲ့….။:P

အမယ်..သူတို့ ညွန်းတာတောင်လိုနေသေး။ တကယ်ဖတ်ရတာ ရင်တွေ မော စိတ်တွေမော နဲ့ မြန်မြန်ပီးပီး အားလုံးဘေးရန်ကင်းသွားမှပဲ ဟင်းချနိုင်တော့တယ်။ အော် -သုခ သုခ စာဖတ်လို့ရတဲ့ သုခတွေပေါ့လေ။ ခက်တာက အဲလို ရင်ထိပ်သည်းဖို စာအုပ်တွေကျတော့ ခဏခဏပြန်ဖတ်လို့ အရသာမရှိတော့ပြန်ဘူး။ ဟုတ်တယ်လေ ကိုယ်ကဇတ်လမ်းသိနေပီကိုး.။ ပထမအကြိမ်ဖတ်ရလို့က တော့ လက်ကမချချင်စရာပါပဲ။

အဲ..စုံထောက်ဦးစံရှား ၀တ္ထုတွေကျတော့ မရိုးဘူးရှင့်.။ ဘယ်နှစ်ခါပြန်ဖတ်ဖတ် အရသာရှိနေပြန်ရော။ စာရေးတဲ့ပညာကွာတာလားတော့ မသိပါဘူး။

Entry filed under: ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်း. Tags: .

ရှုမ၀မဂ္ဂဇင်း ၁၉၅၃ ဘိလပ်ပြန်သန်း ရဲ့  ခင့်စိတ်ကူး

4 Comments Add your own

  • 1. K  |  April 17, 2010 at 11:14 pm

    အော..မရွှေမိ ကို ပရိုဖိုင်းလ် ပုံကြည့်ပြီး.. သိသွားပြီ..။
    ဘလော့လောကကြီးက..ကြိုဆိုပါတယ်..း)

    Reply
    • 2. mashwemi  |  April 18, 2010 at 10:37 pm

      မကေကိုတော့ သိနေတာကြာပေါ့🙂 မိုးကုတ်အကြောင်းရေးထားတာအရမ်းဖတ်လို့ ကောင်းလို့ အဲဒါဖတ်ပီးတည်းက မမ ဘလော့ကို အမြဲ လာလာဖတ်တယ်။ နောက်ပီး မင်းသားလေးရေးထားတုန်းကလည်း ကွန်မန့် တွေတောင် ချန်ခဲ့သေးတယ်။ ဘလော့ရေးလောက်တဲ့ထိ စာရေးမကောင်းသေးပါဘူး အမ ရေ။ ဂျာနယ်ကျော်မမလေးအကြောင်းကို စိတ်ဝင်စားသူတွေနဲ့ မျှဝေချင်တာနဲ့ ရိုက်တင်ပေးနေတာပါ🙂

      Reply
  • 3. MrDBA  |  October 24, 2009 at 10:30 pm

    ဟုတ်ပ စာအုပ်ဟောင်းတွေ တော်တော်စုထားတာဘဲ။ ကျွန်တော်လဲ မအိပ်ခင် စာအုပ်တစ်အုပ်ကောက်ကိုင်ဖတ်ပြီးမှ အိပ်ကျင့်ရှိတယ်ဗျ။ တစ်ညနေလုံး ဘလော့တွေ ဖတ်ပြီးတာတောင် စာအုပ်တစ်အုပ်ဖတ်လိုက်ရမှ နေပျော်တယ်။

    Reply
  • 4. SDL  |  October 24, 2009 at 8:26 pm

    e book မဟုတ်တဲ့ တကယ့်စာအုပ်တွေ အများကြီး လက်ဝယ်ရှိပုံပေါ်တယ်.. အားကျထှာ….။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: