အကျင့်ဆိုး -ရွှေတိုင်ညွန့်
April 29, 2011 at 3:05 pm 2 comments
အလုပ်လုပ်ရာဝယ် အစကသာရယ်အဆုံးထိပင် မကြံချင်တယ် အားလျှော့ကာရယ် ပေါ့လျှော့တာရယ် အဲဒါအကျင့်ဆိုးတယ် တစ်ယောက်ကဒီလို တစ်ယောက်က ဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ ရက်တွေကုန်ခဲ့တယ် ဒီလိုအကျင့်ဆိုးမျိုးထားလို့ သံသရာရှည်လာတယ် မြန်မာပြည်မှာတကယ် ကောင်းအောင် အထူးမနေကာရွယ် ခေါင်းဆောင်တစ်ဦးပြောသမျှ နာခံမယ်
ငယ်သူဟာနည်းလွဲများဆို အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ် သေချာစွာ နောက်တစ်ထစ်မှတ်ကွယ် ကောက်ကျစ်တတ်တဲ့ဝါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကယူ ကိုယ့်အောက်ကလူ နှိပ်စက်တယ် သူလုပ်တော့အရာရာမတွင်ကျယ် လူတကာ လုပ်ရင် ရှုပ်ဖို့ ကြံတတ်တယ် အာကျယ်တာတွေရယ် ပြည်ခွင်တရိုးမှာ တန်ခိုးမမှိန်ဖွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ပယ်
အလိုက်မသိတာတွေရယ် ကိုယ့်ဖို့တော့ကိုယ်သိတယ် နောက်လူတော့ ပစ်ကာပယ် ဒီလူမျိုးအကျင့်ဆိုးတယ် ရှေးစကားတွေကိုပယ် ခေတ်အလိုက်တော့ သူနားမလည် ..ဆရာ့ကိုလည်း ပစ်ကာပယ် ဒီလူစားအလွန်များတယ် ကမ္ဘာမှာလည်း ရှိပေတယ် ဗမာမှာလည်းရှိပေတယ် ဒီအချိုးမျိုးကို လူတိုင်းပစ်ကာ တို့တိုင်းသစ်မှာ ဆန်းသစ်ဖို့ လိုတယ် ပစ်ပယ်ကြစေဖွယ် ….
******************
April 24 ကစာပေဟောပြောပွဲမှာ ဆရာချစ်ဦးညို ဆိုသွားတဲ့ အကျင့်ဆိုး ဆိုတဲ့ သီချင်းစာသားပါ။ သီချင်းကို ဒီမှာနားထောင်လို့ရပါတယ်လို့ ဘလော့လာဖတ်သူတစ်ဦးရဲ့ ကူညီမှုအရသိရပါတယ်။
သီချင်းစာသားကို ဖတ်ရတာနဲ့ တင် တွေးစရာလေးတွေများသား။ ရွှေတိုင်ညွန့် နှစ်တစ်ရာပြည့်စာအုပ် မှာ ဒီသီချင်းကို ရှာရင်း အခြားသီချင်းတွေ ဖတ်မိတော့ စာဆိုရှင်ရဲ့ မြန်မာပြည်ပေါ်မှာထားတဲ့ စေတနာ၊မျှော်လင့်ချက်တွေကို ထင်ထင်ရှားရှားမြင်နိုင်တယ်လို့ ခံစားမိတယ်။ မျှော်လင့်ခဲ့သလိုမဖြစ်ခဲ့တာကတော့ ..၀မ်းနည်းစရာပဲပေါ့လေ။
Entry filed under: သီချင်းများ, Sharing. Tags: .

1.
Dr.Nay Oo | May 5, 2011 at 1:34 am
ကူညီချင်တာပါနော်….
“နည်းလမ်းအပိုတွေ စည်းကမ်းမရှိလေ ရက်တွေကုန်ခဲ့တယ်” စာသား မှားနေတယ်။
`“နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ ရက်တွေကုန်ခဲ့တယ်”
သီချင်းနားထောင်နိုင်မယ့် Link က ဒီမှာပါ။
http://soundcloud.com/komyoe/ah-kyint-sho-than-myat-soe
2.
Ma Shwe Mi | May 5, 2011 at 3:21 pm
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ စာသားကိုလဲပြင်လိုက်ပါပြီ။ သီချင်းကိုလဲ လင့်ခ်ထည့်ပေးထားပါတယ်ရှင်။