မရွေမိ…ဘယ်သူလဲ

October 23, 2009 at 3:23 pm 12 comments

မရွှေမိ တယောက် စင်ကာပူရခြင်္သေ့ကျွန်းကို ရောက်နေတာ ၃ နှစ်နီးနီးရှိပါတော့မယ်။

လောလောဆယ်တော့ ကျောင်းပီးသွားတော့ အလုပ်မလုပ်သေးတဲ့အချိန်အတွင်း အိမ်ရှင်မလုပ်ရင်း ဘလော့လေးတခုလဲလုပ်ရင်ကောင်းမယ်လို့   တွေးမိလို့   ရှေ့က ဘလော့ဂါတွေကိုအားကျပီး ဘလော့တခုကို အမြန်အဆန် ဖန်တီးလိုက်မိပါတော့တယ်။

ဒီဘလော့လေးမှာ ဘာတွေရေးမလဲ ဆိုတော့ လောလောဆယ် တွေးမိနေတာလေးတွေကို စကားစမြည်ပြောချင်ပါတယ်။ အိမ်ကယောကျာ်းကို စကားစမြည်ပြောတာများသွားရင် တနေကုန်အလုပ်လုပ်ပြီးပြန်လာတဲ့သူဆိုတော့ သူကကြာကြာနားထောင်ဖို့စိတ်မရှည်လို့ပါ ရှင့်။

သူငယ်ချင်းတွေနဲ့  တော့ပြောဖြစ်ပါရဲ့။  ဒါပေမယ့် ပြောချင်တာတွေများနေတဲ့အခါမှာတော့ နားထောင်တဲ့သူကိုအားနာရတယ်လေ။

ဟဲဟဲ…ဒီတော့ကာ ဟောဒီဘလော့လေးပေါ်မှာ ပြောချင်တာလေးတွေရေးပြီး ဘလော့တကာလှည့်လို့ မရွှေမိ တယောက်ကိုယ့်ဘလော့ကိုလာလည်ကြအောင် ဖိတ်ခေါ်လိုက်ဦးမယ်နော်။

မရွှေမိဆိုတဲ့နာမည်လား –ကွမ်းတောင်ကိုင်လဲ မရွှေမိပါ ပန်းတောင်ကိုင်လဲမရွှေမိပါ ဆိုတဲ့ စကားလေးကိုသတိရလိုက်လို့ အဲဒီနာမည်လေးကိုပေးလိုက်တာပါရှင့်။ မြန်မာဆန်တယ်လို့လဲထင်တယ်လေ။

မရွှေမိရဲ့ စကားစမြည်လေးတွေကိုလဲ အချိန်ရရင် နားထောင်ပေးကြပါနော်။ တောင်ရောက်မြောက်ရောက်…ပေါ့ပေါ့ပါးပါးလေးတွေ…အတည်ပေါက်လေး တွေ အကုန်ပေါ့ရှင်…။

လာဖတ်တဲ့သူများကိုကျေးဇူးတင်ပါတယ်နော်

မရွှေမိ

Entry filed under: စကားစမြည်. Tags: .

လတ်တလောဖတ်နေတဲ့စာအုပ်တွေ

12 Comments Add your own

  • 1. khet myint myint  |  October 26, 2009 at 1:42 am

    ဦးဒီဘီဆီကနေ လာလည်ပါတယ်။ အားပေးပါတယ် ရေးသာရေး အမရေ။

    ခမမ

    Reply
    • 2. mashwemi  |  October 26, 2009 at 8:18 am

      လာလည်တာ ကျေးဇူးတင်ပါတယ် ခက်မြင့်မြင့် –နောက်လည်း အားရင်လာလည်ပါ:)

      Reply
  • 3. ကက်တီ  |  October 25, 2009 at 9:46 am

    ချစ်ဖရန့်ရေ..ပြည်စုံပါတယ်ကွယ်။ ပေးလိုက်တယ် တစ်မှတ်။ခိခိ

    Reply
  • 4. kom  |  October 24, 2009 at 10:34 pm

    welcome………..

    Reply
  • 5. mashwemi  |  October 24, 2009 at 6:27 pm

    >>Cbox ထည့်ဖို့လုပ်ကြည့်နေတယ် စင်စင် ..မရသေးလို့ .:P .
    .>>shoutmix က wordpress မှာ ခွင့်မပြုဘူးဆိုပဲလူပျိုကြီးရေ မရဘူး….😦
    >> မကောင်းကင်ပြာ-လာလည်တာကျေးဇူးပါနော် . ရေးခါစဆိုတော့ ရေးဦးမှာအများကြီး . ဖတ်မနိုင်ပဲနေမယ်.😀
    >> MrDBA ..😀 လာလည်တာကျေးဇူးပါ။ နောက်လဲလာလည်ပါနော်🙂

    Reply
  • 6. လူပျိုကြီး  |  October 24, 2009 at 5:47 pm

    CBox မသုံးနဲ့ အားကြီးကြော်ငြာတက်တယ် ကျွန်တော်ဆို ShoutMix ပြောင်းသုံးထားတယ် ကြော်ငြာမတက်ဘူး။

    Reply
  • 7. SDL  |  October 24, 2009 at 5:40 pm

    wordpress က စီဘောက်စ်ထည့်လို့ ရရင် ထည့်ထားပါလား မရွှေမိ၊
    နှုတ်ဆက်လို့ ရတာပေါ့၊🙂

    Reply
  • 8. kaungkinpyar  |  October 24, 2009 at 9:32 am

    ကိုကိုဒီဘီ ဆီကတဆင် လာလည်တာပါ၊ ရေးနော် စာတွေ လာဖတ်မယ်..း)

    Reply
  • 9. MrDBA  |  October 24, 2009 at 7:48 am

    အိမ်ရှင်မလုပ်နေတော့ စာတွေ အများကြီးရေးနိုင်မှာပေါ့ .. ကောင်းထှာဗျာ

    Reply
  • 10. mashwemi  |  October 23, 2009 at 11:32 pm

    တီတီဆွိရေ–ဒီကလဲပြောဦးမှာ-နောက်မှပြောလွန်းလို့ ရေးလွန်းလို့မျက်စိညောင်းတယ်မလုပ်နဲ့ နော်🙂
    ဟုတ်တယ် ကိုလူပျိုကြီးရေ အိမ်ရှင်မပဲလုပ်ချင်တော့တယ်။ ဒါပေမယ့် အိမ်ရှင်မလုပ်ရတာကြာလာရင်လဲပျင်းပြန်ရော။ ဒါနဲ့ ကျောင်းတက်လိုက်တာ။ ကျောင်းတက်လိုက်တယ်ဆိုတော့ အလုပ်လုပ်ဖို့တာဝန်ရှိလာပြန်တာပေါ့လေ။ ခက်ပါ့😀

    Reply
  • 11. TTSweet  |  October 23, 2009 at 10:25 pm

    လာလည်သွားပါတယ်။ မရွှေမိပြောတာတွေ နားထောင်ဖို့ ဟောဒီမှာ အဆင်သင့်း)) မိတ်ဆက်တာလေးက လန်းတယ်ဗျ။ နောက်လဲ လာလည်မယ်။

    Reply
  • 12. လူပျိုကြီး  |  October 23, 2009 at 6:25 pm

    အလုပ်မလုပ်ပဲ အိမ်ရှင်မပဲလုပ် အဲဒါအကောင်းဆုံးပဲ အလုပ်လုပ်တာ ယောက်ျားအလုပ်မဟုတ်လား ဟေးဟေး သိလည်းမသိပဲ မြောက်ပေးခဲ့ပြန်ပြီ ဟိဟိ။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: